Pages

January 28, 2009

♦ How to protect your GMail account!

ဟိုရက်က အသိတစ်ယောက်က သူ့ ရဲ့ ဂျီမေးကို တစ်ယောက်ယောက် ၀င်ကြည့်တယ်လို့  သံသယရှိနေတယ်။ အဲလို သူမသိပဲ ၀င်လို့ ရလား၊ ဘယ်လို သိနိုင်မလဲလို့  မေးလာတယ်။ ဒါနဲ့  ကျွန်မ အရင်က တပိုင်းတစ်စ ရေးပြီး ရပ်ထားတဲ့ Gmail Security နဲ့  ပတ်သတ်တာလေးကို အဆုံးသတ်အောင် ရေးဖြစ်ခဲ့တယ်။



*************Check Last Activity**************
Gmail မှာ ကိုယ့်ရဲ့ အီးမေးကို ဘယ်နေရာက ၀င်အသုံးပြုခဲ့တယ်၊ ပြုနေတယ် (Last Login Activity ) ဆိုတာကို ကြည့်လို့ ရတယ် Feature တစ်ခုရှိပါတယ်။ ဘယ်နေရာမှ ရှိသလဲ သိချင်တယ်ဆို Gmail Account ကို Login ၀င်လိုက်ပါ။ ပြီးရင် Gmail Page ရဲ့ အောက်ဆုံးကို သွားကြည့်ပါ။ ဒီလို မျိုးလေး တွေ့ ရပါလိမ့်မယ်။

ဒါ ကျွန်မ ရဲ့ ဂျီမေး။ ကျွန်မ အခုလို Login မ၀င်ခင်မှာ နောက်ဆုံး Login ၀င်ခဲ့တာ အခု အသုံးပြုနေတဲ့ ကွန်ပြူတာက ဖြစ်တာမို့  Last Login Acticity မှာ အဲဒီလို ဖော်ပြနေတာပါ။ အသေးစိတ် ဘယ်နေရာတွေက ၀င်ရောက်အသုံးပြုခဲ့တယ်ဆိုတာကို သိချင်တယ်ဆိုရင် "Details" ဆိုတာလေးကို နှိပ်ကြည့်လိုက်ပါ။ Pop-Up Window ပေါ်လာပြီး ဒီအကောင့်ကို အသုံးပြုခဲ့တဲ့ ကွန်ပြူတာတွေရဲ့ IP တွေနဲ့  အချိန်တွေကို ဖော်ပြပေးပါလိမ့်မယ်။ နောက်ဆုံး ၀င်ခဲ့တဲ့ နေရာ (Activity) ၅ ခု ကို မှတ်ပေးထားတယ်။
IP တွေနဲ့  အချိန်တွေကို ကြည့်ပြီး ကိုယ်အသုံးပြုတာလား၊ တခြားတစ်ယောက် အသုံးပြုခဲ့တာလားဆိုတာ ခန့် မှန်း သိရှိနိုင်ပါတယ်။ ဘယ်က IP လည်းဆိုတာ သိချင်တယ်ဆို မှာ ရှာကြည့်လို့ ရပါတယ်။

