Pages

May 31, 2011

WhatsApp for iPhone (free for today)

Whatapps for iPhone is free for today.
Grab it before it going paid again.

  • WhatsApp Messenger is a smartphone messaging app which allows you to exchange messages with your friends and contacts without having to pay for SMS.
  • WhatsApp Messenger is cross platform and available for iPhone, BlackBerry, Android and Nokia (beta) and yes, those phones can all message each other!
  • To send and receive messages, WhatsApp utilizes your existing smartphone internet data plan: 3G/EDGE (or Wi-Fi when available)
Thanks Ko Boyz for the info. :)

May 24, 2011

Eat With Your Family Day 2011 (27-May-2011)

Eat With Your Family Day 2011 (27-May-2011)

- Get off work earlier on Eat With Your Family Day
- Cook a scrumptious meal for your family, or treat them to a meal.

If your company doesn’t know about Eat With Your Family Day, point out the day to your bosses. Who knows, you may just be supportive of the cause, and you’ll get to leave work early and spend more time with your family! ...

♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦
Yes! Our Organisation supports
Eat With Your Family Day 2011.
♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦


ဒီနေ့ မနက် HR ကနေ "Early Release on 27 May 2011 at 5 pm for Eat with Family Day" ဆိုပြီး အီးမေးပို့ တာတွေ့ တယ်။ subject to exigencies of service ဆိုတာလေးလည်း ပါတာပေါ့။

အလုပ်တိုင်းကတော့ စောပြန်ခွင့်ပြုတယ် မထင်ဘူး။ လိုက်ရှာကြည့်တာ List တွေ့ တယ်။ ကိုယ်တွေလုပ်နေတဲ့ Company အဲ့ဒီ မှာ မတွေ့ မိဘူး။ နာမည်မပါလည်း အကြောင်း မဟုတ်ဘူး။ အဲဒီနေ့ မှာ စောပြန်ခွင့်ရှိဖို့ ၊ စောပြန်ရဖို့  က အဓိက။




ဟိုးအရင်လို သောကြာနေ့ ညနေ အလုပ်ပြီးချိန်မှာ သူငယ်ချင်းတွေနဲ့ တွေ့  အပြင်သွား ထမင်းစား၊ စကားပြောတာမျိုး မလုပ်ဖြစ်တာ အတော်ကြာပြီ။ အလုပ် အရမ်းများတယ်၊ အိမ်ပြန်ချိန် နောက်ကျတယ်။ နေ့ တိုင်း နီးပါးပဲ။ သောကြာနေ့ ဆို ပိုပြီး အလုပ်များတတ်တယ်။

May 17, 2011

ခိုင်မြဲသောသစ္စာဖြင့်

ယုံကြည်မှုတွေနဲ့  ခိုင်မာတဲ့အချစ်နဲ့ တို့ နှစ်ဦးရဲ့နေ့ တွေလှပခဲ့
တွယ်တာမှုတွေနဲ့  သာယာမယ့်နေ့ တွေအတွက် စိုသောလက်မခြောက်စေနဲ့ 
ရင်ခွင်ထဲ ကြိတ်မှိတ်ကာ သံသယလေးများ မထားပါနဲ့ 
ဒါ အမုန်းဆိုတဲ့ မီးတောက်အတွက် အမှိုက်တွေပဲ
မချင့်မရဲ တိတ်ဆိတ်စွာ နေထိုင်ဖို့ မကြိုးစားပါနဲ့ 
မလွန်ခင်မှာဖြေရှင်းမယ် အချစ်ကလေးရယ်
စာနာမှုတွေနဲ့ ရင်ခွင်ထဲနားလည် အသက်ဆုံးထိတို့ ချစ်သွားမယ်
ကြင်နာမှုတွေနဲ့ အဖြူစင်ဆုံးငြိတွယ်...
ခိုင်မြဲသောသစ္စာနဲ့



ခိုင်မြဲသောသစ္စာဖြင့်
တေးရေး - ညီညီသွင်
တေးဆို - ဘိုဘို ကော်နီ
Download

May 09, 2011

16 Doodles from Google



ဒီနေ့  မနက် Google ရဲ့ Logo ပြောင်းထားတာတွေ့ မိလိုက်တယ်။
Little Miss Magic အရုပ်လေးဆိုတော့ စိတ်တော့နည်းနည်း ၀င်စားမိတယ်။ ဒါပေမယ့် ရဲ့ထုံစံ တစ်ခုခု အတွက် အနေနဲ့ ပြောင်းထားတာနေမှာ ဆိုပြီး သေချာ ဂ၇ုစိုက် ဆက်မကြည့်မိဘူး။ Google သုံးရင်း သုံးနေရင်း Logo လေးတွေ တစ်ခုထဲ မဟုတ်ပဲ တမျိုးပြီးတစ်မျိုး ပြောင်းသွားတာ သထိထားမိပြီး သဘောကျသွားတယ်။ လိုက်ရှာကြည့်ဖြစ်တယ်။ ပုံတွေက အများကြီးပဲ။ အားလုံးပေါင်း ၁၆ ပုံရှိတာ တွေ့ မိပါတယ်။

Google Celebrates Roger Hargreaves' 76th Birthday with 16 Doodles
















May 06, 2011

ရေ...


