Pages

November 20, 2012

Obama Embraces Democracy In Burma

London Evening Standard Newspaper Front Page 
19 November 2012

November 07, 2012

Free Movies Online: Watch32

Hari Raya Haji အားလပ်ရက်မှာ အွန်လိုင်းကနေ ရုပ်ရှင်တွေကြည့်ဖြစ်တယ်။ သူငယ်ချင်း တစ်ယောက် ပေးလို့  အဲဒီဆိုဒ်ကို သိခဲ့ရတာတာပါ။ Download လုပ်စရာ မလို၊ (streaming) တိုက်ရိုက်ကြည့်ရတာပါ။ တင်ပေးထားနေရာတွေ များတော့ ကိုယ်အဆင်ပြေတဲ့ နေရာကို ရွေးကြည့်လို့ ရတယ်။ ကျွန်မ ကတော့ Google လင့်ကနေ ကြည့်တာများတယ်။ စောင့်စရာ မလိုဘူး။  အပိုင်းတွေနဲ့ တင်ပေးထားလို့  တစ်ပိုင်းပြီးတပိုင်း ကြည့်ရတာတော့ရှိတယ်။ ခြုံပြောရရင် အတော်လေး အဆင်ပြေပါတယ်။

ရုပ်ရှင်တွေက အစုံပါပဲ။ စိတ်ဝင်စားရင် သွားကြည့် သင့်တယ်။

ကျွန်မကတော့ ပိတ်ရက် ၃ ရက် အတွင်း အဲဒီဆိုဒ်ကနေ ရုပ်ရှင် တော်တော်များများ ကြည့်ဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း ကြည့်ဖြစ်တာတွေက... Animation တွေ ပါပဲ။

ဒီနှစ်ကားကို ကြည့်ချင်နေတာ အတော်ကြာပြီ၊ ရုံတင်တုန်းက မအားတာနဲ့ သွားမကြည့်ဖြစ်ခဲ့ဘူး။
Brave
Ice Age 4: Continental Drift

ရုံတင်တုန်းက ကြည့်ဖြစ်ခဲ့ပေမယ့် ခုနောက်တစ်ခေါက် ထပ်ကြည့်ဖြစ်တယ်။
Madagascar 3: Europe's Most Wanted

အဟောင်းထဲက ဒါတွေလည်း ကြည့်ဖြစ်ခဲ့သေးတယ်။
Anime: The Girl Who Leapt Through Time
Dr. Seuss' The Lorax
Atlantis: The Lost Empire
Antz

၃ရက် အတွင်းမှာ ဒီလောက်ပဲ ကြည့်ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ ရုပ်ရှင်တွေ နဲ့  တခြား Category အောက်က ရုပ်ရှင်တွေတော့ နောက်မှ အချိန်ရရင် ရသလို ဆက်ကြည့်မယ် စိတ်ကူးမိတယ်။

Other related posts:
Watching Dramas
MySoJu : Watch Korean Dramas Online

Special thanks to Kalvin Alexander

August 30, 2012

Cartoons I like

ကြည့်ပြီးကြိုက်လို့ ။ 
ခုနှစ်ပိုင်း ကိုယ့်မျက်နှာက အဲ့ဒီလို ဖြစ်နေတဲ့ အချိန် များနေတယ်။





ဒါကြည့်ပြီး ဒီနေရာကို သတိရလို့  ရောက်လာခဲ့ရပြန်တယ်။

May 11, 2012

It's Friday!


ဒါလေးကြည့်ပြီး သဘောကျမိတယ်။
ဒီနေ့  သောကြာနေ့ ... အခုနေ အလုပ်မှာ တခြားသူတွေ ဘာလာပြောပြော
 I don't care.. Friday!!!
♪We don't care, we don't care, we don't care cuz it's Fri-i-daay!♪

 
လို့ သာ ပြန်ပြောလိုက်ချင်တော့တယ်။

Boss စီကို ဒီ Youtube လင့်လေး ဒါမှာမဟုတ် eCard လေး ပို့ လိုက်ရင် ကောင်းမလား။


Source : Hoops & Yoyo - Office Fun

March 13, 2012

The Most I can do..

