Pages

April 19, 2011

.....

1.
From Blog Template

2.
From Blog Template

3.
From Blog Template

4.
From Blog Template


5. To be continued....




အချိန်ဖြုန်းတယ် ပြောမလား။ အလုပ်မရှိ အလုပ်ရှာပြီး Blog ရဲ့ Template ကို လျှောက်ပြောင်းကြည့်ဖြစ်တယ်။ Google မှာ လိုက်ရှာ၊ တွေ့ တာတွေထဲက မျက်စိသင့်ရာ Template တွေ တစ်ခုပြီးတစ်ခု ပြောင်းကြည့်တယ်။ သူများတွေ အဆင်သင့် ရေးတင်ထားတာတွေကို သုံးတာဆိုတော့ ပြောင်းရတာ သိပ်မြန်တယ်။ ၄ ခုမြောက် Template ကို စမ်းအပြီးမှာ အိပ်ချိန် ရောက်လာတာနဲ့ ဒီနေ့ အတွက် နောက်ဆုံး စမ်းသပ်ခြင်းအနေနဲ့  လက်ရှိ Template ကို ပြောင်းတင်ထား လိုက်တယ်။ အခုဟာက ခပ်ရှင်းရှင်းဆိုတော့ နောက်နေ့  အချိန်မရရင်တောင်မှ ဒီအတိုင်း ခန ထားလိုက်လို့ ရတယ်။

April 17, 2011

Angry Birds for PC

ဟိုးအရင်က ၂၀၁၀ နှစ်ဆန်းပိုင်းလောက်က ဖုန်းမှာ ဒီဂိမ်း ၀ယ်ဆော့ခဲ့ဖူးတယ်။ ဟိုတနေ့က သူငယ်ချင်း တစ်ယောက်ရဲ့ ဖေ့ဘုတ်က တစ်ဆင့် ဒေါင်းလုပ်လုပ်ဖို့  လင့်တွေ့ လိုက်တာနဲ့ ကွန်ပြူတာမှာ သွင်းပြီး ခုရက်ပိုင်းမှာ ဒီဂိမ်းကို နည်းနည်း ပြန်ဆော့ဖြစ်တယ်။




Credit to Kelvin

April 05, 2011

နေ့ - မိုဃ်းဇော်

နေ့

မုသားတွေကို
အနံ့မထွက်ဘဲပြောဖို့
ကျွန်တော်တို့  သွားတိုက်ကြတယ်။

တစ်ယောက်ကိုတစ်ယောက်
မျက်နှာပြောင်ပြောင် ပြစ်မှားဖို့
ကျွန်တော်တို့ မျက်နှာသစ်ကြတယ်။

ကာမဂုဏ်အမျိုးမျိုးနဲ့
ခေါက်ရိုးကျိုးနေတဲ့ ခန်ဓာကိုယ်ကြီးကို ဆပ်ပြာတိုက်
ရေမိုးချိုး
ခေါက်ရိုးမကျိုးသေးတဲ့ အ၀တ်အစားတွေဖုံးလွှမ်းပြီး
လမ်းမတွေပေါ်
ကျွန်တော်တို့ ထွက်ခွာလာကြတယ်။

အို.....
ကျက်သရေအပေါင်းနှင့် ပြည့်စုံသော ကမ္ဘာကြီး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မနက်ခင်း၌
သန့်ရှင်းသူတို့အား ကြိုဆိုလော့။

မိုဃ်းဇော်
[ပန်းအင်္လကာ၊ ဇူလိုင်လ၊ ၂၀၀၈]

March 13, 2011

Distance And Time

No matter how far you are
no matter how long it takes him
through distance and time
I'll be waiting


Download

March 05, 2011

င ငါးပိထောင်း ... စားလို့ ကောင်း

From Burmese Food

င.. ငါးပိထောင်း စားလို့ ကောင်း...

ပုံတွေ့ ရတာနဲ့ တင် အနံ့ လေးတွေ မွှေးလာသလို ခံစားရပြီ ဗိုက်ဆာလာတယ်။ တချို့ ကတော့ ပြောတယ်.. ဒီလို ငါးပိထောင်း တစ်ခွက်နဲ့  တောင် ထမင်း ၂ပန်းကန် ၃ ပန်းကန် စားနိုင်ပါတယ်တဲ့.. ပြောကြတာပဲ။ တကယ်ဟုတ် မဟုတ် အခွင့်အရေးကြုံမှ ငါးပိထောင်းတစ်ခွက်ထဲနဲ့  ထမင်းကျွေးကြည့်ပါအုံးမယ်။

