National Library eNewsletter ကို
sign upလုပ်ထားတော့ အဲ့ဒီကနေ အီးမေးရတယ်။ NLB ကနေ Customer Appreciation Day 2011 ဆိုပြီး လက်ဆောင်ပေးတယ်။ Lee Kong Chian Reference Library ရဲ့ Information Counters မှာ 1 to 30 September 2011 အတွင်း အီးမေးပြပြီး လက်ဆောင်ထုတ်လို့ ရတယ် လို့ ပါတယ်။ ရှိသေးရင်ရမယ်၊ ကုန်သွားရင်တော့ မရတော့ဘူးဆိုပြီးလည်း ပါတယ်။
ဘာလဲ စိတ်ဝင်စားသွားတယ်။ လူအများကိုပေးတာဆိုတော့ ကတ်ပြားလေး တစ်ခုခု၊ NLB တံဆိပ်ပါတဲ့ ဘောပင် တစ်ချောင်းချောင်း လောက်ဖြစ်မယ် ထင်မိတယ်။ Google ကြည့်တယ်။ ဘာလဲဆိုတာ ရှာမရဘူး။ Library မရောက်တာ အတော်ကြာပြီ။ သိချင်ပေမယ့် သပ်သပ်ကြီးသွားကြည့်ဖို့ တော့ စိတ်မကူးမိဘူး။ ငှါးဖတ်ချင်တဲ့ စာအုပ်ရှိတာတောင် အာရုံမရလို့  Library မသွားဖြစ်ဘူး။
အသိတစ်ယောက်က Weekend မှာ အေးအေးဆေးဆေး စာဖတ်ချင်လို့  ဘယ်မှာ အဆင်ပြေနိုင်မလဲ မေးလာတယ်။ နေတဲ့နေရာမေးကြည့်တော့ Central Library နဲ့ နီးတာမို့  အဲဒီမှာ စာသွားဖတ်ပါလားလို့ ပြောလိုက်မိတယ်။ ဖြစ်နိုင်ရင် လိုက်ပြပါလား အကူအညီတောင်းလာတာနဲ့  သောကြာညနေပိုင်းက Library ရောက်သွားတယ်။ Information ကောင်တာမှာ Gift ထုတ်လို့ ရလား မေးကြည့်တာ Level 8/9 မှာ ထုတ်လို့  ရတယ်ဆိုတာနဲ့  သွားကြည့်လိုက်တယ်။
Email ရလို့ ဆိုပြီး ဖုန်းနဲ့ အီးမေးလေးပြလိုက်တာ လက်ဆောင်လေး ထုတ်ပေးတယ်။ ဖုန်းကို သေချာတောင်သေချာ မကြည့်ပါဘူး၊ ဘာမှလည်းမမေးဘူး ဒါပေမယ့် စာရွက်ပိုင်းလေးထုတ်ပေးပြီး Full Name ရေးပေးပါပြောလို့  နာမည်တော့ ရေးပေးခဲ့ရတယ်။ ပါလာတဲ့အသိလည်းရတယ်။ သူလည်း နာမည်လေးတော့ ရေးပေးရတာပေါ့။ အထဲဝင်ကြည့်ပြီး ပြန်အထွက်မှာ ကောင်တာမှာ လူတစ်ယောက် Email ကို Print ထုတ်ယူလာပြီး ပြနေတာတွေ့ လိုက်တယ်။
ဒါက လက်ဆောင်
Friday Evening Photo Diary...
Bugis ကထွက် ဘယ်သူလည်းမသိဘူး လူတွေစုနေတယ်... လက်မှတ်ထိုးပေးနေတာ...
လမ်းကူးဖို့ စောင့်ရင်း မြင်ရတဲ့ Library..
Central Library ကို သဘောကျတယ်..
Welcome to National Library Building
လူ့ မိတ်ဆွေများ...
မနှောက်ယှက်ပါနှင့်...
Read More Books..
များများဖတ်ပါ။
Library ပေါ်မှ လှမ်းမြင်သမျှရိုက်သည်။
ရိုက်သည်၊ ရိုက်သည်၊ ဆက်ရိုက်သည်။
ဗိုက်ဆာလာပါပြီ။
Library Lobby
အောက်ကိုရိုက်ခဲ့သည်၊ အပေါ်ကိုရိုက်နေသည်၊ ရှေ့ ကိုဆက်ရိုက်မည်။
အပြန်လမ်း...
Central Lending Library , Lee Kong Chain Reference Library, Drama Center
လျှောက်သည်၊ လျှောက်သည်၊ ဆက်လျှောက်သည်။
Raffles City
စားသည်၊ ၀ါးသည်၊ အားဖြည့်သည်။
အားပြည့်သောအခါ ဈေးဝယ်ထွက်သည်။ ဆိုင်ပိတ်မည်ကို မစိုးရိမ်ရ။
Challenger... ၂၄ နာရီဖွင့်သည်။
ဈေးပိုမပေးရပါ။
ကြည့်သည်၊ ကြည့်သည်၊ လျှောက်ကြည့်သည်။
ပြန်မည်၊ ပြန်မည်၊ ပြန်တော့မည်။
လူတွေ ရှိသေးသည်။
ဆူမည့်သူမရှိ၊ သို့ သော် အိမ်ပြန်ချိန် နောက်မကျပါ။
ရိုက်ချက်။
မှတ်ချက်။ ။ လက်ရည်တက်လာသည်။