Pages

July 05, 2010

အသီးမှာ....

ဒီအသီး ကြိုက်တဲ့သူတွေကလည်း အတော် ကြိုက်ကြတယ်။ မကြိုက်တဲ့သူတွေ များကြတော့ အနံ့ တောင် မခံနိုင်ကြဘူး။

ကျွန်မ ငယ်ငယ်က ဒီအသီး လုံးဝ မစားဘူး။ အဲဒီ အနံ့ ပါတဲ့ သကြားလုံးတောင် မစားဘူး။ ကျွန်မတို့  မိသားစုမှာ တခြားလူတွေတော့ စားကြတယ်။ အမေနဲ့  ညီမလေးဆို သိပ်ကြိုက်။ ကြုံရင်ကြုံသလိုတော့ အိမ်မှာ သူတို့ တွေဝယ်စားကြတယ်။ မိုးကျပြီဆိုရင်တော့ ဒီအသီးက အရသာ ပေါ့သွားလို့  မိုးတွင်းမှ မစားကြဘူး။ ဒါနဲ့  ကျွန်မ နိုင်ငံခြားထွက်ခါနီး ထင်တယ် မော်လမြိုင်ဘက်က ပြန်လာတဲ့ ဦးလေး က တစ်ခြင်းလာပို့ သေးတယ်။ အလုံးကြီးတွေ အရသာ သိပ်ရှိတယ်၊ စားကြည့်ပါ .. ဟိုမှာ ရှိမှာ မဟုတ်ဘူးလို့  တိုက်တွန်းစကား ပြောပေမယ့် တစ်တို့ တောင်မှ မတို့ ဖြစ်ပါဘူး။

ဟိုနိုင်ငံမှာ နေတုန်းကတော့ ဒီအသီးတွေ လုံးဝ မမြင်ခဲ့ရဘူး။ တရုတ်တန်းမှာတော့ ရှိမယ်ထင်တယ်။ ကိုယ်က စားလေ့မရှိတော့ ရှိမရှိတောင် သတိထား မကြည့်မိခဲ့ပါဘူး။ ဒီနိုင်ငံလည်း ဟိုနေရာ ဒီနေရာ အဲဒီအသီးတွေ အလုံးလိုက်တွေ၊ ခွဲပြီးသွားအမွှာလိုက်တွေ ရောင်းနေတာ တွေ့  တော့ အမေနဲ့  ညီမကို သတိရမိတယ်။ လွန်ခဲ့တဲ့  ၃နှစ်ကျော် အမေ ဒီလာလည်တဲ့ အချိန် အမေစားဖို့  ၀ယ်ကျွေးရင်းက လူကြီးဆိုတော့ အများကြီးစားရင် မကောင်းတာနဲ့  အမေလည်း အများကြီးမစားဖြစ်အောင်၊ ကျွန်မလည်း နည်းနည်း ယူစား ဖြစ်တယ်။ အရင်ကထက်စာရင် အနံခံလို့ ရတယ်ဆိုပေမယ့် သိမ်းထားရင် ထွက်နေမယ့် အနံ့ ကိုတော့ မခံနိုင်ဘူးလေ။ ၀ယ်လာပြီး ချက်ချင်း မြန်မြန်စား မြန်မြန်ကုန် အေးရော။ တိုက်တွန်းတဲ့သူကလည်း တိုက်တွန်းတယ်လေ။ ဟိုမစားဒီမစား သိပ်မရွေးနဲ့  ရှိတုန်း၊ ၀ယ်ရလွယ်တုန်း စားပါ၊ တချို့ နေရာတွေ ဆို စားချင်ရင်တောင်မှ ၀ယ်လို့ မရလို့  စားခွင့် မကြုံဘူးတဲ့။ သူပြောတာလဲ ဟုတ်နေတာပဲ။

ငယ်ငယ်ကလို မဟုတ် စားလို့ ရလာတယ် ဆိုပေမယ့် အရမ်း အကြိုက်ကြီးမဟုတ်တော့ အမြဲတော့ ၀ယ်မစား ဖြစ်ဘူး။ စိတ်ကူးပေါက်ရင်တော့ ၀ယ်စားတယ်။ သူငယ်ချင်းတွေ စားတယ်ဆို တမွှာ၊ နှစ်မွှာ ယူစားတယ်။ သိပ် အများကြီးတော့ မစားနိုင်ဘူးလေ။ အခုနေတဲ့ အိမ်က အစ်ကိုနဲ့  အစ်မက ဒီအသီး ကြိုက်တယ်။ တခါတလေ သူတို့ စားဖို့  ၀ယ်လာပေးရင် ကျွန်မလည်း စားဖြစ်တယ်။

