Pages

January 04, 2009

Watching Dramas

ခုအားလပ်ရက်တွေမှာ ထမင်းစားဖို့ ထွက်ဝယ်တာက လွဲရင် အပြင် မထွက်ဖြစ်ဘူး။ အချိန် အများစုမှာ စကားပြောရင်း ကွန်ပြုတာ ကလိနေတာများတယ်။ ကျန်တဲ့ အချိန်တွေကြတော့ ရုပ်ရှင်တွေ ကြည့်ရင် ကြည့်၊ မကြည့်ရင် အိပ် ဒါပဲလုပ်ဖြစ်တယ်။ ရုပ်ရှင်ကို အွန်လိုင်းက ဒရမ်မာတွေ ကြည့်ဖြစ်သလို၊ အလုပ်က သူငယ်ချင်း တစ်ယောက် ကူးပေးတဲ့ ရုပ်ရှင်တွေလည်း ကြည့်ဖြစ်တယ်။

အခုရက်ပိုင်း ဒရမ်မာ ဇာတ်လမ်းရှည်ကြီးတွေ အတော်များများ ကြည့်ဖြစ်တယ်။ ကိုရီယား၊ ထိုင်ဝမ်၊ ဂျပန် စုံလို့ ပဲ။ နေးတစ်ဖိုရမ်က တခြားသူတွေ ညွန်းတဲ့ ဇာတ်ကားတွေ ကြည့်ဖြစ်သလို၊ ကိုယ့်ဟာကို လိုက်ရှာပြီး ကောင်းမယ် ထင်တာလေးတွေ ကြည့်ဖြစ်တယ်။ ရှုပ်ရှုပ်ရှက်ရှက် စိတ်ရှုပ်စရာ ကောင်းနေတာမျိုးဆို တစ်ပိုင်းတစ်စကြည့်ပြီး ဆုံးအောင်မကြည့်ပဲ ရပ်လိုက်တာများတယ်။ တကယ်ဆို Coffee Prince နဲ့  Air City ကြည့်ပြီးကတည်းက ဒရမ်မာ ဇာတ်ကားအရှည်ကြီးတွေ မကြည့်ဖြစ်တာ အတော်ကြာပြီ။ ကြည့်ရတာ အချိန်ကုန်တယ်လေ။ ဒေါင်းလုတ်လုပ်ဖို့ လည်း စိတ်မရှည်ဘူးလေ။ အွန်လိုင်းက Streaming ကြည့်ဆို ညပိုင်းမှ ကြည့်လို့  အဆင်ပြေတာဆိုတော့ ညဆို အရမ်းညနက်ထိ မနေပဲ အတတ်နိုင်ဆုံး စောစော အိပ်ဖြစ်အောင် ကြိုးစားနေတယ်ဆိုတော့ မကြည့်ဖြစ်တော့ဘူး။ ဒီရက်ပိုင်းကတော့ အပြင်လည်းမထွက်ချင်၊ ညနက်ထိနေလည်း ပြဿနာမရှိဘူးဆိုတော့ အွန်လိုင်းကနေ ဒရမ်မာ ဇာတ်လမ်းတွဲတွေ ကြည့်ဖြစ် သွားခဲ့တယ်

