Pages

January 17, 2009

မေတ္တာရေစုန်မျောခဲ့သူ

မေတ္တာရေစုန်မျောခဲ့သူ

ငုံချိန်ကိုမှီခဲ့သလို .. ကြွေချိန်ကိုမှီခဲ့ပြီ ...
အိုဘယ့် မနှင်းဆီရယ်..
အရောင်ပြယ်ပြီး အနံ့ လေး ကွယ်ကာပျောက်သွားလည်း ဆူးဒဏ်က နာကောင်းတုန်းပဲ ..
ရင်မှာ ပေါက်ဖွားစ မလည်မ၀ယ် အချစ်ကလေးနဲ့  ဘ၀ဒုက္ခ မမြင့်တမြင်အရွယ်

လာချင်ရင်လွယ်ပြီး... ပြန်ချင်တော့ခက်တဲ့... မေတ္တာရေစုန်မျောခဲ့တယ်...

ဘယ်သူတွေ ဘာပြောပြော ကိုယ်ထင်တာကိုယ်လုပ်မယ်
အိုဘယ့် မနှင်းဆီရယ်...
နင်ကပဲ လှသလား ငါကပဲ အသလား.. အခုတိုင်အောင် အဖြေမရှိသေးတယ်..
ရင်မှာလေဟုန်းကနဲ အရှိန်အဟုန်နဲ့  တောက်တဲ့ ကောက်ရိုးမီးချစ်သူနဲ့ ..

ပျော်ရင် အရယ်လွယ်ပြီး ငိုရင် အရှိုက်ခက်တဲ့ ... မေတ္တာရေစုန်မျောခဲ့တယ်..

တခါတလေ ကိုယ်အသာရဖို့  ဘယ်နှစ်ခါ အနာခံရမလဲ ...
အိုဘယ့် မနှင်းဆီရယ်...
နွေနေ့ ခင်း လမင်းသာနိုင်တဲ့ အခြင်းအရာ မချစ်ရင် ညာလို့ မရဘူးကွယ်
မကြုံလို့  မသိသေးတဲ့... မမြင်လို့  မကြောက်တတ်တဲ့ မျက်ကန်းနဲ့  ချစ်တစ္ဆေနဲ့ ..

ယူချိန်မှာလွယ်ပြီ်း... လျော်ချိန်ကျခက်တဲ့... မေတ္တာရေစုန်မျောခဲ့တယ်..

5 comments:

Anonymous said...

ဘယ်နှင်းဆီလဲကွယ်။ နှင်းဆီသံကြားရင် ရင်ထိတ်လှတယ်။
:P
မမွန်

khin oo may said...

တို့လဲ ကြိုက်တယ်။ အားလူံးကြိုက်တယ်။

:P said...

ခေါင်းစဉ်လေးမြင်ကတည်းက အပြေးလာခဲ့တယ်....
ကြိုက်တဲ့သီချင်းလေးမို့လို့.....။

Nay Nay Naing said...

မမွန် .. ရင်မထိတ်ပါနဲ့ ... သီချင်းထဲက နှင်းဆီက ... နေနေတို့ တွေ သိတဲ့ နှင်းဆီတွေ မဟုတ်ပါဘူး။ အဲဒီ နှင်းဆီတွေက ဘယ်တော့မှ ရေစုန်မှာ မျောလိုက်ကြမှာ မဟုတ်ဘူး။ ရေဆန်ရမှာ တွေးကြောက်မှာမဟုတ်သလို... လိုအပ်ရင် လိုအပ်သလို ကိုယ်တိုင် ချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေ... သမုဒ္ဒရာတွေအထိတောင် ထွင်ကြမယ့် သူမျိုးတွေ။

မခင်ဦးမေ နဲ့  ဒီတခါ အကြိုက်တူသွာတယ်။ အားလုံးတော့ မကြိုက်ပါနဲ့ ။ :D

ဆင်ဒဏ်လာ >> ကံကောင်းလို့  ချော်မလဲတယ် .. နောက်ဆို အေးဆေးလာ.. ဘယ်မှ ထွက်မပြေဘူး။ စိတ်ချ။

Anonymous said...

နေနေရေ... အမဘလော့ ဝင်ကြည့်ပါဦး.. နဲနဲ ကလိထားတယ်...