Photo: liveearth.org
ရေဆာတယ်။ ရေအေးအေး အားပါးတရ သောက်ချင်စိတ်ရှိနေတယ်။
သောက်ကြည့်တယ် ဒါပေမယ့် ရေသောက်ရတာ မတင်းတိမ်ဘူး၊ အဆင်မပြေဘူး။
ရေတွေက အရသာ မရှိဘူး။

အမှတ်ရမိတယ်။ ပြောတုန်းက သိပ်နားမလည်ခဲ့ဘူး။
သောက်ရေသန့် ချင်း အတူတူ ဘာများကွာလို့ လဲ တွေးမိခဲ့တယ်။
ကိုယ်တိုင်ခံစားရမှ စာနာတတ်တယ် ဆိုတာ သိပ်မှန်တယ်။
နောက်တခါဆို ပြောမှ သိတာမျိုးမဟုတ်ပဲ၊ သောက်ရတာ အဆင်ပြေတယ်ဆိုတဲ့ ရေမျိုးပဲ သေချာရွေးဝယ်တိုက်တော့မယ်။

April 21, 2011

Durian Puff

Durian lovers... This post is dedicated to you!!!
Durian Fiesta 2011
1 March - 17 July 2011

Google: GoodWood Park Hotel - Durian Puff
From Everything

April 20, 2011

IRIS

ဒီမနက် Bus ကားပေါ်မှာ၊ အပေါ်ဘက် လက်ကိုင်တန်းတွေနားမှာ ချိတ်ထားတဲ့ ကြော်ငြာတွေကို သတိထားလိုက် မိတယ်။
From Singapore

ရေးထားတာက IRIS... ကိုယ် IRAS လို့ ဖတ်မိသွား စိတ်ဝင်စားသွားတယ်။ ပူပူနွေးနွေး ဟိုတလောကမှာ ဒီက အစိုးရကို အခွန်ပေးဖို့  IRAS ဆိုဒ်ဝင်ပြီး လိုတာတွေ လုပ်ထားရတာ မဟုတ်လား။ စိတ်ထဲ ဒီစာလုံး စွဲနေတယ်။ နောက်တစ်ခါ သေချာထပ်ကြည့်မှ SBS Transit ရဲ့ IRIS မှန်း သိလိုက်ရတယ်။ App Store မှာ ရှာကြည့်လိုက်တာမှာ အခု သိပ်မကြာခင်ကမှ အသစ်ထွက်တဲ့ Application ဆိုတာနဲ့ Install လုပ်လိုက် ပါတယ်။ စမ်းကြည့်ရတာပေါ့။

IRIS မှာ iris NextBus နဲ့  iris Journey Planner ဆိုပြီး နှစ်ခုပါတယ်။ ကောင်းမကောင်း၊ ကိုယ့်အတွက် အသုံးဝင်မ၀င် သေချာသိချင်ရင်တော့ စင်္ကာပူက အိုင်ဖုန်းသုံးသူတွေ ဖုန်းမှာ Install လုပ် စမ်းသုံးကြည့်ကြပါ။ Install လုပ်ရတာ လွယ်သလို၊ မလိုချင်ရင် ပြန်ဖျက်ဖို့ ကလည်း ခက်တဲ့အရာမှ မဟုတ်တာ။

From Singapore

April 19, 2011

.....