ဇာတ်လမ်းတွဲတွေကို ကြည့်ရလွယ်တဲ့ MySoJu ကနေပြီးကြည့်တာပါ။

ပထမဆုံး အစအဆုံး ကြည့်ဖြစ်တဲ့ ဇာတ်လမ်းတွဲက ထိုင်ဝမ် ဒရမ်မာ။ ထိုင်ဝမ် ဇာတ်လမ်းတွဲတွေ ဟိုနည်းနည်း ဒီနည်းနည်း လျှောက်ကြည့်ဖြစ် သလောက်တော့ သူတို့ ရိုက်ထားတာ နည်းနည်းပေါတောတော နိုင်တယ်၊ ပြီးတော့ ကိုရီးယား နဲ့  ဂျပန် ဇာတ်လမ်းတွဲတွေလောက် ဇာတ်လမ်းမရှိ၊ ကြည့်လို့ မကောင်းဘူး။ ဒါပေမယ့် ကြည့်ဖြစ်တဲ့ Miss No Good ဇာတ်လမ်းကလည်း နည်းနည်း ပေါတောတော နိုင်ပေမယ့် ရီရလို့  ကြည့်ဖြစ် သွားတယ်။ ဇာတ်လမ်းထဲမှာ မင်းသမီး (Xiao Hua) က ဆံပင်ကောက်ကောက် နဲ့  ၀တ်တာစားတာ အရောင်စုံနေတာပဲ။ သူရဲ့ nick name က Christmas Tree။ သူက ချမ်းသာတဲ့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့  လက်ထပ်ချင်လို့  ပုံစံပြောင်းဖို့ အတွက် Stylelist (Tang Men) ကို အကူအညီတောင်းတယ်.. ဘာညာသရကာပေါ့လေ.... လူတွေ ကိုယ့်ကို စိတ်ကြည်လင် ပျော်ရွှင်မှု့ ပေးတဲ့သူနဲ့ သာ ဘ၀တစ်လျှောက်လုံး ကုန်ဆုံးချင်ကြတယ်။ ပူလောင်နေတဲ့ သူတွေနဲ့  မတူမနေချင်တာ လူ့ သ၀ ပဲနေမယ်။ သူ့ အပူတွေ ကိုယ့်ကူးမှာ စိုးရတယ်။ ဇာတ်လမ်းလေး ကြည့်ရတာ မဆိုးပါဘူး ပေါ့ပေါ့ပါးပါး ကြည့်လို့ ကောင်းပါတယ်။ အင်းတစ်ခုပဲ .. မင်းသမီးကို ကြည့်ရတာ မျက်စိတော့ နည်းနည်း နောက်မယ်။
ဒီနေ့  နောက်ဆုံးကြည့်တဲ့ ဇာတ်လမ်းက ဂျပန်ဒရမ်မာ။ နေးတစ်ဖိုရမ်မှာ ဆမ်းဝမ်းနား ညွန်းထားတာတွေ့ လို ကြည့်ဖြစ်သွာတာ။ ဇာတ်လမ်းက Ken ဆိုတဲ့ ကောင်လေးနဲ့  Rei ဆိုတဲ့ ကောင်မလေး။ သူတို့ နှစ်ယောက်က မူလတန်းထဲက ခင်လာတဲ့ သူငယ်ချင်းတွေ။ သူငယ်ချင်း အားလုံး ၅ ယောက်ရှိတယ်။ Ken က အေးအေး ထုံထုံအအ၊ Rei ကို သံယောဇဉ်ရှိနေတာကို ထုတ်ဖော်မပြခဲ့ဘူး။ Rei တခြား တစ်ယောက်နဲ့  လက်ထပ်တဲ့ မင်္ဂလာပွဲကို သူငယ်ချင်တွေအားလုံးတတ်ကြတယ်။ အဲဒီမင်္ဂလာပွဲမှာ Ken ဟာ သူတို့ ငယ်ငယ်ကရိုက်ထားတဲ့ ဓာတ်ပုံတွေကို အမှတ်တရ အနေနဲ့ ပြတာကိုကြည့်ရင် Rei ကို ဆုံးရှုံရမှာ စိုးလာတယ်ပေါ့လေ။ အဲဒီမှာ fairy တစ်ပါးက Ken ကို ပြီးခဲ့တဲ့ အတိတ်ကို အချိန်အကန့် အသတ် နဲ့  ပြန်သွားနိုင်ဖို့ ကူညီတယ်။ Ken ဟာ အတိတ်ကိုပြန်သွားပြီး သူချစ်တဲ့ ကောင်မလေး (Rei) ရဲ့ အချစ်ကို ရယူပြီး လက်ရှိ အခြေနေကိုပြောင်းဖို့  ကြိုးစားတယ်။ အတိတ်ကိုပြန်သွားလိုက်၊ လက်ရှိပုစ္စပ္ပန်ကို ပြန်ရောက်လာလိုက်၊ ဘာတွေ ပြောင်းလဲ သွားသလဲဆို တာ ကြည့်လိုက်နဲ့  ........... စိတ်ဝင်စားဖို့ ကောင်းတယ်။ သမရိုးကျ ဇာတ်လမ်း မဟုတ်တော့ အပျင်းပြေတာပေါ့။