“The Most I can do for my friend is simply to be his/her friend.”




My Dear Friends,
please do not ask me to do other things
With Lots of Love,

March 08, 2012

Which step have you reached today?

Someone is at: "I want to do it"

I am at: "I can do it but I won't do it"

How about you?



Credit to SMA

March 07, 2012

တုံ့ ပြန်ဖို့ မလိုဘူးလား

တွယ်တာမှုတွေ ဖုံးလွှမ်းနေတဲ့ မင်းမျက်လုံးရဲ့အကြည့်ကို
ပီတိလေးတွေ တစိမ့်စိမ့်ဖြာကာ ရင်ခုန်သံကြား ခံစားမိတယ်..
ကမ္ဘာမြေပြင်ရဲ့ အမြင့်ဆုံးတစ်နေရာ ရောက်ရသလိုပဲ

ကြင်နာမှု့ တွေအပြည့်အ၀ပါတဲ့ မင်းနှုတ်ခမ်းကစကားကို
သံသယကင်းစွာ တသိမ့်သိမ့်ရင်မှာ နားဝင်ချိုးအေး ပြန်ကြားမိတယ်
အသာယာဆုံး အချစ်ကဗျာကြောဝယ် နစ်မျောသလိုပဲ

အိုး.. အဖိုးထိုက်တန်လှတဲ့ အချစ်ရဲ့ လက်ဆောင်
ထာဝရ ရက်ရက်ရောရောပေးခဲ့ပြီးမှ
တုံ့ ပြန်နှင်းမယ် ကိုယ့်မေတ္တာ

ဘာကြောင့်များ လျစ်လျူရှု့ လို့  ထားခဲ့ရက်လဲ
တကယ်ဆို မင်းထက်မပိုရင်တောင်မှ မလျော့တဲ့ကိုယ့်အချစ်ပါ
တုံ့ ပြန်ဖို့ မလိုဘူးလား

တေးရေး။ ။ စိုင်းထီးဆိုင်


ဒီရက်ပိုင်း သူများရှယ်ထားတာတွေ့ လို နားထောင်ဖြစ်နေတဲ့ သီချင်း။ ဟိုးအရင် စိုင်းထီးဆိုင် ဆိုတုန်းကတည်းက ဒီသီချင်းကိုကြိုက်ခဲ့သလို အခုသူရဲ့ သမီးဖြစ်သူ ဆိုင်စံ ပြန်ဆိုထားတာကိုလည်း ကြိုက်တယ်။

စိုင်းထီးဆိုင် ကိုယ်တိုင်ရေးထားတဲ့သီချင်းဆိုတာ သိခဲ့ပေမယ့် သူ ချစ်သူ (သူ့ ဇနီးသည်ဖြစ်လာတဲ့သူ) အတွက် ရည်စူး ရေးခဲ့တာဆိုတဲ့ သီချင်းရဲ့ နောက်ကွယ်ကဇာတ်လမ်ကို အဲဒီဖေ့ဘုတ်က ကွန်မန့် တွေ ဖတ်ပြီးမှ သိလိုက်ရတယ်။ (မှန်မယ် ထင်ပါတယ်)။ ဘာတွေရေးထားလဲ သိချင်ရင် ဒီမူရင်း တင်ထားတဲ့ [Facebook] မှာ သွားဖတ်ကြည့်လို့ ရတယ်။


စိုင်းထီဆိုင် ရဲ့ တုံ့ ပြန်ဖို့ မလိုဘူးလား [Download]



ဆိုင်စံ ရဲ့ တုံ့ ပြန်ဖို့ မလိုဘူးလား

March 02, 2012

"M" for M...