ကိုယ် Gmail ကို ၀င်လိုက်တဲ့အချိန်မှာ တစ်ခြားတစ်နေရာက လည်း ဒီအကောင့်ကိုပဲ ၀င်ထားတယ်ဆိုရင်တော့ ဒီအောက်က ပုံစံမျိုး ဖော်ပြနေပါလိမ့်မယ်။ ဒါဆိုရင် တခြားဘက်က Login ၀င်ထားတာကို ထွက်သွားအောင် လုပ်လို့ တဲ့ Feature မျိုး Gmail က ပေးထားတယ်။ အဲဒီ Feature ကို "Remote Sign Out" လို့ ခေါ်ကြတယ်။
အပေါ်ကလိုပဲ Details ကိုတဲ့ နေရာကို နှိပ်ပါ။ ဒီတစ်ခါ ပေါ်လာတဲ့ Pop-up Window မှာ Concurrent Session Information ဆိုတာလေး အပိုပေါ်နေတာ တွေ့ ရမယ်။ တခြားနေရာ ဘယ် Browser, ဘယ် IP က ၀င်ထားတယ် ဆိုတာတွေ မြင်ရမယ်။ အဲဒီ အောက်မှာရှိတဲ့ "Sign out all other session" ဆိုတဲ့ နေရာမှာ နှိပ်လိုက်ရင် တခြားနေရာက Login ၀င်ထားတာတွေ အကုန်ထွက်သွားပါလိမ့်မယ်။
ဒီ Feature က အတော်လေး အသုံးဝင်ပါတယ်။ ကျွန်မတို့  တခါတလေ တခြားသူရဲ့ ကွန်ပြူတာမှာ Gmail ၀င်သုံးပြီး ထွက်ဖို့ မေ့ခဲ့တာမျိုး ဖြစ်တတ်တယ်။ အဲဒီအခါတွေမှာ Gmail ကို login ၀င်ပြီး အပေါ်က ပြောထားသလို Sing Out လုပ်လိုက်မယ်ဆို အဲဒီထွက်ဖို့ မေ့ခဲ့တဲ့ နေရာတွေမှာ အကုန် Logout လုပ်ပြီးသား ဖြစ်သွားမယ်။ ကိုယ်မဟုတ်ပဲ တခြားတစ်ယောက်က ကိုယ့် Password ကို တနည်းနည်းနဲ့ ရလို့  သုံးနေတာမျိုး ဆိုရင်တော့ တခြား Session တွေကို Logout ဖြစ်အောင် လုပ်ပြီးတာနဲ့  ကိုယ့် Gmail ရဲ့ Password ကို အသစ်ပြောင်းလိုက်ပါ။ Password ဆိုတာနဲ့  Gmail Password အကြောင်းကို သိသလောက်လေး နည်းနည်း ဆက်ပြောပြအုံးမယ်။

************* PASSWORD **************
Gmail Password တစ်ခုကို Hack လုပ်ယူဖို့  အရမ်း မလွယ်ပါဘူး။ မရဘူးလို့ မပြောဘူး။ နည်းတွေရှိချင်ရှိမယ်။ ဒါပေမယ့် မလွယ်ဘူး။ (ကျွန်မတော့ မလုပ်တတ်ဘူး)။ Gmail Password တွေ အခိုးခံရတယ် ပြောတာမျိုးကြားဖူးတယ်။ ဘယ်လို ကိုယ့်ရဲ့ Password တွေကို တပါးသူတွေ ရသွားကြသလဲ။

Password အခိုးခံရတဲ့ သူတွေကို ကြည့်ရင် ခိုးတဲ့ သူတွေက အကြောင်းသိနေတဲ့သူတွေ၊ ရင်းနှီးနေတဲ့သူတွေဖြစ်တာများတာ တွေ့ ရပါတယ်။ အများဆုံး သုံးတဲ့ နည်းက Password ကို ခန့် မှန်း ထည့်ကြည့်တာနဲ့  Forget Password ဆိုပြီး Password တောင်းတဲ့ နည်းဖြစ်မယ် ထင်ပါတယ်။ ဒါတွေက အတော်လေးလွယ်တယ်လေ။ ပထမဆုံး အနေနဲ့  ကိုယ့် အီးမေးရဲ့ Password ကို သူတပါး လွယ်လွယ်ကူကူ မှန်းလို့ ရတာမျိုး မထားမိဖို့  လိုပါတယ်။