ဒီနေ့  Youth Day ပိတ်ရက်ဆိုတော့ အသက်ကြီးတဲ့သူတွေပဲ အလုပ်သွားကြတယ်။ လူငယ်တွေက အလုပ်သွားစရာ မလိုဘူး။ ဒီတော့ ဒီနေ့  ကျွန်မ အိမ်မှာ ရှိနေပါတယ်။ ၁၁ နာရီကျော်လောက်က ဈေးထွက်ဝယ်ရင်း စိတ်ကူးပေါက်တာနဲ့  အဲဒီအသီးတွေ ၀ယ်ဖြစ်ပြီး စားဖြစ်သွားတယ်။ ဓာတ်ပုံသက်သေ ရှိတယ်။

From Everything

အပေါ် ပုံထဲက အမွှာ အားလုံးတော့ ကုန်ပြီ။ တစ်ယောက်တည်း မစားပါဘူး။ အိမ်က အစ်မနဲ့  နှစ်ယောက် စားလိုက်တာ။ ဒီအသီးကို ကြိုက်လို့  ဓာတ်ပုံကို ကြည့်ပြီး စားချင်သွားလား။ ကုန်ပြီဆိုလို့  စိတ်မကောင်း ဖြစ်သွားသေးလား။ စိတ်မစောပါနဲ့  အများကြီး ရှိပါသေးတယ်။ ခုနက စားလိုက်တာ အပေါ်ဆုံးက ဗူးပါ။ နှစ်ဗူး တောင်မှ ကျန်ပါသေးတယ်။
From Everything
အခုချိန်ထိ ထမင်းမစားရသေးဘူး။ အိမ်ရှင် အစ်မချက်တဲ့ ကြာဇံဟင်းခါးသောက်ပြီး ဒူရင်းသီးစားထားတယ်။ ခနနေမှ အိမ်က ပို့ ထားတဲ့ ပုစွန်ထုတ်နဲ့  ထမင်းစားမယ်။ ထမင်း စားပြီးရင်တော့ တရေးလောက် အိပ်ဖြစ်မယ် ထင်တယ်။ ငြိမ်းချမ်းသော တနင်္လာနေ့ ပါ။

11 comments:

ak said...

ဒို့ကတော့ အ သီးမှာ စတော်ဘယ်ရီ ဘဲ :)

ak said...

ဒါနဲ့ ဂေးလန်း က ဒူးရင်းသီးလူလယ် တွေ အကြောင်း ရေး ပါဦးလား ညီမလေး။ မသိသေးသူတွေအတွက် ဗဟုသုတပေါ့ :)

Anonymous said...

:( ၀ယ်လာတဲ့ ချဉ်ပေါင်ရွက်မှာ အဲဒီအသီးနံ့စွဲနေလို့ ရေဆေးလိုက်ရတာ။
သယ်တဲ့ကားက ကပ်သယ်လာမိတယ်ဆိုလား။ အဲဒီအသီးပေါတဲ့အရပ်မှာ
ဘယ်လိုများ မွေးဖွား အသက်ရှင်ခဲ့လဲမသိဘူး။ ငယ်တုန်းက တော်သေးတယ်။အခုဆို အဲဒီအနံ့ရတာနဲ့ ခေါင်းကိုကိုက်တတ်လာရောပဲ။
အသက်ြီးလေး ဆိုးလေးပဲ။
မမွန်

Anonymous said...

အများကြီးပဲ........မင်းဂွတ်သီးရောစားသေးလား....
သန့်

Anonymous said...

ကြိုက်တယ် အားကြီးကြိုက်တယ်. တစ်ဆယ်ဘိုးသုံးဗူး ခဏခဏဝယ်စားတယ် နစ်ရက်သို့မဟုတ်တစ်ရက်ထဲနဲ့ကုန်တယ။် တစ်ယောက်ထဲစားတယ်။

အို…… လူကြီးတွေ ကနားရမှာ. ပြောင်းပြန်. လူကြီးက ပိုမောတာပေါ့။

ဟိုနိုင်ငံတုံးက ဟိုတစ်ယောက်နဲ့တွေ့တာလား. (မသိမသာ စပ်စု)
သူကောကြိုက်သလား.။

တို့မှာလည်း ငါးဗူး တန်းစီပြီးရိုက်ထားတာရှိတယ။် ပြန်ရှာပြီးတွေ့ရင် ပိုစ်တင်ပြီးပြမယ်။ ရိုက်တဲ့သူလက်ရာကကောင်းတော့ e e တုံးတွေ နဲ့တူနေတာနဲ့ မတင်ဝံ့ဘူးဖြစ်နေတာ.

