Pages

January 16, 2009

ပျိုတိုင်းကြိုက်တဲ့...


နှင်းဆီးပန်းပင်ကြီး
Photo Source
အင်တာနက်ပေါ် လိုက်ရှာရင်တွေ့ တာ။ ရှာတာက အပင် မဟုတ်ဘူး။ အပွင့်၊ အဖူး တွေနဲ့  အခိုင်လိုက်ဖြစ်နေတာမျိုး ရှာတာ။ အခု အပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံကို တွေပြီး အရမ်းသဘောကျသွားတယ်။ အပြင်မှာ တစ်ခါမှ အဲဒီလို အပင်ကြီးကြီးနဲ့  အပွင့်ကြီးကြီးတွေ ပွင့်နေတာမျိုး မတွေ့ ဖူးဘူး။ အဖြူရောင်နဲ့  ပန်းနုရောင် အပွင့်သေးလေးတွေ နဲ့  ခြုံလို ဖြစ်နေတာမျိုးတော့ တွေ့ ဖူးတယ်။ ဒီလို အပင်ကြီး လိုချင်တယ်။ အခုအရောင် (ပန်းရောင်)ကို သိပ်မကြိုက်ဘူး။ တခြားအရောင်ဆို ပိုလှမယ် ထင်နေတယ်။

ကိုယ့်ဘာသာ အပင်တွေစိုက်ဖို့  စိတ်မရှည်ပေမယ့် သစ်ပင်တွေ အများကြီးနဲ့  ပန်းတွေပွင့်၊ အသီးတွေသီးတာမျိုးဆိုရင် အရမ်း သဘောကျတယ်။ ရန်ကုန် အိမ်မှာ သစ်ပင်စိုက်ဝါသနာပါတဲ့  အစ်ကိုက အလှပန်းပင်တွေ တင်မကဘူး၊ စားလို့ ရတဲ့ အပင်တွေပါ အစုံ စိုက်ထားတယ်။ငယ်ငယ်ကဆို အစ်ကိုစိုက်တဲ့ အပင်တွေကပွင့်တဲ့ ပန်းတွေယူပြီး မေမေ နဲ့  ကျောင်းက ဆရာမတွေ ပန်ဖို့  မျက်နှာလုပ် လက်ဆောင်ပေးနေကြ။

8 comments:

ThuHninSee said...

ဒီကနှင်းဆီခြံမှာ..ရှိတတ်တယ်။ ဒီတစ်ခေါက် ပန်းပွင့်ချိန်ကျလို့ တွေ့ရင် ဓါတ်ပုံရိုက်ပေးမယ်သိလား။

:P said...

နှင်ဒဆီခိုက်ကြီးကျနေတာပဲ ၊
ဒီတစ်ခါပဲ မြင်ဖူးသေးတယ်...။

:P said...

နှင်းဆီခိုင်*** လို့ ရေးတာ.. အဟင့်

khin oo may said...

မမြင်ဘူးဘူး

JulyDream said...

ကျောင်းသားဘ၀က ခြုံလိုဖြစ်တတ်တဲ့ ကျောက်ဆူးနှင်းဆီကို အနီနဲ့ ပန်းရောင် ၂ မျိုး စိုက်ဖူးတယ်။ မြေသြဇာတွေ ပုံမှန်ထည့်ပြီး ရေလောင်း ပေါင်းသင်ထားတာ တစ်နေ့ တစ်နေ့ ပွင့်လိုက်တဲ့ နှင်းဆီပွင့်တွေက ၁၀ ဂဏန်းအထက်မှာကြီးပဲ။ အဲဒါနဲ့ ကျောင်းက ဘာသာစုံ ဆရာမပေါင်းစုံကို နေ့တိုင်း နှင်းဆီပန်း ဆက်သခဲ့လိုက်တယ်။

အခုလို နှင်းဆီးအပွင့်အကြီးကြီးနဲ့ အပင်ကိုတော့ အခုမှပဲ မြင်ဖူးတာပါ။ အတော်လှတာပဲဗျာ။

Nay Nay Naing said...

ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး.. ..... ၀မ်းသာပါတယ်...

မမွန် .. ဓာတ်ပုံ မဟုတ်ဘူး. ပန်းတွေအများကြီးပွင့်နေတဲ့ အပင်အကြီးကြီး အပြင်မှာ လိုချင်တာ... ဒါပေမယ့် ကြုံရင် ဓာတ်ပုံရိုက်ပေးပါအုံး။
ဆင်ဒဏ်လာ .. ဟုတ်တယ်.. ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်.....
မခင်ဦးမေ.. ချမ်းမြေ့ပါစေ။
NMA ... ကျောက်နှင်းဆီ ခြုံကြီးတွေ မြင်ဖူးတယ်။ တမျိုးလှတယ်။ ဒါပေမယ့် အခုအပင်ကြီးက ပိုခန့်  ပိုလှတယ်။ Rose Tree လို့  ဂူးဂဲလ်မှာ ရှာကြည့်ဖြစ်တယ်။

မီယာ said...

လှလိုက်တာ တခါမှ မမြင်ဖူးဘူး။ နှင်းဆီပန်းဆို အရောင်အားလုံးကိုကြိုက်တယ်။

Nay Nay Naing said...

ပန်းရောင်လည်း လှပါတယ်။ အနီရောင်ကို အပင်ကပိုတောင်ပြီး ပိုလှမလားလို့ ..အ၀ါရောင်ဆို ထူးဆန်းနေမယ်.. အဖြူရောင်ဆို စိမ်းစိမ်းဖွေးဖွေးလေးဖြစ်နေမယ်..