နောက်တစ်ခုက ဂျီးမေး အကောင့်မှာ Secondary email ကို ထည့်ဖြစ်အောင် ထည့်ထားပါ။ Security Question ကိုလည်း လွယ်လွယ်ကူကူ မေးခွန်းမျိုး မထားပါနဲ့ ။ သင့်မွေးနေ့ က ဘာလဲ ဆိုတာမျိုး။ တခြားသူ မှန်းရလွယ်တာမျိုး မထည့် သင့်ပါဘူး။ Secondary Email လည်း ထည့်မထားဖူး၊ Security Question လည်း လွယ်လွယ်ကူကူ မေးခွန်းမျိုး ထည့်ထားမယ် ဆိုရင် တခြားသူတစ်ယောက်က Security Question ကို မှန်းဖြေကြည့်ပြီး Password ကို ပြောင်းဖို့ ကြိုးစားနိုင်ပါတယ်။ Secondary Email သာထည့်ထားမယ်ဆိုရင် Forget Password လုပ်ဖို့  ကြိုးစားတဲ့အခါ ကိုယ်ထည့်ထားတဲ့ အီးမေးကို Password Rest လုပ်ဖို့ လင့်ပို့ ပေးမှာပါ။ ဒီအတွက် Secondary Email ကို မပျက်မကွက် ထည့်ထားသင့်ပါတယ်။

Security Question နဲ့  Secondary Email ပြောင်းချင်တယ်ဆိုရင် မှာ Gmail under Settings --> Accounts --> Change Security Question ဆိုတဲ့ နေရာမှ သွားပြီး ပြောင်းနိုင်ပါတယ်။ ဒီကတော့ Gmail ရဲ့ Pesonal Information - Direct Link ပါ။

ဒီအပေါ်က ပုံက အင်တာနက်ကရှာထားတာ။ ဒီအပေါ်ကလို လွယ်လွယ်ကူကူ မေးခွန်းတွေ မထည့်ပါနဲ့ ။

အခု ဒီပိုစ့်ရေးရင်း စမ်းကြည့်တာ Gmail က အရင်က ထက် ပိုပြီး Security ကောင်းလာ တွေ့ ရတယ်။ အရင်ကဆို Gmail မှာ "I cannot access my password" "I've forgot my password" လုပ်လိုက်ရင် Secondary Email မထည့်ထားရင် Security Question တန်းပေါ်လာတယ်။ အခု စမ်းကြည့်မှ Secondary Email ထည့်မထားတာရင် Security Question ကို နောက် ၅ ရက် နေမှ ထည့်လို့ ရမယ် လို့ တွေ့ ရတယ်။ ထည့်ထားပြီး အဲဒီ ထည့်ထားတဲ့ အီးမေးအကောင့် ၀င်မရလည်း နောက် ၅ ရက်နေမှပဲ Security Question ကို ဖြေခွင့်ပေးမယ်တဲ့။ ဒီတော့ Secondary Email က အရေးကြီးတယ်။ ထည့်ထားဖို့ လိုသလို၊ မေ့မသွားဖို့ လဲ လိုတယ်။

တစုံတစ်ယောက် ကိုယ့်ရဲ့ အီးမေးကို Hack လုပ်သွားတယ်၊ လုံးဝ ၀င်မရတော့ရင် Google Accounts Help မှာ သွားပြီး အကူအညီတောင်းနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်မမှာ အဲဒီလို အကူအညီတောင်းဖူးတဲ့ အတွေ့ အကြုံမရှိလို့  အသေးစိတ်အချက်အလက်တွေကို ရှင်းမပြနိုင်ဘူး ဖြစ်နေတယ်။


နောက်တစ်နည်းကတော့ keylogger တွေ နဲ့  Passwrod တွေ ခိုးယူကြတယ်။ ကိုယ့်ကွန်ပြူတာထဲက ကိုယ်မသိအောင် keylogger တွေထည့်တယ်။ ဒီလို မဖြစ်အောင် ကိုယ်မသိတဲ့ file တွေ တပါးသူက ပို့ ပေးရင် အလွယ်တကူ လက်မခံပါနဲ့ ။ နောက်ပြီး ကိုယ့်ရဲ့ ကွန်ပြူတာမှာ AntiVirus Software တွေသွင်းထားပြီး ပုံမှန် Scan လုပ်ပါ။