ဒါနဲ့  အခု ငါးပိထောင်း ထောင်းတဲ့သူက အတော်လေးတော်တယ်။ ခပ်စပ်စပ်လေး နဲ့  စားလို့ ကောင်းတယ်။ ဘယ်သူလဲ မသိဘူး။ နောက်မှ နည်းမေးကြည့်အုံးမယ်။ အခုတော့ ဘယ်သူ ဘယ်လိုထောင်းတာလဲတောင် မမေးမိဘူး။ စားဖို့ ပဲသိတယ်။
From Burmese Food
ငါးပိထောင်းလောက် လူကြိုက်မများပေမယ့် ၀က်သားချဉ်ကြော်လည်း စားလို့ ကောင်းပါတယ်။ ကိုယ်တိုင် အချဉ်တယ်ထားတာ မဟုတ်ပါ။ ၀ယ်လာတဲ့ ၀က်သားချဉ်ကို ဆီလေးနဲ့ အနံ့ ပျောက်အောင် လှိမ့်ပြီး ကြော်သလို လုပ်ထားတယ်။

မပြည့်ချက်တဲ့ ဟင်းရည်သောက်က ငါးနဲ့  ကန်စွန်းရွက် ချဉ်ဟင်း။ ကိုယ့်ဘာသာဆို ဒါမျိုး ယောင်လို့ တောင် ချက်စားမှာ မဟုတ်ဘူး။ ချဉ်ဟင်းတစ်ခွက် ချက်တာ ရှုပ်တယ်ထင်တယ်။ စားရတာနဲ့  မကာမိဘူး။ ဒီမနက်မှ မပြည့်ဟင်းချက်နေတာကြည့်ပြီး စဉ်းစားမိတယ်၊ ကိုယ့်ဘာသာ ချဉ်ဟင်း မချက်ဖြစ်တာ ၁၀ နှစ် ကျော်တောင်ရှိရောမယ်။

ဟင်းတွေကြည့်ပြီး သွားကျိန်းသွားလောက်တယ်။ ဒါပဲလာဆို မဟုတ်ဘူး။ အမဲသားကို ခရမ်းချဉ်သီးနဲ့ ချက်သေးတယ်။ ဆီပြန်ထက်စာရင် ဒါမျိုးချက်တာလည်း တမျိုးကောင်းတယ်၊ ကြိုက်တယ်ဆိုတော့လည်း နည်းမေး စမ်းကြည့်တာ။ စိတ်ကူးတာတော့ ကိုယ်တိုင်ချက်မလို့ ပဲ.. ဒါပေမယ့် မနေနိုင်တဲ့သူတွေက နည်းပေးလမ်းပြ ၀င်ချက်ပေးသွားတယ်။ အသားတွေတော့ ကိုယ်တိုင် လှီးတာပါ။ ကီလိုဝက် ၀ယ်လာဖြစ်တယ်။ ဒီမနက် တစ်ဝက်လောက်ပဲ ချက်လိုက်တယ်။ ကျန်သေးတယ်။

From Burmese Food
ဟင်းဆို ပုံမှန်ဆို ဆီပြန်ကြိုက်တယ်။ ဒီနေ့ ဟင်းကတော့ ဆီသိပ် မပါဘူး။ ကျန်းမာရေးနဲ့  ညီညွတ်အောင် ဆီလျှော့ စားတယ်ပေါ့။


ဒါပဲလားဆို မဟုတ်ပြန်သေးဘူး။ ဒီနေ့  ထမင်းဝိုင်းမှာ... ငါးကြော် နဲ့  ငါးဖယ်သုတ်လည်းပါ ပါသေးတယ်။ အစားအသောက် များများစားပါ။

February 14, 2011

Yangon 1001

လျှင်မြန်သွက်လက် စိတ်ရှည်ဇွဲသန် လုံ့ လ၀ီရိယရှိမှု့ 
သက်သေဆို လွန်များသွားလေမလား..


လိုက်ရှာလိုက်တာ ဓာတ်ပုံတစ်ပုံထွက်လာတယ်..
From Everything

February 13, 2011

နောက်တစ်ခေါက် ထပ်မြှောက်

ပြီးခဲ့တဲ့အပတ်က တချို့ ရက်တွေမှာ နေ့ လည်ဆို အပြင်သွား၊ လက်တွေ မြှောက်ကြရတယ်။ အောက်ကပုံက အားလုံးရဲ့ လက်တွေ မမြှောက်မှီ အချိန်လေးမှာ ရိုက်ထားလိုက်တာ။ လက်တွေမြှောက်နေတဲ့ပုံ တော့ မရှိဘူး။ အဲ့ဒီအချိန်မှာ ဓာတ်ပုံရိုက်ဖို့  လက်မအားဘူး။
From Everything
မြှောက်ပြီးရင် ဘာလုပ်လဲဆို... မြှောက်ပြီး စားကြသည်။ အမြှောက်အစား ကျွမ်းကျင်တယ်။ တစ်နှစ်တစ်ခါ ဒီအချိန်လေးမှာ မြှောက်ပြီး စားကြတာ ထုံးစံတစ်ခု။
From Everything
အမြှောက်ပြီး အစားရဲ့ နောက်ဆက်တွဲများ..
From Everything
From Everything
အစားအသောက်တွေ အရမ်းများတယ်။ တစ်ဝိုင်း လူ၁၀ ယောက်၊ ဘယ်လိုစားစားမကုန်ဘူး။ နောက်မှ သိရတယ်။ လူ ၁၀ ယောက် တစ်ဝိုင်း ဆိုပေမယ့် အစားအသောက်က ၁၅ ယောက်စာ။ အင်း.... အတွင်းနဲ့ အပြင် ကွာတယ်။
From Everything

