Pages

January 09, 2009

Sun Java Certification eB00k

မနေ့ ညက စာဖတ်ရင်း ကွန်ပြူတာထဲမှာ ရှိနေတဲ့ eB00k တွေကို လျှောက်ကြည့် ဖြစ်တယ်။ သိတဲ့ အတိုင်းပဲ စာကြည့်မယ်ဆို ဖတ်မယ် စိတ်ကူးတဲ့ စာအုပ်ကလွဲရင် ကျန်တဲ့ အရာအားလုံးဟာ စိတ်ဝင်စားနေခဲ့တယ်။ ဒီစာအုပ်တွေ ဒေါင်းလုတ်လုပ် စုထားတာ မနှစ်က နှစ်ဆန်းပိုင်းလောက်က တည်းက။ အတော်ကြာနေပြီ။ အလုပ်က သူငယ်ချင်း တချို့  စာမေးပွဲဖြေ ကြလို့  သူတို့ အတွက် စာအုပ်တချို့ လိုက်ရှာပေးဖြစ်ခဲ့တာ။ကျွန်မကတော့ အီးဘုတ်တွေ ဖတ်ရတာ ထက်စာရင် စာအုပ်ဖတ်ရတာ ပိုအားသန်တယ်။
ဒါကတော့ Java 6 အတွက် စာအုပ်။ သိသမျှ သူငယ်ချင်း အသိုင်းအ၀ိုင်းထဲမှာ အခုအချိန်အထိ Java 6 ဖြေတဲ့သူ တစ်ယောက်မှမရှိသေးဘူး။
ဒီအောက်က စာအုပ်ကတော့ SCWCD (CX-310-081) အတွက် စာအုပ်။
DL

DL

ခုနောက်ပိုင်းတော့ Java နဲ့  ပတ်သက်တာ နည်းနည်း ပြန်ဖတ်မလား စိတ်ကူးနေတယ်။ အလုပ်လည်း အသစ်ထပ်ရှာဖို့ လည်း စိတ်ကူးရှိတယ် ဆိုတော့ အင်တာဗျူးတွေအတွက် ပြင်ဆင်ရင်း တစ်ခါတည်း Java Ceftificate တွေအတွက်ပါ ဖတ်ရင်ကောင်းမယ်။ တစ်ချက်ခုတ်ယုံနဲ့  နှစ်ချက်များ ပြတ်မလား။
J2ME ကို မသိတော့ SCMAD ကိုလည်း ဖြေဖို့  စိတ်ကူးကို မရှိဘူး။ J2SE (SCJD) ကိုတော့ မဖြေတော့ဘူး စိတ်ကူးတယ်။ အခုလက်ရှိ လုပ်နေတာက J2EE နဲ့  ဆိုင်တော့ အလုပ်နဲ ဆိုင်တဲ့ SCWCD နဲ့  SCBCD ဘာဖြေရင် ကောင်းမလဲ။ တကယ်ဆို အဲလို စဉ်းစားတာ ၂-၃ နှစ်ရှိပြီ။ ကောင်အထည်သာ မဖော်ဖြစ်တာ။ ချစ်သူကတော့ အားပေးတယ်။ အားနေတာပဲ နှစ်ခုလုံး ဖြေလိုက်တဲ့။ ကျွန်မ သိပ်အားနေတာ သူ မကြည့်ရက်ဖူးထင်ပါတယ်။ မအားဘူးပြီး ဆင်ခြေတတ်လို့ လည်းမရ။ ကျွန်မ ဘာမှ မလုပ်ပဲ၊ အချိန်ယူတတ်ရင် လုပ်လို့ ရနိုင်တာ သူသိနေတာပဲ။ ခုတော့ စားမေးပွဲဖြေဖို့ ဆိုတဲ့ စကာသံကြားရင် နည်းနည်း ဝေးဝေးပုန်းချင်နေတယ်။ ဘယ်တော့ ဖြေမှာလဲ ဘာတွေ ဖြေမှာလဲ မမေးနဲ့  ဖြေဖြစ်မှာ တကယ်ဖြစ်မယ်။ အားတင်း နေပါတယ်။

eBooks source from Internet and all credit goes to original uploader!!