1.
From Blog Template

2.
From Blog Template

3.
From Blog Template

4.
From Blog Template


5. To be continued....




အချိန်ဖြုန်းတယ် ပြောမလား။ အလုပ်မရှိ အလုပ်ရှာပြီး Blog ရဲ့ Template ကို လျှောက်ပြောင်းကြည့်ဖြစ်တယ်။ Google မှာ လိုက်ရှာ၊ တွေ့ တာတွေထဲက မျက်စိသင့်ရာ Template တွေ တစ်ခုပြီးတစ်ခု ပြောင်းကြည့်တယ်။ သူများတွေ အဆင်သင့် ရေးတင်ထားတာတွေကို သုံးတာဆိုတော့ ပြောင်းရတာ သိပ်မြန်တယ်။ ၄ ခုမြောက် Template ကို စမ်းအပြီးမှာ အိပ်ချိန် ရောက်လာတာနဲ့ ဒီနေ့ အတွက် နောက်ဆုံး စမ်းသပ်ခြင်းအနေနဲ့  လက်ရှိ Template ကို ပြောင်းတင်ထား လိုက်တယ်။ အခုဟာက ခပ်ရှင်းရှင်းဆိုတော့ နောက်နေ့  အချိန်မရရင်တောင်မှ ဒီအတိုင်း ခန ထားလိုက်လို့ ရတယ်။

April 17, 2011

Angry Birds for PC

ဟိုးအရင်က ၂၀၁၀ နှစ်ဆန်းပိုင်းလောက်က ဖုန်းမှာ ဒီဂိမ်း ၀ယ်ဆော့ခဲ့ဖူးတယ်။ ဟိုတနေ့က သူငယ်ချင်း တစ်ယောက်ရဲ့ ဖေ့ဘုတ်က တစ်ဆင့် ဒေါင်းလုပ်လုပ်ဖို့  လင့်တွေ့ လိုက်တာနဲ့ ကွန်ပြူတာမှာ သွင်းပြီး ခုရက်ပိုင်းမှာ ဒီဂိမ်းကို နည်းနည်း ပြန်ဆော့ဖြစ်တယ်။




Credit to Kelvin

April 05, 2011

နေ့ - မိုဃ်းဇော်

နေ့

မုသားတွေကို
အနံ့မထွက်ဘဲပြောဖို့
ကျွန်တော်တို့  သွားတိုက်ကြတယ်။

တစ်ယောက်ကိုတစ်ယောက်
မျက်နှာပြောင်ပြောင် ပြစ်မှားဖို့
ကျွန်တော်တို့ မျက်နှာသစ်ကြတယ်။

ကာမဂုဏ်အမျိုးမျိုးနဲ့
ခေါက်ရိုးကျိုးနေတဲ့ ခန်ဓာကိုယ်ကြီးကို ဆပ်ပြာတိုက်
ရေမိုးချိုး
ခေါက်ရိုးမကျိုးသေးတဲ့ အ၀တ်အစားတွေဖုံးလွှမ်းပြီး
လမ်းမတွေပေါ်
ကျွန်တော်တို့ ထွက်ခွာလာကြတယ်။

အို.....
ကျက်သရေအပေါင်းနှင့် ပြည့်စုံသော ကမ္ဘာကြီး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မနက်ခင်း၌
သန့်ရှင်းသူတို့အား ကြိုဆိုလော့။

မိုဃ်းဇော်
[ပန်းအင်္လကာ၊ ဇူလိုင်လ၊ ၂၀၀၈]

March 13, 2011

Distance And Time

No matter how far you are
no matter how long it takes him
through distance and time
I'll be waiting


Download

March 05, 2011

င ငါးပိထောင်း ... စားလို့ ကောင်း

From Burmese Food

င.. ငါးပိထောင်း စားလို့ ကောင်း...

ပုံတွေ့ ရတာနဲ့ တင် အနံ့ လေးတွေ မွှေးလာသလို ခံစားရပြီ ဗိုက်ဆာလာတယ်။ တချို့ ကတော့ ပြောတယ်.. ဒီလို ငါးပိထောင်း တစ်ခွက်နဲ့  တောင် ထမင်း ၂ပန်းကန် ၃ ပန်းကန် စားနိုင်ပါတယ်တဲ့.. ပြောကြတာပဲ။ တကယ်ဟုတ် မဟုတ် အခွင့်အရေးကြုံမှ ငါးပိထောင်းတစ်ခွက်ထဲနဲ့  ထမင်းကျွေးကြည့်ပါအုံးမယ်။

ဒါနဲ့  အခု ငါးပိထောင်း ထောင်းတဲ့သူက အတော်လေးတော်တယ်။ ခပ်စပ်စပ်လေး နဲ့  စားလို့ ကောင်းတယ်။ ဘယ်သူလဲ မသိဘူး။ နောက်မှ နည်းမေးကြည့်အုံးမယ်။ အခုတော့ ဘယ်သူ ဘယ်လိုထောင်းတာလဲတောင် မမေးမိဘူး။ စားဖို့ ပဲသိတယ်။
From Burmese Food
ငါးပိထောင်းလောက် လူကြိုက်မများပေမယ့် ၀က်သားချဉ်ကြော်လည်း စားလို့ ကောင်းပါတယ်။ ကိုယ်တိုင် အချဉ်တယ်ထားတာ မဟုတ်ပါ။ ၀ယ်လာတဲ့ ၀က်သားချဉ်ကို ဆီလေးနဲ့ အနံ့ ပျောက်အောင် လှိမ့်ပြီး ကြော်သလို လုပ်ထားတယ်။

