Pages

February 09, 2011

ကားလမ်းဘေးကပန်း

အခုနဏ ထမင်းစားပြီး အပြန်.. လမ်းလျှောက်ရင်း ဖုန်းနဲ့  ၇ိုက်ထားတာ။ လှသားပဲ။ ကားလမ်းတစ်လျှောက် အပင်တွေမှာ ပွင့်နေတဲ့ပန်းမို့  ကားလမ်းဘေးကပန်း။ ဒီနိုင်ငံမှာ ကားလမ်းဘေးတွေမှာ သနပ်ခါးပန်း၊ ယုဇန၊ ညမွှေး၊ တခြား ဘာမှန်းမသိတဲ့ ပန်းဖြူဖြူသေးသေးလေးတွေ ပွင့်တဲ့ အပင် နဲ့ သပြေပင်တွေကို ပုံသွင်း ညှပ်ပြီး စိမ်းစိမ်းစိုစိုဖြစ်အောင် စိုက်ထားတတ်တာကို သဘောကျတယ်။ အခုပုံမှာပွင့်နေတဲ့ ပန်းကတော့ ယုဇန။

From Nature

ဒီနေ့  အလုပ်ရှုပ်နေတာနဲ့  ထမင်းစားနောက်ကျပြီး တစ်ယောက်တည်းသွား ဖြစ်တာကြောင့် ဒါမျိုး ရိုက်ဖြစ်တာ။ camera လက်ထဲမပါလို့  ဖုန်းနဲ့ ပဲ ရိုက်လိုက်ရတယ်။ ဟိုး... အရင်လို ထမင်းစားပြီး အညောင်းပြေ သက်တောင့်သက်သာ လမ်းလျှောက်ရင်း ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက် မလုပ်ဖြစ်တာကြနေပြီ။

နေ့ လည်စားစားရင်း ၇ိုက်ဖြစ်တဲ့ ပန်းကနေ .... စိတ်ကူးတည့်ရာ.. ရေး..


* * * * *
* * *
*

2 comments:

nyimuyar said...

နေနေ ၀ လာတယ် ဆိုလို့  ၀မ်းသာပါတယ်။ ၀တာ ကောင်းတာပဲ မဟုတ်လား။

Nay Nay Naing said...

ဝ ရင် စားချင်တာ စားလို့ မရတို့ မှာ စိုးရတယ်..