February 09, 2011

ကားလမ်းဘေးကပန်း

အခုနဏ ထမင်းစားပြီး အပြန်.. လမ်းလျှောက်ရင်း ဖုန်းနဲ့  ၇ိုက်ထားတာ။ လှသားပဲ။ ကားလမ်းတစ်လျှောက် အပင်တွေမှာ ပွင့်နေတဲ့ပန်းမို့  ကားလမ်းဘေးကပန်း။ ဒီနိုင်ငံမှာ ကားလမ်းဘေးတွေမှာ သနပ်ခါးပန်း၊ ယုဇန၊ ညမွှေး၊ တခြား ဘာမှန်းမသိတဲ့ ပန်းဖြူဖြူသေးသေးလေးတွေ ပွင့်တဲ့ အပင် နဲ့ သပြေပင်တွေကို ပုံသွင်း ညှပ်ပြီး စိမ်းစိမ်းစိုစိုဖြစ်အောင် စိုက်ထားတတ်တာကို သဘောကျတယ်။ အခုပုံမှာပွင့်နေတဲ့ ပန်းကတော့ ယုဇန။

From Nature

ဒီနေ့  အလုပ်ရှုပ်နေတာနဲ့  ထမင်းစားနောက်ကျပြီး တစ်ယောက်တည်းသွား ဖြစ်တာကြောင့် ဒါမျိုး ရိုက်ဖြစ်တာ။ camera လက်ထဲမပါလို့  ဖုန်းနဲ့ ပဲ ရိုက်လိုက်ရတယ်။ ဟိုး... အရင်လို ထမင်းစားပြီး အညောင်းပြေ သက်တောင့်သက်သာ လမ်းလျှောက်ရင်း ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက် မလုပ်ဖြစ်တာကြနေပြီ။

နေ့ လည်စားစားရင်း ၇ိုက်ဖြစ်တဲ့ ပန်းကနေ .... စိတ်ကူးတည့်ရာ.. ရေး..


* * * * *
* * *
*

February 08, 2011

08 February 2011

အားလုံးရဲ့ လက်တွေ လေထဲကိုမြှောက်ထားလိုက်။ နောက်တာ မဟုတ်ဘူး၊ တကယ်။ အခုလို ပြင်ဆင်ထားတာတွေ တွေ့ တဲ့ အခါတိုင်းမှာ ဒီသီချင်း စာသားတွေ ခေါင်းထဲကို အလိုလို ရောက်ရောက် လာတယ်။ ဒီမှာ CNY ဆို အဲ့ဒီလိုတွေ မြှောက်ကြတာ တွေ့ နေ ကြုံနေ မြင်နေရလို့ ထင်ပါတယ်။
From Everything

ဘာအတွက်လည်းတော့ နားမလည်ဘူး။ ခုချိန်ထိတော့ ဘာလုပ်တာလည်းဆိုတာ မေးမကြည့်ဖြစ်သေးဘူး။ သူတို့ အယူအဆနဲ့  တစ်ခုခု ကောင်းစေတဲ့သဘောပဲ ဖြစ်မယ်ထင်ပါတယ်။ မကောင်းတယ် ထင်တာကိုတော့ နှစ်ကူးအချိန် ဘယ်သူမှ မလုပ်လောက်ပါဘူး။

လူတိုင်း အကုန်လုံး ပါဝင်ဆင် နွှဲ လက်မြှောက်ခြင်း လုပ်လို့ ရအောင်ထင်တယ် အများကြီးပဲပြင်ဆင်ထားတယ်။
From Everything

၁၂ ကျော်မှာ လူတွေအားလုံး ရောက်လာတယ်။ လူတွေကြည့်ပြီး မျက်စိတွေနောက် ခေါင်းတွေမူးလာတာနဲ့  အခန်းထဲပြန်ဝင် စားပွဲပြန် သွားထိုင်နေဖြစ်တယ်။ ကိုယ့်လိုပဲ အခန်းထဲမှာ ထိုင်နေတာ ၃ .. ၄ ယောက်ရှိနေတယ်။ လူတွေများ ရှုပ်ရှက်ခပ်နေတာ မနေတတ်ကြဘူး၊ လူမှု့ ပေါင်းသင်းဆက်ဆံရေး ညံ့တယ်ပြောလည်း ရနိုင်တယ်။ Lucky Draw လည်းဖောက်တယ်။ Grand Prize က S$88 တဲ့။ 8 ဆိုတာ ကြိုက်တယ်ဆို 888 လောက် ဖောက်ပေးသင့်တယ်လို့  တွေးလိုက်မိတယ်။ နည်းလို့ လားမသိဘူး... ဘာဆုမှ မရပါ။