နေနေ ဓါတ်ပံကြတော့e e တု့းံနဲ့မတူပါလား. Tza တုံးကလဲမတူဘူး တို့လက်ရာကျမှာဘဲ အဲသလို e တုံးဖြစ်သွားတာ.ဘယ်နဲ့လုပ်မလဲ။

စားတုံးတော့ကောင်းသား. ကျန်ခဲ့ရင်သာနံလွန်းလို့ပလက်စတစ်ဘူးထဲ လေလုံဘူးထဲရအောင်ထည့်အမြန်ဆုံးနှူန်းဲနဲ့စားပလိုက်ရတယ။်

ရပ်ကွက်က ဘယ်နားကဝယ်တာလဲ။ NTUC နားကလား. ။

ကြာဇံဟင်းခါးနဲ့ ဒူးရှုင်းသီးဆိုတာ တို့အတွက်တော့ မနက်စာမဟုတ်ဘူး  snack ဘဲဖြစ်တယ။် အိမ်က့ ပုဇွန်ထုတ်ဘယ်လိုပို့သလဲ ဆီတွေနဲ့ပေါ့။ လူကြုံနဲ့လား။ ဘယ်လိုလဲ ရှင်းပြပါ။

စားပြီးရင်းတစ်ရေးလောက်အိပ်. ကောင်းလေစွ. ညစာဘာစားသလဲ.ဆက်တင်ပါ.။

အမည်မဖော်တွေများနေပါလား. သန့်တို့. Ak တို့ မွန်တို့. တို့လဲခေတ်မီအောင်လုပ်ဦးမှ.

ကဲ.
တို့ဘယ်သူလဲပြော..

ak ပေါက်တတ်ကရလင့်တွေ လာမထည့်ပါနဲ့ နိပ်ကြည့်ရတာ လှည့်စားသွားတယ။် မွန်တို့သန့်တို့ လိုဘဲလုပ်ပါ။

Rita said...

အရမ်းကြိုက်တဲ့ အသီး။
စင်ကာပူရဲ့ အဲဒီအသီး အရမ်းပေါတဲ့ ဒေသမှာနေတယ်။ ဒါပေမဲ့ မျက်နှာမှာ ဝက်ခြံတွေ ထွက်တတ်လို့ သိပ်မစားရပါ။

(မမရယ်
ဒီလက်ရေးနဲ့များ ပဟေဠိလာလုပ်ချင်သေးတယ် အံ့ရော LOL)

T T Sweet said...

မြန်မာပြည်မှာတုံးက လုံးဝမစားတတ်ဘူး။ အနံ့ကို မကြိုက်လို့ ... ဒီရောက်မှ သူငယ်ချင်းတစ်ယောက်က အတင်းကျွေးတာနဲ့ စားတတ်သွားတာ။ စလုံးတွေအသေကြိုက်။ ပြီးခဲ့တဲ့အပတ်ကတောင် ရုံးမှာ ဒူးရင်းသီးတွေ ကျွေးသေးတယ်။ အလုံး၄၀ တောင် ၀ယ်တာဗျာ။ လူ၄၀ ကို။ စလုံးတရုတ်တွေ အရမ်းစားတာပဲ။

khet myint myint said...

မနေ
သင့်ကို အလေးနီပြုပါ၏ ။ စားပြီးသောက်ပြီးချိန် ဖတ်မိ၍သာ သမာဓိခိုင်အောင် ထိန်းနိုင်ပေသည် ၊ မဟုတ်ပါက ခုပဲ အပြင်ထွက်စားရမလိုလို ဖြစ်သွားသောကြောင့်ပင် ။ သမာဓိခိုင်မှ ဖြစ်ပါတော့မည် ။
အပေါ်က အမှတ်၅ အမည်မသိ။ မသိပါ ၊ ဘယ်သူပါလဲ ။ ဒါ့ပုံလက်ရာမတူနိုင်ခြင်းမှာ ကိုင်သော ကင်မရာနှင့်လည်း ဆိုင်လိမ့်မည် ။ မေးခွန်းတွေ သိပ်များသည် ။ အလကားမမေးရ ။

ပုံ
အမြင်မတော် ဝင်ပြောသွားသူ
ခမမ

am said...

I want to share
" how to wash ur hand from durian smell "
" how to do not to get body heat after eat "
*Very simple way that take one of the shell of durian and pour the water through the outside shell and wash ur hand below.Straight all the durian smell are gone without using soap.
*Another way is well known that using this shell again fill up water and drink. you will not get body heat and other effects.

Anonymous said...

ဒူးရင်းသီးနံ့ ကို အဲသလိုဖျောက်တာ အခုမှ သိတယ်။ မော့သောက်တာတော့သိတယ်လက်ဆေးတာမသိဘူးဆပ်ပြာနြဲ့ဘဲအထပ်ထပ်ဆေးနေတာ ။
လေချဥတက်ရင်ူးးရင်းသီးနံ့ပျောက်တဲ့နည်းကလေးများရှိသေးလား။ အော့အော့ ဆောရီး။


word verification ကြီးကြိုက်ဘူး။

Anonymous said...

ဒီနစ်ရက်မှာ လေးဘူးကုန်တယ် သူ့ကြောင့်။