keylogger ထည့်ထားတဲ့ ကွန်ပြူတာမှာ သွားပြီး ကိုယ့်ဂျီးမေး ၀င်လိုက်တဲ့အခါ သူတို့ တွေ ကိုယ့်ရဲ့ Password ကို ရသွားနိုင်တယ်။ သူတပါးရဲ့ ကွန်ပြူတာမှ အရမ်း အရေးမကြီးရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ Personal Email တွေ မသုံးပါနဲ့ ။ အီးမေးအကောင့် အပိုထားပြီး အရေးကြီးတဲ့ ဒေတာ မရှိတဲ့ အကောင့်မျိုးကိုသာ အဲဒီလို ကွန်ပြူတာတွေမှာ သုံးပါ။ လိုအပ်လို့ မဖြစ်မနေ Personal Email ကို သုံးလိုက်တယ်ဆိုရင်လည်း ကိုယ့်ရဲ့ Password အမှန်ကို တကြိမ်ထဲ ရိုက်မထည့်ပဲ ထည့်လိုက်ဖျက်လိုက် အကြိမ်များများလုပ်ပြီးမှ Password အမှန်ကို ထည့်ခြင်းအားဖြင့်လည်း ကိုယ့်ရဲ့ Password ကို ရှင်းရှင်းလင်းလင်း မှတ်မထားနိုင်အောင် လုပ်သင့်ပါတယ်။ နောက်ပိုင်းမှာ ကိုယ့်ရဲ့ Password ကို ပြောင်းပြစ်ပါ။

နောက်တစ်ခုက keylogger မဟုတ်ပေမယ့် အခုနောက်ပိုင်း Browser တွေမှာ User Name နဲ့  Password တွေကို သိမ်းထားပေးတဲ့ Feature တွေရှိနေတယ်။ အီးမေးဝင်လိုက်ရင် အဲဒီ User Name နဲ့  Password ကို သိမ်းမလားဆိုပြီး မေးတယ်။ အဲလိုအချိန်မှာ "NO" ကိုနှိပ်ဖို့ မမေ့ပါနဲ့ ။ YES သွားနိုပ်ရင်တော့ ကိုယ့် Information တွေ အဲဒီ Browser မှာ သိမ်းထားပြီးသားဖြစ်သွားမယ်။ Browser တွေမှာ Click တစ်ချက်နှိပ်လိုက်လို့  ပေါ်လာတဲ့ Message တွေကို အသေအချာဖတ်ပါ။ ဘာမှ မဖတ်ပဲ YES နှိပ်တဲ့ အကျင့်ကို မလုပ်ပါနဲ့ ။

နောက်တစ်ခုက အီးမေးဝင်တဲ့အခါ ကို မှတ်ထားမလား "Remember me on this computer" ဆိုတာကို Uncheck လုပ်ပြီးမှာ ၀င်ပါ။ မဟုတ်ရင် အဲဒီ Broswer ကိုသုံလို့  ကိုယ့်ရဲ့ အီးမေးကို အလွယ်တကူ ၀င်လို့ ရနေမယ်။


************* Use HTTPS **************
နောက်တစ်ခုကတော့ Internet Cafe တို့ လို Public Computer တွေ အသုံးပြုသူတွေ ပြုလုပ်ထားသင့်တဲ့ အချက်ပါ။ Secur Http (https) ကိုအသုံးပြုပြီး Gmail ကို Access လုပ်ဖို့ ပါ။ Gmail ကို သာမန် http:// နဲ့  အသုံးမပြုပဲ https:// နဲ့  အသုံးပြုတာပါ။ အဲဒီလို အသုံးပြုတဲ့အတွက် ဘာတွေကောင်းလည်းဆို အလွယ်ဆုံး နားလည်အောင်ပြောရရင် ကြားထဲကနေ ဖောက်ပြီး ဖတ်လို့ မရအောင် လို့  သုံးစွဲခြင်းဖြစ်ပါတယ်။ ကိုယ့်ကွန်ပြူတာ Browser ကနေ အင်တာနက်ပေါ် အထွက်မှာ ကြားထဲကနေ တစ်ခုခုခံပြီး ဖတ်လို့ မရအောင်လို့ ပါ။