မြှောက်ကြပြုကြ၊ ပြောကြဆိုကြနဲ့  ထမင်းစားချိန် နောက်ကျတယ်။ ထမင်းစားနေတုန်း တစ်ယောက်က မေးလာတယ်။ ကျွန်မတို့ အိမ်မှာ CNY အတွက်ပြင်ဆင်မှု့ တွေလုပ်လားတဲ့။ မလုပ်ပါဘူး ဖြေလိုက်တယ်။ ဘာလို့  မလုပ်တာလဲတဲ့ ဆက်မေးလာပြန်တယ်။ ငါက တရုတ်မှ မဟုတ်တာဆိုတော့ ဘေးကတစ်ယောက်ကြည့်ပြီး Vietnamese တွေကကြတော့ တရုတ်မဟုတ်ပေမယ့် CNY လုပ်ကြတယ်လေတဲ့။ ငါတို တော့ မလုပ်ဘူးပြောတာကို မရပ်ဘူး ဆက်မေးပြန်တယ်။ ရုံးတွေရော ပိတ်လားတဲ့၊ တို့ တိုင်းပြည်မှာ CNY က Public Holiday မဟုတ်ဘူးဆိုတော့ တအံ့တသြနဲ့  နင်တို့ တိုင်းပြည်မှာ တရုတ်တွေ မရှိဘူးလားတဲ့။ ရှိသားပဲလို့ .. လူနည်းလို့ လားတဲ့.. မနည်းပါဘူး ပြန်ဖြေလိုက်တော့ ဒါဆို ဘာလို့ ရုံးတွေ မပိတ်တာလဲတဲ့။ တရုတ်လူမျိုးတွေရှိရင် တရုတ်နှစ်ကူး ရုံးပိတ်ကြတယ်လို့  သူထင်တာ၊ မဟုတ်ဘူးလားတဲ့။ ဗဟုသုတကလည်း နည်းလိုက်တာလို့ ပြောချင်ပေမယ့် မပြောဖြစ်ပဲ.. တို့ တိုင်းပြည်မှာတော့ CNY က ပိတ်ရက် မဟုတ်ပါဘူး၊ တရုတ်လူမျိုးတွေ ရှိပါတယ်။ သူတို့ ဘာသာ သူတို့  နှစ်ကူး လုပ်တယ်။ တခြားသူတွေ ဘာမှ မလုပ်ဘူး။ ဖိတ်ရင်တော့ သွားစားတယ်။ သိသလောက် UK.. US နဲ့  AUSI မှာလည်း CNY က ရုံးပိတ်ရက် မဟုတ်ဘူး ပြောပြီး ထမင်းဆက်စားနေ လိုက်တယ်။ ထမင်းစားချိန် နောက်ကျလို့  ဗိုက်ဆာပြီး စိတ်သိပ်မကြည်ရတဲ့ အထဲ ဘာတွေပြောနေမှန်း မသိဘူး။ ထပ်မမေးတော့ လို့ တော်သေးတယ်။ ထပ်မေးလာရင် ပြန်ဖြေဖို့  လုံးဝ စိတ်ရှည်နိုင်တော့မှာ မဟုတ်ဘူး။

February 07, 2011

♥ In Love With....

From In Love With

2010 November လအတွင်းမှာ လက်ခံရရှိခဲ့တဲ့ လက်ဆောင်တွေထဲက တစ်ခု။ သူစာဖတ်သလို၊ ကိုယ်လည်းစာ လိုက်ဖတ်စေဖို့ ။ သူတစ်ခု ကိုယ်တစ်ခု။ Amazon ကနေ ဖတ်စေချင်တဲ့ eBook လေးတွေတောင် ၀ယ်ပေး သေးတယ်။ ကိုယ်စီရောက်တော့လား... ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေပဲ ထည့်ဖတ်ဖြစ်တာပေါ့။ အဲ... ၀ယ်ပေးထားတဲ့စာအုပ်တွေ ဖတ်လို့  ပြီးသွားပြီးလာဆို.... အဲဒီ စာအုပ်တွေ အလှည့် မရောက်သေးဘူးလို့ ပဲ ဖြေရတယ်။ အလှည့်ရောက်တဲ့အခါကြရင်တော့ အဲဒီစာအုပ်တွေ အကုန် ပြီးအောင်ဖတ်ပါ့မယ်ပေါ့။ ",)

November 12, 2010

♥ In Love With...