အရှေ့ က စာမေးပွဲတစ်ခါ ဖြေခဲ့တုန်းက အစစအရာရာ အဆင်ပြေပြေ လေ့လာနိုင်အောင် စာအုပ်ဝယ် လက်ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက် နဲ့  သူစီမှာရှိသမျှ သူပြင်ဆင်ထားသမျှ မချွင်းမချန် အကုန် ပေးခဲ့တဲ့ သူငယ်ချင်းယောက်ကို ကျေးဇူးတင်တယ်။ :-)

8 comments:

khet myint myint said...

အမခင်ဗျား
SCJP အတွက်က ပထမစာအုပ်နဲ့တင် တော်တော်လုံလောက်နေပါပြီ။ Kathy Sierra နဲ့ Bert Bates ရဲ့ဒီစာအုပ်က စာမေးပွဲဖြေမယ့်သူတွေ အတွက်အထောက်အကူ အများကြီးပေးပါလိမ့်မယ်။
SCWCD အတွက် တင်ထားတဲ့စာအုပ်ကမှားနေပါတယ်။ CX-031-081 အတွက်ဖြစ်နေတယ်။ အဲဒါ old version ပါ။ အသစ်က CX-031-083 ပါ။ Head First Servlet and JSP ဆိုတဲ့ Kathy Sierra ရေးတဲ့စာအုပ်က တော်တော်ကောင်းပါတယ်။ ကျနော့်မှာရှိတာက ဖိုင်ဆိုဒ်တအားကြီးနေတယ်။ 65MB လောက်ရှိတယ်ဗျ။ ကျေးဇူးပါဗျာ။

Nay Nay Naing said...

SCJP က ပထမ တစ်အုပ်နဲ့ အတော်လုံလောက်ပါတယ်။ ကျွန်မ ဖြေတုန်းကလည်း အဲဒီ တစ်အုပ်ကို အခြေခံပြီး သူငယ်ချင်းပြင်ဆင်ထားတဲ့ဟာတွေရယ် တခြား သိချင်တာလေးတွေရှိရင် စာအုပ်တွေမှာ လိုက်ရှာဖတ်ခဲ့ပါတယ်။ SCWCD စာအုပ်နဲ့  Exam Number ကိုလည်း အမှန်ပြင်လိုက်ပါတယ်။ Head First Servlet and JSP ဆိုတဲ့ စာအုပ်ရှိလို့ တင်ပြီး post ကို update လုပ်လိုက်မယ်။ အခုလို မှားနေတာလေးတွေ ထောက်ပြပေးတာ၊ လိုနေတာလေးတွေ သတင်းပေးတာ ကျေးဇူးပါ။

D Soe said...

ကျေးဇူးတင်ပါတယ်ရှင်..ကျွန်မ Java 6 ဖြေဖို့လုပ်နေတာ..ပျင်းနေတာနဲ့ စာမဖတ်ဖြစ်ဘူးဖြစ်နေတာ.။

Sweet Sweet said...

Thank you for your ebook. They are very useful.


PS:Please check once again for the Head first Servlet and JSP.
I cannot download.

Thank you again

testarrman said...

Thanks for Sharing ebooks.

Pls check the link for Head first Servlet and JSP ebook. I think there is no link for that.


Regards,
THT

Nay Nay Naing said...

ကျွန်မ နေ့ လယ်က အလုပ်ကနေ စာအုပ်တင်ပြီး ပိုစ့်ကို ပြင်ဖို့ ကြိုးစားတာ အဆင်မပြေ ဖြစ်သွားတယ်။ အခု Download Link ကို ပြန်ပြင်ထည့်လိုက်ပါပြီ။

testarrman said...

Thanks again.

Anonymous said...

Thanks for your sharing.I have done JP,WCD,BCD in 2005.I need to revise now for job.Thanks again.