ဟိုးအရင် အရင်ကတည်းက Google က https ကို support လုပ်ပါတယ်။ Gmail ကို https နဲ့  သုံးချင်တယ်ဆို http://mail.google.com အစား https://mail.google.com လို့ ရိုက်ထည့်ပြီး သုံးလို့ ရခဲ့ပါတယ်။ ၂၀၀၈ နှစ်လည်ပိုင်း ကစပြီး Gmail က Feature တစ်ခု ထည့်ပေးထားပါတယ်။ ဒါကတော့ ကိုယ် Gmail ကို သုံးတိုင်း Http အစား https နဲ့ ပဲ အမြဲအသုံးပြုမယ်ဆိုတဲ့ Setting ပါ။

Gmail Setting ကိုသွားပြီး Browser connection: မှာ "always use https" ကို ပြောင်းထားလိုက်လို့ ရပါတယ်။


ဒီအထက်မှာ ဖော်ပြထားတဲ့ အချက်တွေ က Google's Gmail ရဲ့ Securityနဲ့ ပတ်သက်ပြီး ကျွန်မ သတိထားမိတဲ့ အချက်တွေပါ။ အိုင်တီနယ်က လူအတော် များများကတော့ သိပြီးသားဖြစ်ပါ လိမ်မယ်။ မသိသေးတဲ့ သူတွေ သိသွားအောင်၊ စိတ်ဝင်စားတဲ့ သူတွေလိုက်လုပ်နိုင်အောင်၊ ကိုယ့် ရဲ့ အီးမေးကို တပါးသူတွေ ၀င်ကြည့်နေသလား၊ ၀င်လို့ ရနေသလား စိုးရိမ်နေတဲ့သူတွေ စမ်းကြည့်လို့ ရဖို့  အတွက် သိသလောက်လေးကို ရှင်းပြထားခြင်းမျှသာ ဖြစ်ပါတယ်။ ကျွန်မ ရေးသားထားတာတွေမှ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။
* * *
တစ်လက်စတည်း Password နဲ့ ပတ်သက်ပြီး အရေးကြီးတယ် ထင်တာ တစ်ခုကို ပြောလိုက်အုံးမယ်။ ကိုယ့်မှာ ရှိသမျှ Email Accounts တွေ အကုန်လုံးမှာ Password တစ်ခုတည်းကို သုံးတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ Account တစ်ခုရဲ့ Password တစ်ခုရသွားရင် တခြား Account တွေပါ ပါသွားနိုင်တယ်။ နောက်ပြီး Password တစ်ခုတည်းကိုပဲ အကြာကြီး သုံးတာမျိုးလဲ မလုပ်သင့်ပါဘူး။ Password တွေကို မကြာခဏ ပြောင်းပြီး သုံးသင့်ပါတယ်။ မှတ်မိအောင်လည်း ပြောင်းအုံးပေါ့။ တော်ကြာ ပြောင်းပြီး ကိုယ့် Password ကိုယ်မေ့သွားလို့  ဒုက္ခရောက်နေမယ်။ Password ထားတဲ့အခါမှာလည်း ခပ်ရှည်ရှည်နဲ့  စာလုံးအကြီး အသေးတွေ၊ နံပါတ်တွေ ရောသုံးပါ။ ခွင့်ပြုတယ်ဆို Special Characters တွေ ပါရောပြီး သုံးသင့်တယ်။

Personal Emails တွေရဲ့ Password တွေကို တခြားနေရာတွေမှာ မသုံးမိပါစေနဲ့ ။ ဥပမာ ပြောရရင် Forum တွေ၊ Website တွေမှာ Account ဆောက်တဲ့ အခါတွေမှာ ကိုယ့် အီးမေးရဲ့ password တူတွေ မသုံးပါနဲ့ ။ နေရာတိုင်းကိုတော့ မဆိုလိုပါဘူး။ တချို့ နေရာတွေမှာ User Name နဲ့  Password ကို Database မှာ သိမ်းတဲ့အခါ encrypt လုပ်မသိမ်းထားဘူးဆိုရင် အဲဒီ Site က Admin တွေ အလွယ်တကူ ကြည့်လို့ ရပါတယ်။ သတိဆိုတာ ပိုတယ် မရှိပါဘူး။
* * *
Useful Links:
Google's Password Assistance
Google Accounts Help -I can't access my account

15 comments:

:P said...