မပြည့်ချက်တဲ့ ဟင်းရည်သောက်က ငါးနဲ့  ကန်စွန်းရွက် ချဉ်ဟင်း။ ကိုယ့်ဘာသာဆို ဒါမျိုး ယောင်လို့ တောင် ချက်စားမှာ မဟုတ်ဘူး။ ချဉ်ဟင်းတစ်ခွက် ချက်တာ ရှုပ်တယ်ထင်တယ်။ စားရတာနဲ့  မကာမိဘူး။ ဒီမနက်မှ မပြည့်ဟင်းချက်နေတာကြည့်ပြီး စဉ်းစားမိတယ်၊ ကိုယ့်ဘာသာ ချဉ်ဟင်း မချက်ဖြစ်တာ ၁၀ နှစ် ကျော်တောင်ရှိရောမယ်။

ဟင်းတွေကြည့်ပြီး သွားကျိန်းသွားလောက်တယ်။ ဒါပဲလာဆို မဟုတ်ဘူး။ အမဲသားကို ခရမ်းချဉ်သီးနဲ့ ချက်သေးတယ်။ ဆီပြန်ထက်စာရင် ဒါမျိုးချက်တာလည်း တမျိုးကောင်းတယ်၊ ကြိုက်တယ်ဆိုတော့လည်း နည်းမေး စမ်းကြည့်တာ။ စိတ်ကူးတာတော့ ကိုယ်တိုင်ချက်မလို့ ပဲ.. ဒါပေမယ့် မနေနိုင်တဲ့သူတွေက နည်းပေးလမ်းပြ ၀င်ချက်ပေးသွားတယ်။ အသားတွေတော့ ကိုယ်တိုင် လှီးတာပါ။ ကီလိုဝက် ၀ယ်လာဖြစ်တယ်။ ဒီမနက် တစ်ဝက်လောက်ပဲ ချက်လိုက်တယ်။ ကျန်သေးတယ်။

From Burmese Food
ဟင်းဆို ပုံမှန်ဆို ဆီပြန်ကြိုက်တယ်။ ဒီနေ့ ဟင်းကတော့ ဆီသိပ် မပါဘူး။ ကျန်းမာရေးနဲ့  ညီညွတ်အောင် ဆီလျှော့ စားတယ်ပေါ့။


ဒါပဲလားဆို မဟုတ်ပြန်သေးဘူး။ ဒီနေ့  ထမင်းဝိုင်းမှာ... ငါးကြော် နဲ့  ငါးဖယ်သုတ်လည်းပါ ပါသေးတယ်။ အစားအသောက် များများစားပါ။

February 14, 2011

Yangon 1001

လျှင်မြန်သွက်လက် စိတ်ရှည်ဇွဲသန် လုံ့ လ၀ီရိယရှိမှု့ 
သက်သေဆို လွန်များသွားလေမလား..


လိုက်ရှာလိုက်တာ ဓာတ်ပုံတစ်ပုံထွက်လာတယ်..
From Everything

February 13, 2011

နောက်တစ်ခေါက် ထပ်မြှောက်

ပြီးခဲ့တဲ့အပတ်က တချို့ ရက်တွေမှာ နေ့ လည်ဆို အပြင်သွား၊ လက်တွေ မြှောက်ကြရတယ်။ အောက်ကပုံက အားလုံးရဲ့ လက်တွေ မမြှောက်မှီ အချိန်လေးမှာ ရိုက်ထားလိုက်တာ။ လက်တွေမြှောက်နေတဲ့ပုံ တော့ မရှိဘူး။ အဲ့ဒီအချိန်မှာ ဓာတ်ပုံရိုက်ဖို့  လက်မအားဘူး။
From Everything
မြှောက်ပြီးရင် ဘာလုပ်လဲဆို... မြှောက်ပြီး စားကြသည်။ အမြှောက်အစား ကျွမ်းကျင်တယ်။ တစ်နှစ်တစ်ခါ ဒီအချိန်လေးမှာ မြှောက်ပြီး စားကြတာ ထုံးစံတစ်ခု။
From Everything
အမြှောက်ပြီး အစားရဲ့ နောက်ဆက်တွဲများ..
From Everything
From Everything
အစားအသောက်တွေ အရမ်းများတယ်။ တစ်ဝိုင်း လူ၁၀ ယောက်၊ ဘယ်လိုစားစားမကုန်ဘူး။ နောက်မှ သိရတယ်။ လူ ၁၀ ယောက် တစ်ဝိုင်း ဆိုပေမယ့် အစားအသောက်က ၁၅ ယောက်စာ။ အင်း.... အတွင်းနဲ့ အပြင် ကွာတယ်။
From Everything