အပြင်မှာတော့ ဒီလိုဇာတ်လမ်းမျိုးက ဘယ်ဖြစ်နိုင်မလဲ။ Time Machine ဆိုတာကြီး ထွင်နိုင်ရင်တော့ မသိဘူး။ ဇာတ်လမ်းကတော့ အချစ်ဇာတ်လမ်းပေါ့။ ကြည့်ရင်း စဉ်းစားမိတယ်။ ။ အပြင်မှာ ဒီလို ကိစ္စမှ မဟုတ်ပါဘူး ... ဘာကိစ္စမဆို.. ငယ်ငယ်က ပဲဖြစ်ဖြစ်၊ အခုပဲဖြစ်ဖြစ် တစ်ခုခုကို တကယ်ဆန္ဒရှိ လုပ်ချင်တယ်၊ လိုချင်တယ်၊ ဖြစ်ချင်တဲ့ ဆန္ဒရှိတယ်ဆို ချက်ချင်းလုပ်ပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားသင့်တယ်။ အချိန်တွေနှောင်းမှ ပြီးဆုံးတဲ့ အချိန်တွေကိုသာ ပြန်ရမယ်ဆို ငါဘာတွေလုပ်လိုက်မှာမျိုး တွေးလို့  နောင်တရ ကြေကွဲနေတာမျိုး မဖြစ်သင့်ဘူး။ လုပ်ချင်တာကို ကြိုးစားဖို့  အခွင့်အရေးရှိတယ်ဆို ကြိုးစားတယ်၊ ကြိုးစားရက်နဲ့  မဖြစ်လာတာဆို တော်သေးတယ်။ အင်း တကယ့်အပြင်မှာလဲ တစ်ခုခုဆို ကိုယ်ဘာဖြစ်လို့  ဖြစ်ချင်မှန်း မသိတဲ့သူတွေလည်း အများသား။ ကျွန်မ စိတ်နဲ့ တော့ မကိုက်ပါဘူး။

အဲဒီ ဇာတ်ကား နှစ်ကားရဲ့ ကြားထဲမှာ ကြည့်ဖြစ်တဲ့ ဇာတ်ကားတစ်ချို့ ရှိသေးတယ်။

Hello! Miss ဆိုတဲ့ ကိုရီးယား ဒရမ်မာ။ မင်းသမီးက သွက်သွက်လက်လက် နဲ့  ချစ်စရာလေး။ နည်းနည်းလေး ကြည့်ပြီး သူ့ ကိုကြိုက်တာနဲ့  ဆက်ကြည့်ဖြစ်သွားတာ။ ရီလည်း ရီရတယ်။ ဇာတ်လမ်းလေးကလည်း အရမ်း အဆန်းကြီး မဟုတ်ပေမယ့် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သရုပ်ဆောင် မင်းသမီးက Jae Ahn Lee Clan ရဲ့ ၃၈ ဆက်မြောက် အမွေဆက်ခံတဲ့သူ။ သူအမွေဆက်ခံ တာဝန်ယူထားရတဲ့ Jae Ahn Lee Clan ကို ထိန်းသိမ်းဖို့  ကြိုးစားတဲ့ ဇာတ်လမ်း။ သရုပ်ဆောင် မင်းသားတွေက အဲဒီ Clan ကို ၀ယ်ချင်တဲ့ သူဋ္ဌေးကြီးရဲ့ မြေးတွေ။ သူဋ္ဌေးကြီးက ဘာလို့ ဝယ်ချင်တာလဲ ဆိုတာ၊ ဘယ်လို ၀ယ်ဖို့ ကြိုးစားမယ် ဆိုတာ။ မြေးတွေမှာ မြေးအကြီးက ရိုးရိုးအအ၊ မြေးအငယ်က သွက်သွက်လက်လက်။ ကိုရီးယားကားတွေက လူတွေရဲ့ အပြင်မှာရှိတဲ့ လူတွေရဲ့ စိတ်သဘာဝတွေကို ဖော်ပြတဲ့ ကာရိုက်တာတွေ အများကြီးပါတယ်။ ကိုယ်လိုချင်တာ ရဖို့ အတွက် ဘာပဲလုပ်ရလုပ်ရ တရားမျှတတယ်၊ ဘာမဆိုလုပ်မှာပဲ ဆိုတဲ့သူတွေ၊ လက်စားချေချင်တဲ့ ဆန္ဒဟာ ပြင်းထန်တဲ့သူတွေ၊ အိုး ... စုံနေတာပဲ... အရှေ့ မှာ ပြောထားသလို ဒီဇာတ်ကားက တခြား ကိုရီးယား ဇာတ်လမ်းတွဲတွေလို စိတ်ညစ်စရာတွေနဲ့  အရမ်းပြည့်မနေဘူး၊ ပေါ့ပေါ့ပါးပါးနဲ့  ရီရတယ်။ အချိန်ရရင် ကြည့်သင့်တယ်။ အပျင်းပြေတာပေါ့။