From In Love With

အရုပ်လေး နှစ်ရုပ် ရတယ်။ ထူးထူးဆန်းဆန်းပဲ။ အရုပ် လက်ဆာင်ရတယ် ဆိုတာ မထူးဆန်း ပါဘူး။ တခြားသူငယ်ချင်း အပေါင်းအသင်းတွေစီက အကြိမ်ကြိမ် ရဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ယောက်စီကတော့ အခုလိုရတာဟာ ပထမဆုံးအကြိမ်ပါပဲ။ နှစ်ပေါင်းများစွာ အတွင်းမှာ သူပေးခဲ့တဲ့ အရာတိုင်းဟာ ကိုယ့်အတွက် အသုံးလိုမယ့်၊ အသုံးလိုတဲ့ အရာတွေကြီးပဲ။ ဒီတစ်ခါမှ ရှားရှားပါးပါးဆိုသလို အရုပ်လေး ၂ ရုပ်ပါလာတယ်။ ထူးဆန်းနေတယ်။ သေသေချာချာ သိမ်းထားရမယ်။

November 10, 2010

20101110

၀၀း၅၅ အိပ်ချင်စိတ် မရှိ၊ ကြိုးစားအိပ်ပါ။
၀၁း၂၇ အိပ်မပျော်သေးပါ။
၀၄း၁၂ တရေးနိုး။
၀၄း၁၄ စကားပြော။
၀၄း၂၀ ပြန်အိပ်ဖို့ ကြိုးစား။
၀၈း၄၅ မှ နိုးလာတယ်။ ရေချိုး အလုပ်သွားဖို့ ပြင်ဆင်။ (မနက် ၇း၄၅ နိုးစက် မမြည်။ အချိန်မှားပြောင်းထားမိသည်။)
၀၉း၀၅ ရထားဂိတ်ရောက်။
၀၉း၃၅ အလုပ်ရောက်သည်။
၁၀း၃၀ အပြင်ခဏ ပြန်ထွက်သည်။ မေးမြန်းစရာရှိတာ မေးမြန်းစုံစမ်းသည်။ အဆင်မပြေ။
၁၀း၄၅ အလုပ်ပြန် ရောက်သည်။ ရှာဖွေသည်။ နည်းလမ်းရှာသည်။
၁၂း၀၀ နေ့ လည်စာစားချိန် အပြင်သွားသည်။
၁၂း၂၅ စုံစမ်းမေးမြန်းရပြန်သည်။ အဆင်ပြေသည်။ စိတ်ချမ်းသာပါသည်။
၁၂း၄၀ အလုပ်ပြန်ဖို့ အဆင်မပြေ၊ အိမ်ခဏပြန်သည်က ပို၍အဆင်ပြေသည်။
၁၂း၄၅ ကားငှါးပြီး အိမ်ပြန်လာသည်။
၁၃း၀၀ အိမ်သော့မပါလာ။ အလုပ်မှာကျန်ခဲ့သည်ကို သတိရလိုက်သည်။ ဖုန်းဆက်ရပြန်သည်။
၁၃း၁၀ အိမ်ပြန်ရောက်သည်။ လူမရှိ။ ဘေးခန်းများတွင်လည်း လူမရှိ။ အိမ်ထဲမဝင်နိုင်။
၁၃း၃၅ သော့ပါသည့် ကလေးငယ် ကျောင်းမှ ပြန်ရောက်လာသည်။
၁၃း၄၅ အိမ်မှ ပြန်ထွက်သည်။
၁၄း၁၅ အလုပ် ပြန်ရောက်သည်။
.
အလုပ်လုပ်နေပါသည်။
.
၁၅း၄၀ ဦးနှောက်အနားပေး ဒီစာရေးသည်။
.
အလုပ်ဆက်လုပ်ရမည်။
.
၁၉း၀၀ တွင် Report တစ်ခု ပို့ ပေးစရာရှိသည်။
.
.
.
၁၉း၃၀ သွားစရာတစ်ခု ရှိသည်။
၂၀း၃၀ တွေ့ စရာတစ်ခု ရှိသည်။
၂၁း၀၀ လုပ်စရာတစ်ခု ရှိသည်။
၂၁း၃၀ သွားစရာတစ်ခု ရှိသေးသည်။
.
.
၂၄း၀၀ မထိုးမှီ အိမ်ပြန်ရောက်မည် မျှော်လင့်ပါသည်။

November 09, 2010

♦ Cartoons

From ThePhotoILike

Source: The Voice Weekly Journal (6-49, November 8-14, 2010)

ဒီကာတွန်းပုံထဲက အတိုင်းသာအပြင်မှာ အမှန်ဖြစ်မယ်ဆို ကိုယ်ဘယ်လိုလူမျိုးလဲ။ လောဘကြီးလား၊ ဒေါသကြီးလား၊ အပျော်ကြူးလား၊ အပျင်းကြီးလား၊ ယောင်ဝါးဝါးလား။ FB မှာ မဟနစံ ရှယ်ယာလုပ်ထားတာတွေ့ လို့ ။ ကာတွန်းဖတ်ပြီး The Voice Weekly Journal တွေကို Download လုပ်ဖတ်ကြည့်ဖြစ်တယ်။ အလုပ်များနေတာနဲ့  Journal တွေမဖတ်ဖြစ်တာ တောင်အတော်ကြာပြီ။ ဒီနေ့ တော့ အဟောင်း ၇ စောင်လောက် ဟိုကြည့်ဒီကြည့် ဖတ်ဖြစ်သွားတယ်။ ကာတွန်းဖတ်ချင်လို့  ဂျာနယ်တွေပြန်ရှာ ဖတ်ဖြစ်တာပါ။ ဒါပေမယ့် အစောင်တိုင်းမှာ Cartoons Of The Week အမြဲ ပါတာမဟုတ်မှန်း တွေ့ ရတယ်။ E-Book (PDF Version) မို့ လားတော့ မသိဘူး။ Joke Of The Week ကတော့ အမြဲပါတယ်။ Joke တွေလည်းမဆိုးပါဘူး၊ ဖတ်ကောင်းသားပဲ။

