Pages

January 07, 2009

KDE vs Windows 7

ခုရက်ပိုင်း Desktop မှာ ဟို OS ပြောင်းလိုက် ဒီ OS ပြောင်းလိုက်လုပ်နေတယ်။ အရင်က Window XP နဲ့  Ubuntu သွင်းထားတယ်။ ခုရက်ပိုင်း အားလပ်ရက်များလို့ သာ လျှောက်ပြောင်းနေနိုင်တာ။ Install လုပ်ရတာ ဘာမှမဟုတ်ပေမယ့် အတော်တော့ အချိန်ကုန်တယ်။ စမ်းချင်တာတွေ များနေတဲ့ အတွက် ဘာကို အတည်တကျသွင်းမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။

Linux OS တွေမှာ Desktop အတွက်ဆို Ubuntu ကို သုံးလေ့ရှိတယ်။ ပုံမှန် Ubuntu ဆိုတော့ GNome နဲ့ ။ KDE သုံးတဲ့ Kubuntu ဟိုးအရင်က တစ်ခါပဲ စမ်းတဲ့အနေနဲ့  သွင်းကြည့်ဖူးတယ်။ ဒါလည်း အတော်ကြာနေပြီ။ သောကြာနေ့ ကတော့ Ubuntu မသုံးပဲ Kubuntu သွင်းပြီး KDE ကို စမ်းချင်စိတ်ပေါ်လာလို့  install လုပ်ဖြစ်တယ်။ သောကြာည ၁၁ ကျော် အိမ်ပြန်ရောက်ကတည်းက စမ်းလိုက်တာ မိုးလင်း သွားတယ်။ ဟိုစမ်းဒီစမ်း လုပ်တာတွေတော့ မရေးတော့ပါဘူး။ အိုင်တီသမားတွေ အဖို့  သိချင်တယ်ဆို အလွယ်တကူ စမ်းလို့ ရနေတယ်။ Ubuntu/Kubuntu က Install လုပ်စရာတောင် မလိုဘူး CD နဲ့  boot တက်ကြည့်လို့  လည်း ရတာပဲ။
Windows 7 နဲ့ interface ဟာ Kubuntu ရဲ့ interface နဲ့  တူနေတာ တွေ့ ရတယ်။ အထူးသဖြင့် Task Bar ။ Microsoft က ထုံးစံအတိုင်း ကူးပြန်ပြီလို့ တွေးရင် Google ကြည့်တော့ အဲဒီကြောင်း ရေးထားတာတွေ အတော်များများ တွေ့ လိုက်ရတယ်။ မတူတာတွေ ရှိတယ်ပေါ့။ ဟုတ်မှာပါ။ လုံးဝ ထပ်တူ တူတယ်လို့ တော့ မဟုတ်လောက်ဘူး။ Window 7 က KDE ရဲ့ ပုံစံကို အခြေခံ ယူပြီး ပိုကောင်းအောင် လုပ်ထားတာမျိုးသာ ဖြစ်မယ်။ မထူးဆန်းပါဘူး။ သူများတွေစီက ကောင်းတာတွေဆို အကုန် ကူးတာ Microsoft ရဲ့ ထုံးစံ တစ်ခုလိုပဲ မဟုတ်လား။

ဒီနေရာမှာ Widnows 7 နဲ့  KDE တွေကို ယှဉ် ပြထားတယ်။
Windows 7, the KDE 3.5 Wannabe?
Does the new Windows 7 taskbar look like the KDE 4 taskbar?
Widnows 7 Screenshots

5 comments:

Ko Boyz said...

တက်ခ်နိုလော်ဂျီတွေက ပျင်းစရာရယ်...။ စားစရာတွေ တင်ပါ့လား...။ ဗိုက်ဆာရင် ကြည့်လို့ရတယ်...။ ဟိဟိ

Kubuntu, Ubuntu မသိဘူး။ ဝင်းဒိုးဆို ပြတင်းပေါက်ဆိုတာတော့ သိဒယ်။ လင်းနစ်ဆိုတာ အဆိုတော်ပဲ။ Mac ဆိုတာ McDonald နဲ့ ဘာတော်တာလဲ...။

