Pages

January 26, 2009

စိတ်ညစ်တဲ့အမူးသမား

နားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်။ ဒီသီချင်းကို နားထောင်လိုက်တိုင်း...

စိတ်ညစ်လို့  အရက်သောက်တာပါ...
အသည်းကွဲလို့  အရက်သောက်တာပါ...
ဆိုတဲ့ အပြောတွေနဲ့  အရက်ကို သိက္ခာကျအောင် မလုပ်ပါနဲ့ ...
အရက်ကို ကြိုက်လို့ သာ သောက်စမ်းပါ..
ငါတို့ ကတော့ အရက်ကို ကြိုက်လို့ ပဲ သောက်တယ်ဟု... အမြဲပြောလေ့ရှိတဲ့ သူငယ်ချင်းတွေကို.. သတိရမိတယ်....
စိတ်ညစ်တဲ့အမူးသမား
တေးရေး - မောင်စစ်ငြိမ်း
တေးဆို - စိန်ဝင်းထွန်း

အရက်ကိုကြိုက်လို့ သောက်တဲ့သူ
စိတ်ပျော်တတ်လို့  သောက်တဲ့သူ
စိတ်ညစ်တဲ့ အမူးသမား..
ညနေစောင်းတော့ ပြောင်းလဲပြီ
စိတ်ဆန္ဒကတောင်းသည်
သောက်ပြစ်လိုက်မယ် အရက်များများ..

....

နေပါစေပြစ်တိုင်းပဲ
ကြွေပါစေအသည်းလေး
ငိုမယ်လေရှိုက်ပြီးဆွေး
သိုင်းကွက်နင်းပြီး လျှောက်လို့ သာသွား..

ကမ္ဘာမှာတစ်ယောက်တည်းပဲ
ကြင်နာသူခုန်ပြေးသွား..
ရင်ခွင်မှာနာကျည်းသော..
ဆွေးရိပ်များက ဖုံးလွှမ်းနေသလား..

....

မူးလာတိုင်းလည်းမလဲပါ
ရှေ့ မှာဆူးခင်းလမ်းကမာ
နင်းပစ်လိုက်မယ်ခပ်ကြမ်းကြမ်း
အရက်ခွက်ထဲကို အရက်ထည့်ကာ
ဖိတ်စင်ပြီးလဲမသွားပါ..
သောက်ပြစ်လိုက်မယ် အရက်များများ..
......

အရက်သောက်တာကို အားပေးသလားဆို အားမပေးပါဘူး... ဘယ်အရာမဆို တန်ဆေးလွန်ဘေးတဲ့.. ကိုယ့်ကျန်းမာရေး၊ လူမှု့ ရေး၊ စီးပွါးရေး.. ထိခိုင်မှု့ မရှိအောင်... အခြေအနေ၊ အချိန်အခါ၊ နေရာဒေသကို လိုက်ပြီး ထိန်းထိန်းသိမ်းသိမ်း ပျော်ပျော်ရွှင်ရွှင် သောက်နိုင်ကြပါစေ...

.............

ဒါနဲ့  ပျင်းနေတယ်ဆို Burmese classic မှာတင်ထားတဲ့ စိန်ဝင်ထွန်း ရဲ့ လောကကြီးက အေးဆေးပဲ ဆိုတဲ့ အခွေကိုကြည့်လိုက်။။ အပျင်းပြေသွားမယ်။ သီချင်းဆိုပုံတွေက ရေရေလည်လည် မိုက်တယ်။ ကြည့်ပြီး သဘောကျ သွားတယ်။ YouTube မှာ လည်း နာမည်ရိုက်ထည့် ရှာကြည့် နိုင်ပါတယ်။

စိတ်ညစ်တာတွေ မတွေးနဲ့ .. လောကကြီးက အေးဆေးပဲ... (တေးရေး -မောင်မောင်ဇော်လတ်)

9 comments:

Ko Boyz said...

အရက်က သစ္စာ ရှိတယ်။ သောက်လိုက်တိုင်း မူးတယ်။ ကြိုက်လို့တော့ မသောက်ဘူး။ ပျော်ချင်လို့ပဲ သောက်တယ်။ စိတ်ညစ်ရင် ညစ်တာ ခဏတာ မေ့သွားအောင် သောက်တယ်။ မူးရင် ခဏတာ မေ့သွားတာကိုး...။ ဒါပဲ...။ အိုင့်ဒဿနက ဒါပဲ...။

khin oo may said...