November 03, 2010

Who's Suing Whom? (InfoGraphic)

From ThePhotoILike

ဒီပုံကို InformationIsBeautiful ဆိုဒ်မှာ တွေ့ တာပါ။ အဲဒီဆိုဒ်ကို သဘောကျတယ်။ သတင်းအချက်အလက်တွေကို အခုလိုပဲ ပုံလေးတွေနဲ့  ပြပေးတယ်။ တကယ်ဆို ဒီပုံထဲ အချက်တွေကို နည်းပညာနဲ့ ဆိုင်တဲ့သတင်းတွေ ဖတ်လေ့ရှိသူတွေ အကုန်သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အခုလို ပုံလေးနဲ့  ပြထားတော့ အားလုံးကို လွယ်လွယ်ကူကူ ပုံလေး(InfoGraphic) တစ်ချက် ကြည့်ယုံနဲ သိခွင့်ရတယ်။

ဒီလို Infographics (Information graphics) တွေကြည့်ရတာ ကြိုက်တယ်။ စာဖတ်ရ သက်သာတယ်လေ။ စိတ်ဝင်စားတဲ့ သတင်းတွေကို ဖတ်တာ အကုန်ဖတ်မိဖို့ မလွယ်ဘူး။ အချိန်ရမှ သတင်းတွေ ဖတ်ရတာဆိုတော့ သတိမထားမိ လိုက်တာ၊ လွတ်သွားတာတွေ ရှိနိုင်တယ်။ (ဆင်ခြေပေးလို့ လည်း ယူဆနိုင်ပါတယ် ;))။ ဖတ်လေ့ရှိတဲ့ သတင်းဆိုဒ်တွေဆို Reader တွေနဲ့ ဖတ်တာများပါ။ ဒါပေမယ့် မသိလိုက်တာတွေလည်း ရှိတာပဲ။ နေတိုင်းအချိန်ရရင် အကုန်ခေါင်းစဉ်လောက်တော့ အနည်းဆုံး ကြည့်ဖြစ်ပေမယ့်၊ အလုပ်များလို့  ၃-၄ရက် မဖတ်ဖြစ်၊ အသစ်တွေများနေရင် MakeAllAsRead ဆိုတာလေး နှိပ်လိုက်တတ်တဲ့ အကျင့်ကြောင့်ဖြစ်မယ်။ Infographics တွေတော့ ကြည့်တယ်။ အဲဒီထဲက ကိုယ်မသိတာလေးတွေတွေ့ လို့  သိချင်တာလေးများ ပေါ်သွားရင် လွယ်လွယ်ကူကူ Google လုပ် ရှာဖတ်လိုက်နိုင်တယ်။

October 26, 2010

Remember When

Remember when thirty seemed so old
Now lookin' back, it's just a steppin' stone
To where we are, where we've been
Said we'd do it all again
Remember when



Alan Jackson - Remember When

Remember when I was young so were you
time stood still love was all we knew
You were the first, so was I
made love and then you cried
Remember when

Remember when we vowed the vows walked the walk
Gave our hearts, made the start, it was hard
lived and learned, life threw curves
There was joy, there was hurt
Remember when

Remember when old ones died new were born
life was changed, disassembled, rearranged
We came together, fell apart
broke each other's hearts
Remember when

Remember when the sound of little feet was the music
We danced to week to week
Brought back the love, we found trust
Vowed we'd never give it up
Remember when

Remember when thirty seemed so old
Now lookin' back, it's just a steppin' stone
To where we are, where we've been
Said we'd do it all again
Remember when

Remember when we said when we turned gray
When the children grow up and move away
We won't be sad, we'll be glad
For all the life we've had
And we'll remember when

Remember when
Remember when

October 21, 2010

Wavin' Flag

၁၉၇၄ ခုနှစ် မတ် ၂ မှ စတင်အသုံးပြုခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံရှိ..

