Pages

March 24, 2009

လူ့ စိတ်

တစ်စုံတစ်ခုကို ပြန်မရနိုင်မှန်းသိလိုက်ရတဲ့ အခါ...
ဆုံးရှုံးသွားခြင်းအတွက် စိတ်မကောင်းဖြစ်ရမလား။
ခံစားမှု့က ထူးဆန်းတယ်...
စိတ်ပေါ့ပါးသွားသလိုပဲ.. ပြီးတော့ ရယ်မောမိတယ်..
အဲလိုတွေဖြစ်မယ် လုံးဝ မထင်ထားခဲ့ဘူး..

မေးတယ်..
တန်ဖိုးမထားလို့ လားတဲ့ ..မဟုတ်ပါဘူး...
အရေးမကြီးလို့ လားတဲ့.. ဒါလည်း မဟုတ်ပြန်ဘူး...
ဘာမှ မခံစားရလို့ လားမေးမယ်ဆို.. စိတ်ထဲမှာ တစ်ခုခုရှိပါတယ်..
ကြိုးစားကြည့်အုံးမလားတဲ့.. ထားလိုက်လို့ ပဲ ပြောမိတယ်..
အစားထိုးရမယ် ထင်လို့ လားမေးပြန်တယ်... အလုံးစုံတော့ မဖြစ်နိုင်ဘူး..
အသေးအဖွဲ အရေးမပါတဲ့ အရာတစ်ခုမှ မဟုတ်တာ...
ဒါပေမယ့်လဲ..

အခု အချိန်မှာ..
စိတ်ချမ်းသာနေတာတော့ အမှန်ပဲ..
(၂၃-၀၃-၂၀၀၉)

5 comments:

ZT said...

စိတ်ညစ်စရာ ရှိလည်းခဏပေါ့။ နောက်တော့လည်း "Business as usual" ပြန်ဖြစ်သွားတာပါပဲ။

ကိုပေါ said...

တစုံတခုကို အရူးအမူးလိုချင်ခဲ့ပြီး ရတဲ့အခါကျတော့လည်း သိပ်မပျော်တော့တာမျိုး…..
တစုံတခုကို ကြုံတွေ့ရမှာ အရမ်းကြောက်လန့်ခဲ့ပြီး တကယ်ရင်ဆိုင်ရတဲ့အခါကျမှ သိပ်မတုန်လှုပ်တော့တာမျိုး…..
တစုံတခုကို ဆုံးရှုံးရမှာ အရမ်းစိုးရိမ်ခဲ့ပြီး တကယ်ပြန်မရနိုင်တော့တဲ့အခါကျမှ စိတ်ပေါ့ပါးသွားတာမျိုး……

ဖြစ်တတ်ပါတယ်လေ။

ဆိုတော့…. “လုစိတ်”နဲ့ “၀စိတ်” မီထူးခြားလှပါဘူး။ အတူတူပဲလို့ ထင်လယ်။

Ko Boyz said...

အိမ်က မော်နီတာကြီး ကျကွဲပြန်ပြီ ထင်တယ်...။ :D

Anonymous said...

ဝမ်းချူလိုက်တာလားမသိ။း)
မမွန်

Mogok Thar said...

လူ့စိတ်တွေဟာ ဆန်းကျယ်။ ဆယ်ကျမ်းတော့ မကဘူးထင်ရဲ့