February 09, 2011

ကားလမ်းဘေးကပန်း

အခုနဏ ထမင်းစားပြီး အပြန်.. လမ်းလျှောက်ရင်း ဖုန်းနဲ့  ၇ိုက်ထားတာ။ လှသားပဲ။ ကားလမ်းတစ်လျှောက် အပင်တွေမှာ ပွင့်နေတဲ့ပန်းမို့  ကားလမ်းဘေးကပန်း။ ဒီနိုင်ငံမှာ ကားလမ်းဘေးတွေမှာ သနပ်ခါးပန်း၊ ယုဇန၊ ညမွှေး၊ တခြား ဘာမှန်းမသိတဲ့ ပန်းဖြူဖြူသေးသေးလေးတွေ ပွင့်တဲ့ အပင် နဲ့ သပြေပင်တွေကို ပုံသွင်း ညှပ်ပြီး စိမ်းစိမ်းစိုစိုဖြစ်အောင် စိုက်ထားတတ်တာကို သဘောကျတယ်။ အခုပုံမှာပွင့်နေတဲ့ ပန်းကတော့ ယုဇန။

From Nature

ဒီနေ့  အလုပ်ရှုပ်နေတာနဲ့  ထမင်းစားနောက်ကျပြီး တစ်ယောက်တည်းသွား ဖြစ်တာကြောင့် ဒါမျိုး ရိုက်ဖြစ်တာ။ camera လက်ထဲမပါလို့  ဖုန်းနဲ့ ပဲ ရိုက်လိုက်ရတယ်။ ဟိုး... အရင်လို ထမင်းစားပြီး အညောင်းပြေ သက်တောင့်သက်သာ လမ်းလျှောက်ရင်း ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက် မလုပ်ဖြစ်တာကြနေပြီ။

နေ့ လည်စားစားရင်း ၇ိုက်ဖြစ်တဲ့ ပန်းကနေ .... စိတ်ကူးတည့်ရာ.. ရေး..


* * * * *
* * *
*

February 08, 2011

08 February 2011

အားလုံးရဲ့ လက်တွေ လေထဲကိုမြှောက်ထားလိုက်။ နောက်တာ မဟုတ်ဘူး၊ တကယ်။ အခုလို ပြင်ဆင်ထားတာတွေ တွေ့ တဲ့ အခါတိုင်းမှာ ဒီသီချင်း စာသားတွေ ခေါင်းထဲကို အလိုလို ရောက်ရောက် လာတယ်။ ဒီမှာ CNY ဆို အဲ့ဒီလိုတွေ မြှောက်ကြတာ တွေ့ နေ ကြုံနေ မြင်နေရလို့ ထင်ပါတယ်။
From Everything

ဘာအတွက်လည်းတော့ နားမလည်ဘူး။ ခုချိန်ထိတော့ ဘာလုပ်တာလည်းဆိုတာ မေးမကြည့်ဖြစ်သေးဘူး။ သူတို့ အယူအဆနဲ့  တစ်ခုခု ကောင်းစေတဲ့သဘောပဲ ဖြစ်မယ်ထင်ပါတယ်။ မကောင်းတယ် ထင်တာကိုတော့ နှစ်ကူးအချိန် ဘယ်သူမှ မလုပ်လောက်ပါဘူး။

လူတိုင်း အကုန်လုံး ပါဝင်ဆင် နွှဲ လက်မြှောက်ခြင်း လုပ်လို့ ရအောင်ထင်တယ် အများကြီးပဲပြင်ဆင်ထားတယ်။
From Everything

၁၂ ကျော်မှာ လူတွေအားလုံး ရောက်လာတယ်။ လူတွေကြည့်ပြီး မျက်စိတွေနောက် ခေါင်းတွေမူးလာတာနဲ့  အခန်းထဲပြန်ဝင် စားပွဲပြန် သွားထိုင်နေဖြစ်တယ်။ ကိုယ့်လိုပဲ အခန်းထဲမှာ ထိုင်နေတာ ၃ .. ၄ ယောက်ရှိနေတယ်။ လူတွေများ ရှုပ်ရှက်ခပ်နေတာ မနေတတ်ကြဘူး၊ လူမှု့ ပေါင်းသင်းဆက်ဆံရေး ညံ့တယ်ပြောလည်း ရနိုင်တယ်။ Lucky Draw လည်းဖောက်တယ်။ Grand Prize က S$88 တဲ့။ 8 ဆိုတာ ကြိုက်တယ်ဆို 888 လောက် ဖောက်ပေးသင့်တယ်လို့  တွေးလိုက်မိတယ်။ နည်းလို့ လားမသိဘူး... ဘာဆုမှ မရပါ။