ဟီး..။ အလကား စတာ။
ဝင်းဒိုး ဆဲဇင်းက ဗစ်စတာထက် ပိုကောင်းတယ်လို့ ပြောတယ်...။

ညီမူရာကတော့ ဝင်းဒိုးဆဲဗင်းအကြောင်းကို [ahref="http://nyimuyar.blogspot.com/2009/01/windows-7-beta-1.html"]ဒီမှာ[/a] ရေးထားလေရဲ့။ သူရေးထားတာနဲ့ ဝင်းဒို ဆဲဗင်းကိုတောင် ပြောင်းသုံးကြည့်ချင်စိတ် ပေါ်လာပြီ။ ဗစ္စတာ သက်ဆိုး သိပ်မရှည်လိုက်ဘူးနော်။ အိတ်က်ပီတောင် သက်တမ်း နောက်ထပ် ၆ လ တိုးသွားသေးတယ်။ ဆဲဗင်း ထွက်ချိန် နောက်ကျမယ်ဆိုလား...။ ဒီနှစ်ကုန်လောက်တဲ့...။

Nay Nay Naing said...

တက်ခ်နိုလော်ဂျီလိုသာ တတ်လိုက်တာ ဘာမှ ရေးထားတာ မဟုတ်ပါဘူး။ လေးလေးပင်ပင်တွေ သိပ်မရေးပါဘူး။ ရေးဖို့ လည်း သိပ်စိတ်မရှည်ဘူး။ လူနဲ့ လိုက်အောင် ပေါ့ပေါ့ပါးပါးလေးတွေပဲ ရေးတယ်။

ညီမူရာလင့်အတွက် ကျေးဇူး။ ခုချိန်ထိတော့ Windows 7 ကို အတော်များများက အကောင်း ပြောကြတယ်။ ဘာတွေပြောကြလဲ သိချင်ရင် အင်တာနက်ပေါ် (Google) လိုက်ရှာဖတ်ကြည့် နိုင်ပါတယ်။ Vista တုန်းက မကြိုက်တဲ့သူ အတော်များတာပဲ။ ဒီတော့ Microsoft က သိပ်ကြာကြာမဆိုင်းပဲ နောက်တစ်ခု မြန်မြန် ထုတ်တာ ဖြစ်မယ်။ ဒါနဲ့  Windows 7 ထွက်လာလို့  တကယ်သုံးကြည့်တဲ့ အခါ ထင်သလောက် မကောင်း ဖြစ်နေခဲ့ရင်တောင်မှ စိတ်ညစ်ဖို့ မလိုဘူး။ မကောင်းဘူးဆို Microsoft က သိပ်မကြာခင်မှာ နောက်တစ်ခု ဆက်ထုတ်မှာပါ။ :D

ဒါနဲ့  ထွက်မယ်ပြောထားတဲ့ အချိန်ထက် နောက်ကျတတ်တာလဲ Microsoft ထုံးစံပဲ။ ရိုးနေပြီ။ မျှော်လင့်ချက်ကြီးတွေ သိပ်မထားနဲ့  ။ တကယ် official ထွက်ပြီဆိုမှ ထွက်တယ် မှတ်ပါလို့  ပြောချင်ပါတယ်။

P.S ကိုဘွိုင်း ... မလေးရှားမှာ အတော်ပျော်ခဲ့တယ်ကြားတယ်။ ဟုတ်ပါသလား။ ဒီနေရာမှာ မဖြေလိုပါက ကိစ္စမရှိပါ။ ဂျီတော့မှတစ်ဆင့် ဖြေကြားနိုင်ပါသည်။

Sweet Sweet said...

linux virus ၀င် သွားတယ်ဗျို့ ဘယ်လိုပြန်ထုတ်ရမလဲ :P :)

Nay Nay Naing said...

ပြန်ထုတ်ဖို့ မလိုပါဘူး။ Install မလုပ်ချင်ရင် ဒီတိုင်းပဲ CD ကနေ သုံးလို့ ရတယ်လေ။ စမ်းကြည့်ပေါ့။

g|-|0$7 said...

သူများတွေစီက ကောင်းတာတွေဆို အကုန် ကူးတာ Microsoft ရဲ့ ထုံးစံ တစ်ခုလိုပဲ မဟုတ်လား။

Linux ရဲ့ အခုမြင်နေရတဲ့ ပုံစံတွေ Layout တွေကလည်း Microsoft Windows နဲ့ တူနေသလိုပဲ... ဘယ်သူက ဘယ်သူ့စီကဟာကို အရင် Copy ကူးတာလဲဗျ???

ကျွန်တော် သိသလောက်တော့ Window 3.1 ထွက်တုန်းက Linux က GUI မထွက်သေးဘူး ထင်တယ်နော်