အနီရောင်သည် ရဲရင့်ပြတ်သားခြင်း ၊ အပြာရောင်သည် ငြိမ်းချမ်းတည်ကြည်ခြင်း၊ အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း နှင့် အရွယ်တူကြယ်ဖြူ(၁၄)လုံးသည် ပြည်နယ်နှင့်တိုင်း (၁၄)ခု ကိုယ်စားပြုသည်။
စပါးနှံ နှင့် စက်သွားသည် တောင်သူလယ်သမားများ နှင့် အလုပ်သမားများကို ကိုယ်စားပြုသည်။

ကျွန်မတို့  ငယ်ငယ်က သင်ရတာတွေ။ အခုတော့ ပြောင်းလဲသွား ပါပြီ။ ဒီနေ့  နေ့ လည် ၃ နာရီမှာ အလံသစ်တင်ပြီး၊ အခုလက်ရှိအလံကို ချ၊ ဖျက်ဆီးကြတယ်လို့ သတင်းတွေ အရ သိလိုက်ရတယ်။
ညီမတစ်ယောက်က " မီးပွိုင့်ကြီးတစ်ခုလုံး တစ်ပြိုင်နက်လင်းနေသည်ကို မြင်လိုက်ရသကဲ့သို့  " လို့  ပြောထားတယ်။ ပထမ သူရေးထားတာ ဖတ်ပြီးပြီး၊ ဘာရေးထားတာလဲလို့  စဉ်းစားလိုက်ရတယ်။ နောက်မှ အလံသစ်ကို ပြောချင်မှန်း သဘောပေါက်သွား ရတော့တယ်။

- - -

WikiMyanmar မှ......
ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ
* ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၀ အရ နိုင်ငံတော်အလံ၏ အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြဌာန်းထားသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁ နှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေ အမှတ် ၁ တို့အရလည်း ထပ်မံ၍ အသေးစိတ် ပြဌာန်းထားသည်။

* ထိုဥပဒေများအရ နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာ အနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ ၁၄ လုံး ၀န်းရံထားသော ပင်နယံနှင့် စပါးနှံ နှစ်ခက်ရှိသည်။။ ပင်နယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ ခုရှိသည်။ ပင်နယံအတွင်းရှိ စပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများ၏ တစ်ဖက်တစ်ချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။

* စပါးနှံနှင့် စက်သွားသည် အခြေခံ လူတန်းစားနှစ်ရပ်ဖြစ်သော တောင်သူလယ်သမားများနှင့် အလုပ်သမားများကို ရည်ညွှန်းသည်။ အရွယ်တူကြယ်ဖြူ ၁၄ လုံးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ်ခုနစ်ခုနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ခုနစ်တိုင်းတို့၏ တန်းတူညီတူရှိမှုကို ဖော်ဆောင်ထားသည်။

* အလံတော်ရှိ အဖြူရောင်သည် သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်းကို လည်းကောင်း၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းကိုလည်းကောင်း ဖော်ဆောင်သည်။ အပြာရောင်မှာ ငြိမ်းချမ်းခြင်းနှင့် တည်ကြည်ခြင်းကို ဖော်ဆောင်သည်။

* နိုင်ငံတော်အလံကို လွှင့်ထူရမည့်အဆောက်အဦး၊ နေရာဌာနများနှင့် လွှင့်ထူရမည့် နေ့ကြီးရက်ကြီးများ၊ လိုက်နာရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များကိုလည်း ဥပဒေအရတိကျစွာ ပြဌာန်းထားသည်။ ၁၉၄၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော တော်လှန်ရေးကြယ်ကြီး တစ်လုံးကို ခြံရံထားသည့် ကြယ်ငါးလုံးပါအလံကို ၁၉၇၄ ခုနှစ် အခြေခံဥပဒေဖြင့် ရုတ်သိမ်းခဲ့သည်။

* ကိုးကား - မောင်အုန်းဖေရေးသည့် “ဒီဟာအစ ဒီလိုက” စာအုပ်

October 08, 2010

Friday Night


You know I like my chicken fried
Cold beer on a Friday night

သောကြာည။ ဒီသီချင်း ဗားရှင်း နှစ်မျိုးနားထောင်ဖူးတာ အခုညတော့ ဒီခပ်မြူးမြူး ဗားရှင်းကို နားထောင်နေပါတယ်...



ဒါကတော့ ခပ်အေးအေးပဲ။


စိတ်ပါတယ်ဆို Youtube မှာ သီချင်းစာသားကြည့်ပြီး လိုက်ဆိုလို့ တောင်ရသေးတယ်။
Chicken Fried with Lyrics

Well I was raised up beneath the shade of a Georgia pine
And that`s home you know
Sweet tea pecan pie and homemade wine
Where the peaches grow
In my house it`s not much to talk about
But it`s filled with love that`s grown in southern ground
And a little bit of chicken fried

Cold beer on a Friday night
A pair of jeans that fit just right
.....