အလုပ်များတယ်။ ခေါင်းရှုပ်တယ်။ ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်လုပ်တယ်။
၂၀၀၉ ကရေးခဲ့ဖူးတာ ("N" for Nay ) ကိုပြန်ဖတ်မိသွားတယ်။
တခြားစာလုံးနဲ့ ပြောင်းရေးကြည့် မယ် စိတ်ကူးပြီး ရေးဖြစ်တယ်။ အာရုံပြောင်းတဲ့ အနေနဲ့ ပေါ့။

တစ်ယောက်တည်းဖြေကြည့်ရမှာ ပျင်းစရာကြီး ဆိုပြီး ဒီမေးခွန်းတွေကို ၅ မိနစ် အတွင်းအပြီးဖြေရအောင်လို့  သူငယ်ချင်းတစ်ယောက်ကို အဖော်စပ်လိုက်တယ်။ ၅ မိနစ်ပြည့်သွားတယ် Something found in the bathroom ကို စဉ်းစားမရလိုက်ဘူး။ သူငယ်ချင်းက အကုန်ရေးလို့ ရသွားတယ်။

ဒီမှာရေးတင် တဲ့အခါ blank ကြီးဖြစ်နေတာ မကောင်းလို့  သူငယ်ချင်းစီက သူရေးထားတာကို ကူးချလိုက်တယ်။ ဘယ်သူက ဘယ်ဟာဖြေတယ် ဆိုတာ ဘယ်သူသိတာမှတ်လို့ ။

M for M... & M..
1. What is your name : M... M..
2. A four Letter Word : Mint Moon
3. A boy's Name : Martin Mike
4. A girl's Name : Marcy Megan
5. An occupation : Marine Magician
6. A color : Midnight Blue Maroon
7. Something you'll wear : Mask Mask
8. A food : Muffin Margarine
9. Something found in the bathroom : Mirror Mirror
10. A place : Mandalay Mandalay
11. A reason for being late : Miss the alarm Miss the bus
12. Something you'd shout : Man !!! Move!!
13. A movie title : Monster Inc Madagascar
14. Something you drink : Margarita Milo
15. A musical group : Metallica MLTR
16. An animal : Mouse Mouse

17. A street name : Manchester Street Main Street
18. A type of car : Mazda Maserati
19. The title of a song : Moon River Miss Independent
20. A verb : Move Motivate

February 26, 2012

This life is yours...

“This life is yours.
Take the power to choose what you want to do and do it well.
Take the power to love what you want in life and love it honestly.
Take the power to walk in the forest and be a part of nature.
Take the power to control your own life.
No one else can do it for you.
Take the power to make your life happy.”
~Susan Polis Schutz

January 30, 2012

....

ကိုယ် လဲ သူမပိုင်
သူ့ကို လဲ ကိုယ်မပိုင်
ဘယ်သူ့ကိုမှ ဘယ်သူ မပိုင်
ကိုယ့် ကိုယ် ကိုယ်မှ ကိုယ်မပိုင်
ဖြစ်ချိန်တန်လျှင် ကံအတိုင်းဖြစ်
ပစ္စည်းကိုလဲ လူကပစ်
လူကိုလဲ ပစ္စည်းကပစ်
မမြဲတဲ့ အနိစ္စအစစ်
ကြောက်စရာကောင်းတဲ့ ဒုက္ခအစစ်
အစိုးမရတဲ့ အနတ္တ အစစ်။

(မစ္ဇျိမ ပဏ္ဏာသ ရဌပါလသုတ် မြန်မာပြန်)


မရွှေဇင်ဦး ဘလော့မှာ ရှယ်ယာလုပ်ပေးထားတဲ့ သော်တာဆွေ ရေးသားသော ငွေကိုလေလိုသုံးသူ(မိုးကုတ်မြမောင် အကြောင်း) ၀တ်ထုတိုမှ ဖတ်မိပြီးတာလေးပါ။

January 15, 2012

Keep Smiling..

“Just follow your heart and keep smiling!”


November 21, 2011

Me To You..