မြှောက်ကြပြုကြ၊ ပြောကြဆိုကြနဲ့  ထမင်းစားချိန် နောက်ကျတယ်။ ထမင်းစားနေတုန်း တစ်ယောက်က မေးလာတယ်။ ကျွန်မတို့ အိမ်မှာ CNY အတွက်ပြင်ဆင်မှု့ တွေလုပ်လားတဲ့။ မလုပ်ပါဘူး ဖြေလိုက်တယ်။ ဘာလို့  မလုပ်တာလဲတဲ့ ဆက်မေးလာပြန်တယ်။ ငါက တရုတ်မှ မဟုတ်တာဆိုတော့ ဘေးကတစ်ယောက်ကြည့်ပြီး Vietnamese တွေကကြတော့ တရုတ်မဟုတ်ပေမယ့် CNY လုပ်ကြတယ်လေတဲ့။ ငါတို တော့ မလုပ်ဘူးပြောတာကို မရပ်ဘူး ဆက်မေးပြန်တယ်။ ရုံးတွေရော ပိတ်လားတဲ့၊ တို့ တိုင်းပြည်မှာ CNY က Public Holiday မဟုတ်ဘူးဆိုတော့ တအံ့တသြနဲ့  နင်တို့ တိုင်းပြည်မှာ တရုတ်တွေ မရှိဘူးလားတဲ့။ ရှိသားပဲလို့ .. လူနည်းလို့ လားတဲ့.. မနည်းပါဘူး ပြန်ဖြေလိုက်တော့ ဒါဆို ဘာလို့ ရုံးတွေ မပိတ်တာလဲတဲ့။ တရုတ်လူမျိုးတွေရှိရင် တရုတ်နှစ်ကူး ရုံးပိတ်ကြတယ်လို့  သူထင်တာ၊ မဟုတ်ဘူးလားတဲ့။ ဗဟုသုတကလည်း နည်းလိုက်တာလို့ ပြောချင်ပေမယ့် မပြောဖြစ်ပဲ.. တို့ တိုင်းပြည်မှာတော့ CNY က ပိတ်ရက် မဟုတ်ပါဘူး၊ တရုတ်လူမျိုးတွေ ရှိပါတယ်။ သူတို့ ဘာသာ သူတို့  နှစ်ကူး လုပ်တယ်။ တခြားသူတွေ ဘာမှ မလုပ်ဘူး။ ဖိတ်ရင်တော့ သွားစားတယ်။ သိသလောက် UK.. US နဲ့  AUSI မှာလည်း CNY က ရုံးပိတ်ရက် မဟုတ်ဘူး ပြောပြီး ထမင်းဆက်စားနေ လိုက်တယ်။ ထမင်းစားချိန် နောက်ကျလို့  ဗိုက်ဆာပြီး စိတ်သိပ်မကြည်ရတဲ့ အထဲ ဘာတွေပြောနေမှန်း မသိဘူး။ ထပ်မမေးတော့ လို့ တော်သေးတယ်။ ထပ်မေးလာရင် ပြန်ဖြေဖို့  လုံးဝ စိတ်ရှည်နိုင်တော့မှာ မဟုတ်ဘူး။

February 07, 2011

♥ In Love With....

From In Love With

2010 November လအတွင်းမှာ လက်ခံရရှိခဲ့တဲ့ လက်ဆောင်တွေထဲက တစ်ခု။ သူစာဖတ်သလို၊ ကိုယ်လည်းစာ လိုက်ဖတ်စေဖို့ ။ သူတစ်ခု ကိုယ်တစ်ခု။ Amazon ကနေ ဖတ်စေချင်တဲ့ eBook လေးတွေတောင် ၀ယ်ပေး သေးတယ်။ ကိုယ်စီရောက်တော့လား... ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေပဲ ထည့်ဖတ်ဖြစ်တာပေါ့။ အဲ... ၀ယ်ပေးထားတဲ့စာအုပ်တွေ ဖတ်လို့  ပြီးသွားပြီးလာဆို.... အဲဒီ စာအုပ်တွေ အလှည့် မရောက်သေးဘူးလို့ ပဲ ဖြေရတယ်။ အလှည့်ရောက်တဲ့အခါကြရင်တော့ အဲဒီစာအုပ်တွေ အကုန် ပြီးအောင်ဖတ်ပါ့မယ်ပေါ့။ ",)

November 12, 2010

♥ In Love With...