Well its funny how it`s the little things in life that mean the most
Not where you live, the car you drive, or the price tag on your clothes
There`s no dollar sign on a piece of mind this I`ve come to know
So if you agree have a drink with me
Raise your glasses for a toast
To a little bit of chicken fried

I thank god for my life
And for the stars and stripes
May freedom forever fly, let it ring.
Salute the ones who died
The ones that give their lives so we don`t have to sacrifice
All the things we love
Like our chicken fried

Cold beer on a Friday night
A pair of jeans that fit just right
And the radio up
Well I`ve seen the sunrise
See the love in my woman`s eyes
Feel the touch of a precious child
And know a mother`s love

Swissotel Merchant Court Buffet

ရှေ့ မှာ တင်ထားတဲ့ ပုံတွေက Durian Pengat ကို Swissotel Merchant Court Buffet မှာ စားတာပါ။ နေရာက Ellenborough Market Cafe. 20 Merchant Road (S) 058281။ Clarke Quay MRT နားမှာ။ အဲဒီဆိုင် နာမည်ကြီးတယ်။ အတော်များများ သိကြမယ် ထင်တယ်။ အင်တာနက်ပေါ်မှာ လွယ်လွယ်ကူကူ ရှာလို့ ရတယ်။ အင်တာနက်ပေါ်မှာ သူမျာတွေရိုက်တင်ထားတဲ့ ပုံတွေကြည့်ပြီး ဗိုက်တောင်ဆာလာတယ်။ အဲဒီမှာ HSBC Card ပရိုမိုးရှင်းရှိတာ များတယ်။ ဟိုနေ့ က ၄ ယောက်စားရင် ၃ ယောက်အတွက် ပဲပေးရတာတွေ့ မိတယ်။

ဒီမှာ ရေးထားတာအရဆို အဲဒီမှာ Crab Buffet ဆိုတာမျိုးတောင် ရှိတတ်သေးတယ်တဲ့။ ၂၀၀၉ ကပဲ။ ကျွန်မတော့ ခုချိန်ထိ Crab Buffet နဲ့ တခါမှ မကြုံဖူးသေးဘူး။ ပုံမှန် Buffet ပဲစားဖူးတယ်။

ဟိုဒူးရင်းသီးပုံရိုက်ဖြစ်တဲ့နေ့ က တခြားပုံတချို့ လည်းရိုက်ဖြစ်တယ်။ ပုံတွေကြည့်ရတာ နေ့ လည်စာ စားတာနဲ့  မတူ ဆော့သလိုဖြစ်နေမယ် ထင်တယ်။ ထမင်းနဲ့  တခြား အကြော်လှော်တွေ ဟိုနည်းနည်း၊ ဒီနည်းနည်း ဗိုက်ပြည့်လုနီးပါး စားပြီးမှာ နောက်ထပ် ဟိုတို့ ထိ ဒီတို့ ထိ စားတာလေးတွေကိုပဲ ဓာတ်ပုံရိုက်ဖြစ်တာပါ။ ဗိုက်ဆာနေတုန်းဆို ဓာတ်ပုံရိုက်ဖို့ စိတ်မ၀င်စားဘူး။

From Everything


တစ်ကောင် စမ်းစားကြည့်တယ်။ စားရတာ သိပ်မခက်ဘူး။
From Everything


စားလို့ လည်းအဆင်ပြေတာနဲ့ နောက်နှစ်ကောင်ထပ်သွားယူလိုက်တယ်။
From Everything
Align Center

အချိုနည်းနည်းလည်း စားဖြစ်တယ်။
From Everything

ဒါနဲ့  ဒီညစာ Steamboat buffet သွားစားမယ်။ မစားချင်ဘူး။ မလာဘူးဆို Ninja Turtle ဖြစ်လိမ့်မယ်ဆို ပြောတာနဲ သွားစား လိုက်ပါအုံးမယ်။ အစားအသောက်ပုံတွေတော့ ရိုက်ဖြစ်မယ် မထင်ပါဘူး။ Buffet စားရင် ဘာတွေရှိလည်း ကြည့်ပြီးတာနဲ့  စိတ်ကူးထဲမှာ ဘာပြီးရင် ဘာစားမယ် ဆိုတဲ့ အတွေးတွေနဲ့ ပြည့်နေပြီး ဓာတ်ပုံရိုက်ဖို့  သတိရလေ့ မရှိတတ်တာပါဘူး။

October 06, 2010

Good Food To Eat

Camera ယူမသွား ဖြစ်ဘူး။ အပြင်ထွက်ရင် ကိုယ်နဲ့  အမြဲမကွာပါတတ်တဲ့ ဖုန်းနဲ့ ပဲ ရိုက်လိုက်ရတယ်။ အဲဒီနေရာကို မကြာခဏလို ရောက်ဖြစ်တတ်ပေမယ့် ဓာတ်ပုံ တစ်ခါမှ မရိုက်ဖြစ်ဘူး။ ပြီးခဲ့တဲ့လ အဲဒီနေရာကို ရောက်ဖြစ်ချိန်မှာ တစ်စုံတစ်ယောက်ကိုပြဖို့  ပုံတချို့  ရိုက်ဖြစ်သွားတယ်။

ကြိုက်သလောက်ယူပါ။
From Everything
Durian Pengat!

ဒီလောက်ပဲ (တစ်ဇွန်း) စားနိုင်ခဲ့ပါတယ်။
From Everything


ကြိုက်တဲ့သူတွေအတွက် စားကောင်းပြီး၊ မကြိုက်တဲ့သူတွေအတွက်တော့ စားလို့  ကောင်းမှာ မဟုတ်ပါဘူး။