နောက်တစ်ကားက ထိုင်ဝမ် ဒရမ်မာပဲ။ မင်းသမီးက ခပ်တုံးတုံး ၀တ်တာစားတာ စတိုင်မရှိ၊ Sticky Note Girl လို အများက ခေါ်တာခံရတဲ့သူ။ ရည်းစားနဲ့  အပျော်ခရီးထွက်ဖို့ သူက အကုန်အကျခံစီစဉ်ထားတဲ့ ခရီးမှာ ရည်းစားရဲ့ သစ္စာဖောက်တာကို ခံရတယ်.. အင်း ကျွန်မကလည်း ဇာတ်လမ်းပြောမကောင်းဘူး။ သိချင်ရင် ရှာဖတ်၊ စိတ်ဝင်စားရင် အောက်က လင့်မှာသာ ကြည့်ပေတော့။ ဒီဇာတ်ကားက အရှည်ကြီး ၂၄ ပိုင်းတောင်ရှိတယ်။ အရမ်းကြီး မကြိုက်ပေမယ့် မဆိုးပါဘူး။ ဟိုကျော်ဒီကျော်ကြည့်တာ ကြည့်လို့ ပြီးသွားတယ်။

ဟိုးအရင်က ကြည့်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေ.. အချိန်တွေပိုနေတယ်၊ ဘာလုပ်ရမှန်းမသိ ပျင်းနေတယ်ဆို အပျင်းပြေအောင် ကြည့်နိုင်တယ်..

To watch The 1st Shop of Coffee Prince (K Drama)
To watch Air City (K Drama)
To watch Absolute Boyfriend (Zettai Kareshi) (J Drama)

ဟိုးငယ်ငယ်က ကြည့်ဖူးခဲ့တဲ့ ၁၀၁ ကြိမ်မြောက်ချစ်ခွင့်ပန်ခြင်းဆိုတဲ့ ဇာတ်လမ်း
To watch 101st Marriage Proposal (J Drama)

7 comments:

:P said...

လင့်တွေအတွက် ကျေးဇူး...
သိုင်းကား (ကိုရီးယား/တရုတ်)
လင့်တွေ သိလားဟင်....။

TKLinn said...

နေနေပြောတဲ့ကားတွေ အကုန်ကြည့်ပြီးပြီ ဟီး
ထိုင်ဝမ် ဒရမ်မာတွေက လွဲလို့ပေါ့
hello miss လေး မဆိုးဘူး။
အစ်မလည်း ဖိုရမ်မှာ ညွှန်းတာတွေကိုပဲ စောင့်ကြည့်ဖြစ်နေတာ။

Nay Nay Naing said...

ဆင်ဒဏ်လာ >> Movie တင်တဲ့ ဆိုဒ်တွေမှာ ရှာရင်တွေ့ မယ်ထင်တယ်။ သိုင်းကားကို အွန်လိုင်းက မကြည့်ဖြစ်ဘူး။ နောက်ရက်တွေ သတိထားကြည့်ပေးမယ်။ :-)

မထက် >> Miss No Good ရယ်ရတယ်။ အချိန်ရရင် ကြည့်ကြည့်ပါလား။ တခြားဟာတွေ ကြည့်ဖြစ်တယ်၊ ကောင်းတာလေးတွေ တွေ့ တယ်ဆိုရင် နေးတစ်မှာသွားရေးအုံးမယ်။

Thinzar said...

အစ်မရေးတာဖတ်ပြီး Miss No Good ကြည့်ချင်လာပြီ။

Nay Nay Naing said...

ညီမရေ.. အဲဒီဒရမ်မာကြည့်ပြီး စိတ်ညစ်မှာ မဟုတ်တာတော့ သေချာတယ်..

Anonymous said...

hi
請問
你會中文嗎

leh said...

Thank u very mxh for ur link:)I was looking for so long for free movie link.