From In Love With

အရုပ်လေး နှစ်ရုပ် ရတယ်။ ထူးထူးဆန်းဆန်းပဲ။ အရုပ် လက်ဆာင်ရတယ် ဆိုတာ မထူးဆန်း ပါဘူး။ တခြားသူငယ်ချင်း အပေါင်းအသင်းတွေစီက အကြိမ်ကြိမ် ရဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ယောက်စီကတော့ အခုလိုရတာဟာ ပထမဆုံးအကြိမ်ပါပဲ။ နှစ်ပေါင်းများစွာ အတွင်းမှာ သူပေးခဲ့တဲ့ အရာတိုင်းဟာ ကိုယ့်အတွက် အသုံးလိုမယ့်၊ အသုံးလိုတဲ့ အရာတွေကြီးပဲ။ ဒီတစ်ခါမှ ရှားရှားပါးပါးဆိုသလို အရုပ်လေး ၂ ရုပ်ပါလာတယ်။ ထူးဆန်းနေတယ်။ သေသေချာချာ သိမ်းထားရမယ်။

November 10, 2010

20101110

၀၀း၅၅ အိပ်ချင်စိတ် မရှိ၊ ကြိုးစားအိပ်ပါ။
၀၁း၂၇ အိပ်မပျော်သေးပါ။
၀၄း၁၂ တရေးနိုး။
၀၄း၁၄ စကားပြော။
၀၄း၂၀ ပြန်အိပ်ဖို့ ကြိုးစား။
၀၈း၄၅ မှ နိုးလာတယ်။ ရေချိုး အလုပ်သွားဖို့ ပြင်ဆင်။ (မနက် ၇း၄၅ နိုးစက် မမြည်။ အချိန်မှားပြောင်းထားမိသည်။)
၀၉း၀၅ ရထားဂိတ်ရောက်။
၀၉း၃၅ အလုပ်ရောက်သည်။
၁၀း၃၀ အပြင်ခဏ ပြန်ထွက်သည်။ မေးမြန်းစရာရှိတာ မေးမြန်းစုံစမ်းသည်။ အဆင်မပြေ။
၁၀း၄၅ အလုပ်ပြန် ရောက်သည်။ ရှာဖွေသည်။ နည်းလမ်းရှာသည်။
၁၂း၀၀ နေ့ လည်စာစားချိန် အပြင်သွားသည်။
၁၂း၂၅ စုံစမ်းမေးမြန်းရပြန်သည်။ အဆင်ပြေသည်။ စိတ်ချမ်းသာပါသည်။
၁၂း၄၀ အလုပ်ပြန်ဖို့ အဆင်မပြေ၊ အိမ်ခဏပြန်သည်က ပို၍အဆင်ပြေသည်။
၁၂း၄၅ ကားငှါးပြီး အိမ်ပြန်လာသည်။
၁၃း၀၀ အိမ်သော့မပါလာ။ အလုပ်မှာကျန်ခဲ့သည်ကို သတိရလိုက်သည်။ ဖုန်းဆက်ရပြန်သည်။
၁၃း၁၀ အိမ်ပြန်ရောက်သည်။ လူမရှိ။ ဘေးခန်းများတွင်လည်း လူမရှိ။ အိမ်ထဲမဝင်နိုင်။
၁၃း၃၅ သော့ပါသည့် ကလေးငယ် ကျောင်းမှ ပြန်ရောက်လာသည်။
၁၃း၄၅ အိမ်မှ ပြန်ထွက်သည်။
၁၄း၁၅ အလုပ် ပြန်ရောက်သည်။
.
အလုပ်လုပ်နေပါသည်။
.
၁၅း၄၀ ဦးနှောက်အနားပေး ဒီစာရေးသည်။
.
အလုပ်ဆက်လုပ်ရမည်။
.
၁၉း၀၀ တွင် Report တစ်ခု ပို့ ပေးစရာရှိသည်။
.
.
.
၁၉း၃၀ သွားစရာတစ်ခု ရှိသည်။
၂၀း၃၀ တွေ့ စရာတစ်ခု ရှိသည်။
၂၁း၀၀ လုပ်စရာတစ်ခု ရှိသည်။
၂၁း၃၀ သွားစရာတစ်ခု ရှိသေးသည်။
.
.
၂၄း၀၀ မထိုးမှီ အိမ်ပြန်ရောက်မည် မျှော်လင့်ပါသည်။