ကိုဘ က မိုးရွာတဲ့နေ့နဲ့မရွာတဲ့ ၂ရက်ဘဲသောက်ပါတယ။်

စိတ်ညစ်လို့ မူးရင် ခဏမေ့အောင် သောက်တယ်။ စိတ်မညစ်ရင် ပျော်ချင်လို့သောက်တယ။်

ကြိုက်လို့မသောက်ဘူး..
အိုင် သုံးသပ်သွားတာ ဒသသန ကတော့ါအဲလိုဘဲ။
သုံးသပ်လိုက် တာ ရေကုန်တယ်။ မီတာကုန်တယ်။

သွားနားထောင်လိုက်ဦးမနော်။

ksanchaung said...

အသည်းကောင်းလို့ အရက်တောင်းတယ်လို့ ခေါ်တယ်။ ဘာမှ မပူနဲ့။ အချိန်တန်ရင် ရပ်သွားလိမ့်မယ်။

မီယာ said...

အရက်က အနံ့ဆိုးတယ်

:P said...

သီချင်းသွားနားမထောင်ခင် ၀င်ဖောလိုက်ဦးမှ...။
အဲဒီသီချင်း ငယ်ငယ်ကအော်ဆိုတယ်..
"စိတ်ညစ်တဲ့ အမူးသမား.... ဒန်....တန်းတန်း...ဒန်....တန်းတန်း
သောက်ပြစ်လိုက်မယ် အရက်များများ..... ဒန်....တန်းတန်း...ဒန်....တန်းတန်း "
နောက်က အဲလို ပါးစပ်ဆိုင်းနဲ့လေ.....

Anonymous said...

အဖိုးကြီး ရဲ့ ဒီဇိုင်း ကတော့ လန်ထွက်နေတာပဲ။ :P

Soe Moe said...

အဲဒီအထဲက ဘယ်အရက်ပုလင်း ဝယ်သောက်ရင်ကောင်းမလဲဟင်? အလယ်က ဘလူးလေဘယ်လေးပဲ ကောင်းမယ်ထင်တယ်နော်...

Nay Nay Naing said...

Ko Boyz >> မူးတဲ့ အရသာ လုံးဝ မကြိုက်။ ကိုဘွိုင်း မူးတာ ကြိုက်လို့  မူးချင်တယ်ဆို အရက်မသောက်ပဲ မူးလို့ ရတဲ့ နည်းတွေရှိပါတယ်။ ဥပမာ ချားစီးတာ....

မခင်ဦးမေ >> တချို့ က အစားအသောက် စားကောင်းယုံလေး တစ်နေ့  နည်းနည်း သောက်ကြတယ်။

ksanchaung >> ကျွန်မ သူငယ်ချင်းတွေ အရက်သောက်ရင် မလွန်စေနဲ့ လောက်ပဲပြောတာ။ ဘယ်တော့ ပြောစရာတောင် မလိုပါဘူး။ အားလုံးက ဘာလုပ်ရင် ဘာဖြစ်မယ် ဆိုတာ သိတဲ့သူတွေကြီးပဲ။

မီယာ >> အနံ့  မဆိုးတဲ့ အရက်တွေ အများကြီးပဲ။

sin dan lar >> ဒါမျိုး ဆိုင်းသံ မကြားဖူးဘူး " ဒန်....တန်းတန်း...ဒန်....တန်းတန်း "

Anonymous >> ဟုတ်ပါ့.. ဒီဇိုင်းက မိုက်တယ်နော်..

Soe Moe >> ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ၀ယ်သောက်တာပဲ။ သောက်ချင်တာသာ ၀ယ်သောက်။ ၀ယ်ပြီးသောက်တဲ့အခါသာ ကြယ် စီဖုန်းဆက်ပြီး အရက်သောက်ဖို့  ခေါ်ဖို့ မမေ့နဲ့ ။

ThuHninSee said...

အခုပဲနားထောင်နေတာ။ သူက အရင်တုန်းက အဆိုတော်လား။ အသက်မငယ်တော့ဘူးနော်။
ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။