‎9966699999966699999966699966669996699999996699666996699
9966999999996999999996666996699666699666996699666996699
9966699999999999999966666699996666699666996699666996699
9966666999999999999666666669966666699666996699666996699
9966666669999999966666666669966666699666996699666996699
9966666666699996666666666669966666699666996699666996666­
9966666666669966666666666669966666699999996699999996699


**********************************************
1) Highlight The Numbers
2) Press Ctrl and f
3) Press 99 and see what happens
**********************************************

November 04, 2011

20111104

သောကြာနေ့ .. မနက်..
Long Holiday အကြို... တနင်္လာနေ့  သည် ရုံးပိတ်ရက်...

ကံကောင်မှု့ တွေရအောင်..
ပျော်ရွှင်မှု့ တွေရအောင်..
ပင်ပန်းမှု့ တွေပျောက်အောင်..
အချိုများများစားပေးရမယ်လို့  ..
နားလည်မှု့ ရှိနေသလား..

အလုပ်စားပွဲပေါ်မှ စားစာရာ တချို့ ...
From Everything


ဓာတ်ပုံက ဒီမနက် မဟုတ်ဘူး၊ မနေ့  မနက်က ရိုက်ထားတာ။ လိမော်သီးပဲ ကိုယ့်ဘာသာ ပိုက်ဆံပေးဝယ်ထားတာပါတယ်။ တခြားစားစရာတွေက သူများတွေ ပေးတာတွေကြီးပဲ။ လိမော်သီး ကတော့ စားလို့ ကုန်ပြီ၊ တခြားဟာတွေ ပုံထဲကအတိုင်း ရှိနေတုန်းပဲ။

ဒီနေ့  အလုပ်မှာ Fruits Party ရှိတယ် ပြောတယ်။ သူတို့ ကျွေးတဲ့ သစ်သီးတွေကို စားနိုင်သမျှစားပြီး ကိုယ့်လက်နှစ်ဖက်နဲ့  သည်နိုင်သမျှ သည်လို့ ရတယ်၊ အိတ်နဲ့ တော့ ထည့်မယူရပါဘူးလို့ ဖတ်လိုက်ရတယ်။ ဒီလိုတွေဖတ်ရတဲ့အခါ အစားနည်းတာ၊ လူကောင်းသေးတာ မကောင်းပါလားလို့  တွေးမိတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေ့ အလုပ်လုပ်ပြီးရင် ၃ ရက် အားလပ်ရက် ရမယ်။ စိတ်ချမ်းသာစရာပဲ။

November 03, 2011

Fruits (mandarine)

မနေ့  နေ့ လည်က ၀ယ်ဖြစ်တာ ၁၀လုံးပါတဲ့ တစ်ထုတ်ကို S$ 1.50 ပေးရတယ်။
From Everything

ပုံမှန်ဆို ဒါမျိုးတွေ စားရတာ စိတ်မရှည်ဘူး။ အမေ့ကို သတိရတာနဲ့  ၀ယ်ဖြစ်သွားတယ်။ ပြီးခဲ့တဲ့ အခေါက် မြန်မာပြည်ပြန်ဖြစ်တုန်းက အမေက အရသာရှိတယ် သမီးကြိုက်တတ်တဲ့ ချိုချိုချဉ်ချဉ်လေး၊ စားကြည့်ပါ ပြောလို့  ခုလို အလုံးသေးသေးလေးတွေ တော်တော်များများစားဖြစ် ခဲ့တယ်။ ခုလည်း အမေသာ ကျွန်မ ဘေးမှာရှိရင် စားကြည့်ဖို့ ဆို တိုက်တွန်း၊ ၀ယ်မှာပဲ စဉ်းစားမိပြီး ၀ယ်ဖြစ်သွားခဲ့တယ်။
From Everything

အစေ့ မပါဘူး။ အရည်ရွှမ်းပြီး အခွံနဲ့ အသားကပ်နေလို့  ခွာရတာ နည်းနည်းခက်တာကလွဲရင် ကျန်တာ အကုန်အဆင်ပြေတယ်။ စားလို့ ကောင်းတယ်။ တော်တော်လေး ချိုတယ်၊ နည်းနည်းချဉ်တဲ့ အရသာလေးလည်းပါတော့ စားရတာ အရသာရှိတယ်။ ဒါပေမယ့် အိမ်မှာစားခဲ့ရတုန်းကလောက်တော့ စားမကောင်းဘူးလို့  ခံစားရတယ်။