November 09, 2010

♦ Cartoons

From ThePhotoILike

Source: The Voice Weekly Journal (6-49, November 8-14, 2010)

ဒီကာတွန်းပုံထဲက အတိုင်းသာအပြင်မှာ အမှန်ဖြစ်မယ်ဆို ကိုယ်ဘယ်လိုလူမျိုးလဲ။ လောဘကြီးလား၊ ဒေါသကြီးလား၊ အပျော်ကြူးလား၊ အပျင်းကြီးလား၊ ယောင်ဝါးဝါးလား။ FB မှာ မဟနစံ ရှယ်ယာလုပ်ထားတာတွေ့ လို့ ။ ကာတွန်းဖတ်ပြီး The Voice Weekly Journal တွေကို Download လုပ်ဖတ်ကြည့်ဖြစ်တယ်။ အလုပ်များနေတာနဲ့  Journal တွေမဖတ်ဖြစ်တာ တောင်အတော်ကြာပြီ။ ဒီနေ့ တော့ အဟောင်း ၇ စောင်လောက် ဟိုကြည့်ဒီကြည့် ဖတ်ဖြစ်သွားတယ်။ ကာတွန်းဖတ်ချင်လို့  ဂျာနယ်တွေပြန်ရှာ ဖတ်ဖြစ်တာပါ။ ဒါပေမယ့် အစောင်တိုင်းမှာ Cartoons Of The Week အမြဲ ပါတာမဟုတ်မှန်း တွေ့ ရတယ်။ E-Book (PDF Version) မို့ လားတော့ မသိဘူး။ Joke Of The Week ကတော့ အမြဲပါတယ်။ Joke တွေလည်းမဆိုးပါဘူး၊ ဖတ်ကောင်းသားပဲ။

November 03, 2010

Who's Suing Whom? (InfoGraphic)

From ThePhotoILike

ဒီပုံကို InformationIsBeautiful ဆိုဒ်မှာ တွေ့ တာပါ။ အဲဒီဆိုဒ်ကို သဘောကျတယ်။ သတင်းအချက်အလက်တွေကို အခုလိုပဲ ပုံလေးတွေနဲ့  ပြပေးတယ်။ တကယ်ဆို ဒီပုံထဲ အချက်တွေကို နည်းပညာနဲ့ ဆိုင်တဲ့သတင်းတွေ ဖတ်လေ့ရှိသူတွေ အကုန်သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အခုလို ပုံလေးနဲ့  ပြထားတော့ အားလုံးကို လွယ်လွယ်ကူကူ ပုံလေး(InfoGraphic) တစ်ချက် ကြည့်ယုံနဲ သိခွင့်ရတယ်။

ဒီလို Infographics (Information graphics) တွေကြည့်ရတာ ကြိုက်တယ်။ စာဖတ်ရ သက်သာတယ်လေ။ စိတ်ဝင်စားတဲ့ သတင်းတွေကို ဖတ်တာ အကုန်ဖတ်မိဖို့ မလွယ်ဘူး။ အချိန်ရမှ သတင်းတွေ ဖတ်ရတာဆိုတော့ သတိမထားမိ လိုက်တာ၊ လွတ်သွားတာတွေ ရှိနိုင်တယ်။ (ဆင်ခြေပေးလို့ လည်း ယူဆနိုင်ပါတယ် ;))။ ဖတ်လေ့ရှိတဲ့ သတင်းဆိုဒ်တွေဆို Reader တွေနဲ့ ဖတ်တာများပါ။ ဒါပေမယ့် မသိလိုက်တာတွေလည်း ရှိတာပဲ။ နေတိုင်းအချိန်ရရင် အကုန်ခေါင်းစဉ်လောက်တော့ အနည်းဆုံး ကြည့်ဖြစ်ပေမယ့်၊ အလုပ်များလို့  ၃-၄ရက် မဖတ်ဖြစ်၊ အသစ်တွေများနေရင် MakeAllAsRead ဆိုတာလေး နှိပ်လိုက်တတ်တဲ့ အကျင့်ကြောင့်ဖြစ်မယ်။ Infographics တွေတော့ ကြည့်တယ်။ အဲဒီထဲက ကိုယ်မသိတာလေးတွေတွေ့ လို့  သိချင်တာလေးများ ပေါ်သွားရင် လွယ်လွယ်ကူကူ Google လုပ် ရှာဖတ်လိုက်နိုင်တယ်။