Pages

January 06, 2009

♣ Believe it or not!!

ယုံချင်ယုံ မယုံချင်လည်းယုံ..

ရန်မထောင်တတ်သလို
ဟန်လည်းမဆောင်တတ်ဘူး...

တီတီတာတာတွေ မဆိုတတ်သလို
မူယာမာယာတွေလည်း မပိုတတ်ဘူး...

မကြုံစဖူးထူးသည်။


ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်ရင်း ဒါလေးတွေ့ တယ်။ ရေးထားတာ တော်တော်လေး ကြာပြီ။ ကိုယ်က ဒီလိုပါ ဆိုပြီး ရေးထားတာ မဟုတ်ဘူး။ သူများရေးတာတွေ ကြိုက်လို့ ပြန်ဖော်ပြတာ မဟုတ်ရင် ဒီနေရာမှာ ကိုယ့်အကြောင်းကိုယ် အဓိကရေးတတ်တော့ ဒါလည်း သူ့ အကြောင်းသူ ရေးထားတာဖြစ်မယ်လို့  ထင်နေမှာ စိုးရိမ်တယ်။ ဒီလိုပဲ စိတ်ကူးထဲ ပေါ်တာလေး ချရေး ဖြစ်ခဲ့တာ။ ခုရေးတာ ဖတ်ပြီး မလိုတာတွေ စိုးရိမ်မနေပါနဲ့ ကွယ်... ကိုယ့်အကြောင်းကိုယ်ရေးတယ် လုံးဝ မထင်ပါဘူးလို့  တိတ်တခိုး စိတ်ထဲကြိတ်ရွတ်တဲ့သူတွေလည်း ရှိချင်ရှိနေမှာ။ ဘာမှမဟုတ်ဘူး။ ထမင်းစားချိန် အချိန်နည်းနည်း အားနေလို့  စာရှည်အောင် ရေးလိုက်တာ။ အပေါ်က ရေးထားတဲ့ အဲဒီမှာ ၃-၄ ကြောင်းလေးထဲမှာတင် သီချင်းတစ်ပုဒ်ထဲက စာသားတွေ ပါတယ်။ အခု ပြန်ပြီး စဉ်းစာကြည့်တဲ့ အခါ ဘယ်သူဆိုတဲ့ ဘယ်သီချင်းကလည်း ဆိုတာ မမှတ်မိတော့ဘူး။ နောက်မှပဲ ပြန်မေးကြည့်တော့မယ်။

3 comments:

nyimuyar said...

မကြုံစဖူး ထူးသည် ဆိုတာ အဆုံးပိုင်းမျာ နဲနဲလေးများ ရွတ်ရတာ ထောက်နေမလား လို့ ။ ဝေဖန်တာမဟုတ်ပါဘူး ထင်တာလေး ရေးတာပါ။ ဘာပဲဖြစ်ဖြစ် အဲလို ကာရန် အသံ ရှိတဲ့ ကဗျာလိုမျိုးတွေ ကြိုက်ပါတယ်။

မီယာ said...

ချစ်သူအတွက် ရည်ရွယ်ပြီး စပ်ထားတဲ့ ကဗျာ တပိုင်းတစလားလို့ (မှန်းကြည့်တာပါ)

Nay Nay Naing said...

nyimuyar >> ကျွန်မရေးတာ ကဗျာ မဟုတ်ပါဘူး။ ကဗျာ မရေးတတ်ဘူး။ ကာရံတွေဘာတွေ နားမလည်ဘူး။ :-) ဒီတိုင်းရေး လိုက်တာ။ အဲဒီထောက်နေတယ် ဆိုတဲ့ဟာက သီချင်းထဲက စာသား။ ကြိုက်လို့  ထည့်ထားတာ။

မမီယာ >> မှန်းကြည့်တာ မှားပါတယ်ကွယ်.... ချစ်သူကိုက ဘာမှ ထူးပြီး ပြောစရာမလိုဘူး။ ကျွန်မ ဘယ်လို အတွေးအခေါ် နဲ့  ဘယ်လို စိတ်ဓာတ်မျိုး ရှိတယ်ဆိုတာကို ပြောစရာမလိုအောင် သူက အကုန်သိနေပြီးသား။ ပြောလိုက်ရင်တောင် ပေါ့သွားမယ်။ :D