မနေ့ က အကုန် မစားဖြစ်ဘူး။ စားပွဲပေါ်မှာ ၂ လုံး ကျန်သေးတယ်။ ခဏနေ ပျင်းငြောင်းအိပ်ချင် ဖြစ်လာမှ စားလိုက်မယ် စိတ်ကူးတယ်။

ဒီမှာတော့ ကိုယ့်ဘာသာ အခွံခွါစားရပါတယ်။ အိမ်မှာလိုမျိုး အသီးလေးတွေကို အခွံပြီး၊ စားဖို့ အစဉ်သင့် အမွှာလေးတွေကို ပါးစပ်ထဲထိ လာခွန့် ပေးမယ့် အမေက ဘေးနားမှာ ရှိမနေဘူးလေ။
From Everything


Other Related Post :
Citrus Fruits
Lady Fingers

November 01, 2011

Happy November

*
***
*****
********
Lucky stars above you,
Sunshine on your way,
Many friends to love you,
Joy in work and play-
Laughter to outweigh each care,
In your heart a song-
And gladness waiting everywhere
All your whole life long!
**
**
******
~An Irish Blessing~
11-1-11

October 28, 2011

Good-Bye + Dinner

ပြီးခဲ့တဲ့ အင်္ဂါနေ့ က ညနေပိုင်းမှာ ချန်ဂီလေဆိပ်ကို ရောက်အောင် သွားဖြစ်ခဲ့တယ်။ လေဆိပ်ရောက်တော့ Terminal 1 မှာဆိုလို့  SkyTrain စီးပြီး ဆက်သွားတယ်။


Counter 1 မှာ ဆိုလို ဆက်လျှောက်ရတယ်။ Check-In လုပ်တုန်းဆိုလို့  ခဏ စောင့်ကြတယ်။ ကြိုရောက်နေတဲ့ တခြားသူငယ်ချင်းတွေနဲ့ စကားပြောတယ်၊ ပြီးတော့ နီးနီးနားနား PizzaHut မှာပဲ ညစာ စားကြတယ်။ နောက်ဆုံး နှုတ်ဆက် စကားပြောကြရင်း စားဖြစ်ကြတဲ့ နှုတ်ဆက် ညစာ။

Good Luck and All The Best, SMA!.


အစားအသောက်ကတော့ လက်လှမ်းမှီသလောက်၊ ကိုယ်စားတာပဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ လူတွေကိုလည်း ဓာတ်ပုံ ရိုက်ပေးဖြစ်တယ်။ ဓာတ်ပုံဆိုတာ ဘာပဲပြောပြော အမှတ်တရ ရှိတယ်။ နောက်တချိန် ကြုံကြိုက်လို့ ပဲဖြစ်ဖြစ်၊ အမှတ်မထင်ပဲဖြစ်ဖြစ် ပြန်ကြည့်မိတဲ့အခါ သတိရစေနိုင်သလို၊ သတိရတဲ့အခါလည်း ပြန်ကြည့်လို့ ရပါတယ်။

2011-10-25 Dinner @ PizzaHut
(Changi Airport - Terminal 1)
with SMA, AWM+NWEC, TRT + SNW, AKS
From Singapore

၃ လအတွင်း လေဆိပ်ကို ၃ကြိမ်ရောက်ဖြစ်တယ်။ ရောက်တဲ့ အကြိမ်တိုင်းက စုံစည်ပျော်ရွှင်ဖို့ မဟုတ်ဘူး။ ၂ ကြိမ်က ခွဲခွါရခြင်းအတွက် နှုတ်ဆက်ဖို့ ။ August တုန်းက တစ်ယောက်၊ ခု October မှာ တစ်ယောက်။