မသိသေးတာတွေ ပါလို့ ဖတ်သွားပါတယ်...။

Anonymous said...

ဒီ post လေးအတွက် ကျေးဇူးတင်ပါတယ် ။
အချို့ အချက်တွေကို ခုထိပေါ့ပေါ့ဆဆ လုပ်မိနေသေးတာ။

TLN

Anonymous said...

very useful tips! thank you.

Anonymous said...

ကျေးဇူးနေနေ..

Life is for Success said...

N3,

Very good post. some of fact only i know after reading ur post... thank a lot..


with rgrds

Anonymous said...

ကျေးဇူး.ယူပီဂျီ. အဲ နေနေ.
မမွန်

Yan said...

စိတ်ရှည်လက်ရှည်နဲ့ စေတနာပါပါလေး ရှင်းပြရေးသားထားတာ ကျေးဇူး မနေနေ...

မရောက်တာလည်း ကြာသွားပြီ..
နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေဗျာ...

ခင်မင်လျက်

ရန်အောင်

khin oo may said...

များ မူးနေပါတယ် ဆိုမှ..

Anonymous said...

မနေနေရဲ့ blog ကိုအမြဲဝင်ဖတ်ပေမယ့် တခါမှ comment မရေးဘူးသေးဘူး။ ဒါပထမဆုံးပါ။ ကျွန်မမှာ သူငယ်ချင်းတယောက်ရှိပါတယ်။ သူက programmer ပါ။ တော်တော်ကျွမ်းကျင်ပါတယ်။ သူကတော့ gmail password ကိုအလွယ်တကူဖောက်နိုင်တယ်။ ကျွန်မ password ကိုဖောက်တာ ခဏလေးပဲ။ ကျွန်မပြောင်းလိုက်လဲ သူမိနစ်ပိုင်းအတွင်းပြန်ဖောက်နိုင်တယ်။ ဘယ်လိုလုပ်တာလဲ ဆိုတာကိုတော့မေးလို့မရဘူး။ အဲလိုလုပ်နိုင်တဲ့ hacker တွေအများကြီးပဲ ရှိပါတယ်။ ဖြစ်နိုင်ရင်အရေးကြီးတဲ့ data တွေမပြောမိဖို့ပါ။ ဥပမာ - bank account တို့ဘာတို့ပါ။ သမီးရည်းစားတွေ စကားပြောပြီးရင်လည်း ဖျက်ထားတာအကောင်းဆုံးပါ။ အကောင်းဆုံးက မနေနေပြောသလိုပဲ password ခဏခဏပြောင်းပေးဖို့ပါ။ အားလုံးသတိထားလို့ ရအောင်ပြောပြတာပါ။

Anonymous said...

ဂျီမေးနဲ့ ပက်သက်တာတွေ အများကြီးသိရတဲ့ အတွက်ကျေးဇူးအများတင်ပါတယ်..

Unknown said...

ဒီBlogလေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်။ သတိထားစရာလေးတွေ သိထားရပါတယ်.

Anonymous said...

Thank you ma nay for handy tips!

Anonymous said...

အစ်မ

ဒီပို့စ်ကို ပရင့်ထုတ်ပြီး ကျနော့် အင်တာနက်ဆိုင်မှာ ကပ်ထားချင်လို့... အားလုံးဖတ်လို့ရအောင်လေ။
အဲဒါ ခွင့်ပြမလားဆိုတာ သိချင်လို့ပါ။
ကျေးဖူးတင်လျက်

ဆိုင်းအောင်

Nay Nay Naing said...

Yes , feel free to use... no copy right or no need to refer my name or link..
Thanks for asking me my permission..

khin oo may said...

ဟင်းဟင်း ပစဝ တွေ မေ့သွားတဲ့နေ့ကိုသတိရဦးမယ်ဆိုရင်...