အခုနဏ ထမင်းစားပြီး အပြန်.. လမ်းလျှောက်ရင်း ဖုန်းနဲ့  ၇ိုက်ထားတာ။ လှသားပဲ။ ကားလမ်းတစ်လျှောက် အပင်တွေမှာ ပွင့်နေတဲ့ပန်းမို့  ကားလမ်းဘေးကပန်း။ ဒီနိုင်ငံမှာ ကားလမ်းဘေးတွေမှာ သနပ်ခါးပန်း၊ ယုဇန၊ ညမွှေး၊ တခြား ဘာမှန်းမသိတဲ့ ပန်းဖြူဖြူသေးသေးလေးတွေ ပွင့်တဲ့ အပင် နဲ့ သပြေပင်တွေကို ပုံသွင်း ညှပ်ပြီး စိမ်းစိမ်းစိုစိုဖြစ်အောင် စိုက်ထားတတ်တာကို သဘောကျတယ်။ အခုပုံမှာပွင့်နေတဲ့ ပန်းကတော့ ယုဇန။
ဒီနေ့  အလုပ်ရှုပ်နေတာနဲ့  ထမင်းစားနောက်ကျပြီး တစ်ယောက်တည်းသွား ဖြစ်တာကြောင့် ဒါမျိုး ရိုက်ဖြစ်တာ။ camera လက်ထဲမပါလို့  ဖုန်းနဲ့ ပဲ ရိုက်လိုက်ရတယ်။ ဟိုး... အရင်လို ထမင်းစားပြီး အညောင်းပြေ သက်တောင့်သက်သာ လမ်းလျှောက်ရင်း ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက် မလုပ်ဖြစ်တာကြနေပြီ။
နေ့ လည်စားစားရင်း ၇ိုက်ဖြစ်တဲ့ ပန်းကနေ ....
စိတ်ကူးတည့်ရာ.. ရေး..
ခုနောက်ပိုင်း အလုပ်ကလူတွေနဲ့  နေ့ တိုင်း ထမင်းအတူသွား စားနေရတယ်။ ခုတော့ နေ့ လည် အတူသွားတဲ့သူတွေက ထမင်းစားပြီး အလုပ်ပြန်မ၀င်ခင် အချိန်အထိ နာရီဝက်၊ ၁ နာရီလောက် စကားပြောကြတယ်။ ကိုယ်စိတ်ဝင်စားတဲ့ News/Technical အကြောင်းတွေပဲ ပြောလေ့ရှိကြလို့  တော်သေးတယ်၊ ဒါတောင်မှ အလုပ်လုပ်တဲ့ ၅ လုံး အဲလိုသွားနေရတော့ ပင်ပန်းတယ်။ တခါတလေ မလိုက်ချင်ဘူး ပြောလည်း မရ။ တစ်ယောက်တည်း ဖြစ်နေမှာပေါ့တဲ့။
အင်း.. ဒီက လူအတော်များများက နေ့ လည်စာ တစ်ယောက်တည်း သွားစားရမှာ အတော် ကြောက်ကြလား မသိဘူး။ အဲလို တစ်ယောက်တည်း သွားစားလို့  ဘယ်လိုမှမဖြစ်တာကိုပဲ တစ်ခုခုမှား နေလိုလို။ ဟိုတလောကတောင် TV မှာ ကျောင်းတွေမှာ နေ့လည်စာ တစ်ယောက်တည်း စားတာမျိုး လုပ်တတ်အောင် အားပေးတိုက်တွန်းမှု့ တွေ လွှင့်တာတွေ့  လိုက်မိသေးသလိုပဲ။ တစ်ယောက်တည်း သွားတာ လူမှု့ ရေးမ၀င်ဆံလို့  သီးသန့် နေတာမျိုးမှ မဟုတ်တာ။ အပေါင်းအသင်း၊ အဖွဲ့ အစည်းကလူတွေနဲ့  ဘယ်သူတွေနဲ့ ပဲဖြစ်ဖြစ် အတူသွားတာမျိုး လုပ်ရမယ်၊ သွားသင့်လို့ ၊ သွားတတ်ရမယ်၊ အဲ.. တစ်ယောက်တည်း ဖြစ်နေလည်း ဘာမှမဖြစ်ဘူး ဆိုတာမျိုး ဖြစ်ရမယ်။
ထမင်းသွား စားချိန် အလုပ်အတူလုပ်နေတဲ့ သူတွေကို ဘာအစီအစဉ်ရှိလည်း ထမင်းသွားစားမယ် join မလား မေးလိုက်၊ သူတို့ အဆင်ပြေရင် လိုက်ချင်လိုက်၊ မလိုက်ချင်လည်းနေ၊ အားလုံး ကိုယ့်စိတ်ကြိုက် ကိုယ်လုပ်။ ကိုယ့်လာမေးလည်း ကိုယ် join ချင်မှ join တယ်၊ ကိုယ်ကမေးလို့  မ join လည်း စိတ်ဆိုးတယ် မရှိဘူး။ တခါတလေ တချို့ တွေ အကြောင်းကြောင်းကြောင့် တစ်ယောက်တည်း သွားရမှာ မသွားချင်လို့  ကိုယ့်လာပြီ ထမင်အတူသွား စားရအောင့် လာခေါ်ရင်လည်း လိုက်ပေးနိုင်ရင် ဘယ်တော့မှ မငြင်းဘူး လိုက်ပေးတယ်။ ခက်တဲ့ ကိစ်စ မှ မဟုတ်တာ။ သူတို့ ဘာသာသွားလည်း ကိုယ်ကိုယ် တစ်ယောက်တည်း တမင်ချန်ထားတယ် မထင်မိဘူး။ ဒီလိုပဲ လူတွေ သူ့ ဘာသာ အဆင်ပြေသလိုသွား နေကြတာပဲ။ အမြဲတမ်း ဒီလူတွေနဲ့မှ တူတူ လုပ်ရသွားရစားရမှ ဆိုတာမျိုး လုပ်လေ့ မရှိတာ။ အဆင်ပြေသလို အစုအဝေးနဲ့ သွားလာတာလည်းရှိ၊ တစ်ယောက်တည်းနေလည်း ဘာမှမဖြစ်တာမျိုး။
ခုများတော့ ရှင်းပြရ အတော်ခက်တယ်။ နည်းနည်း ပြောကြည့်သေးတယ်။ ကိုယ့်အကျင့်ကပဲ မှားနေသလိုပုံစံ အတင်းကြီးတွေ ဖြစ်နေတော့လည်း သူတို့ နဲ့ ပဲ သွားလိုက်တော့တယ်။ နှစ်ပေါင်းများစွာ အလေ့အကျင့်ရှိနေတဲ့ နေ့ လည်စာစားပြီး ခဏ လမ်းလျှောက်တာမျိုး မလုပ်ဖြစ်တဲ့အခါ ပို ၀ လာသလို ခံစားရတာက လွဲရင် ကျန်တာ အဆင်ပြေပါတယ်။
* * * * *
* * *
*
2 comments:
နေနေ ၀ လာတယ် ဆိုလို့  ၀မ်းသာပါတယ်။ ၀တာ ကောင်းတာပဲ မဟုတ်လား။
ဝ ရင် စားချင်တာ စားလို့ မရတို့ မှာ စိုးရတယ်..
Post a Comment