October 20, 2011

20111020 - My Lunch

ဒီနေ့  မနက် ဒီမှာ "What to eat" ရေးထားတာလေး ဖတ်မိသွားတဲ့ အတွက် ကျွန်မရဲ့ နေလည်စာဟာ အောက်က ဓာတ်ပုံထဲက အတိုင်းဖြစ်သွားရပါတယ်။ စာဖတ်သူတွေအပေါ် စာရေးသူတွေရဲ့ စာရေးကောင်းသူတွေရဲ့ စာတွေ ဘယ်လောက်တောင် လွှမ်းမိုးနိုင်သလဲ။ ကြည့်ပါ။

Yong Tau Foo for Lunch (S$3.0) - 20th October 2011
From Everything

ကျန်းမာရေး၊ အစားအသောက် သိပ်ဂရုစိုက်တယ်။ July 23, 2009 ကလည်း ဒီလို နေ့ လည်စာမျိုး တစ်ခါစားဖြစ်ခဲ့တယ်။ အခု နောက်တစ်ကြိမ်ထပ်စားတယ်။ မကောင်းဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ပိုစားရမယ်။ နောက်ပိုင်း ဒီလိုနေ့ လည်စာမျိုး တစ်နှစ်ကို ၁-၂ ခါတော့ အနည်းဆုံး စားဖြစ်အောင် ကြိုးစားမယ်။

Other Link: Yong Tau Foo

October 12, 2011

Full moon day of Thadingyut

သီတင်းကျွတ်လပြည့်နေ့ ..

ပျော်ရွှင်ဖွယ်ကောင်းသော သီတင်းကျွတ်အချိန်အခါ ဖြစ်ပါစေ။


အိမ်ကို ဖုန်းမဆက်ဖြစ်တာ အတော်ကြာပြီ။ ဒီနေ့  မနက်စောစောမှာတော့ အိမ်ကို ဖုန်းခေါ်ဖြစ်ခဲ့တယ်။ ဖေဖေ မရှိဘူး အပြင်သွားနေလို့ မေမေ နဲ့ ပဲ စကားပြောဖြစ်တယ်။ အခါကြီးရက်ကြီးတွေဆို ခုလိုပဲ ဖုန်းဆက်လေ့ရှိတာကြောင့် ဒီနေ့ လည်း ဖုန်းဆက်လာမှာပဲဆို ထင်နေတယ်လို့ ပြောတယ်။ ခုလိုပဲ အဝေးကနေ ဖုန်းထဲက တစ်ဆင့်ပဲ စိတ်ထဲကမှန်းပြီး ကန့် တော့ဖြစ်တဲ့ နှစ်တွေက နည်းမှ မနည်းတော့တာ။

ဒီနှစ်တော့ ဦးကြီးလည်း အိမ်မှာ ရောက်နေတာနဲ့  နှုတ်ဆက်စကားပြော ကန်တော့ဖြစ်တယ်။ ဖေဖေ နဲ့ စကားပြောဖို့  ညနေပိုင်း ဖုန်းထပ်ဆက်ရအုံးမယ်။ အခုလို လူကြီးမိဘတွေကနေ ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး အစစ အရာရာ အဆင်ပြေစေဖို့  ဆုမွန်ကောင်းတောင်းပေးတာ နားထောင်ရတာ စိတ်ချမ်းမြေ့ဖို့ ကောင်းပါတယ်။

ငယ်ငယ်ကကြုံခဲ့ရတဲ့ သီတင်းကျွတ် အချိန်တွေကို သတိရမိပါသေးတယ်။ အစမ်းစားမေးပွဲပြီးလို့  သီတင်းကျွတ် ကျောင်းပိတ်ရက်တွေမှာ မိုးပျံအောင် အားပါးတရ ကစားခဲ့ရတာကို သတိရတယ်။ ဆီမီးတွေထွန်း၊ ပွဲဈေးတွေလျှောက် စားချင်တာတွေဝယ်စား ခဲ့ရတာကို သတိရတယ်။ အမျိုးထဲက သက်ကြီးဝါကြီးတဲ့သူတွေကို လိုက်ကန်တော့ပြီး မုန့် ဖိုးတွေတာကိုလည်း သတိရမိပါတယ်။

ခုတော့ အလုပ်များနေပါ၏။ ။