Pages

July 08, 2010

ရွက်လှေများ - ဂျူး

အလုပ်လုပ်ရင်း စာအုပ်တစ်အုပ် ပြန်ဖတ်ကြည့်ချင် စိတ်ပေါ်လာတယ်။ အဲဒီစာအုပ် PDF အနေနဲ့  ကျွန်မ မှာရှိတာ သေချာတယ်။ ဘယ်နေရာမှ သိမ်းထားလဲ မသိဘူး။ အလုပ့် ကွန်ပြူတာက e-Book Folder မှာ ကြည့်တယ် မရှိဘူး။ အဲဒီစာအုပ်ကို အလုပ်လုပ်ရင်း ခုချက်ချင်းဖတ်မရပေမယ့် အိမ်ရောက်တာနဲ့ ဖတ်ချင်လို့  ရှိတယ်ဆိုတာ သေချာချင်တယ်။ မရှိရင် Google လုပ် ရှာထားရမယ်။ ရှိခဲ့တာ သေချာတယ်။ ဒီဘလော့မှာများ မှတ်ထား၊ မျှဝေ ဖူးသလား။ Label - Book ကို ကြည့်ဖြစ်သွားတယ်။

တချို့ စာအုပ်တွေက ကိုယ်ကြိုက်လို့ မှတ်ထားတာဆိုတော့ ဘယ်နှစ်ခါ ဖတ်ဖတ် မရိုးနိုင်ဘူး။ လွယ်လွယ်ကူကူဖတ်လို့ ရတဲ့ ၀တ္ထုတိုတွေ၊ ကာတွန်းတွေကို တစ်ခုချင်း တစ်ခုချင်း ပြန်ဖတ်ရင်း... ၂၀၀၇ - ဂျူလိုင် က မှတ်ထားတဲ့ ဂျူးရဲ့ ရွက်လှေများ ထဲက စာပိုဒ်တစ်ချို့ ကို ပြန်ဖတ် ဖြစ်ခဲ့တယ်။

ဝတ္ထုတို တစ်ပုဒ်လုံး အပြည့်အစုံ မဟုတ်ဘူး။ ကိုယ်ကြိုက်တာတွေပဲ မှတ်ထားဖြစ်ခဲ့တာကို။ ကြိုက်တာပဲ ရွေးမှတ်တာ ကောင်းပါတယ် ဒါပေမယ့် တစ်ပုဒ်လုံး ပြည့်စုံတာ ပိုသင့်တော်မယ် ထင်မိသည့် အတွက်...

4 comments:

Anonymous said...

I like Jue . Thanks for sharing this.

Anonymous said...

ဘယ်နှစ်ခေါက်ပြန်ဖတ်ဖတ် အရမ်းကြိုက်ပါတယ်..

i love juu

khin oo may said...

မဖတ်အားသေး
ဘလော့ဖတ်နေသည်။

Anonymous said...

“ ကျွန်မ၏ရွက်လှေပေါ်မှာလည်း လိုချင်၍သယ်ယူခဲ့သော ပျော်ရွှင်မှုများ၊ မလိုချင်ပါဘဲနှင့် လက်ခံယူခဲ့သည့် အမှားများ၊ လွှင့်ပစ်လို့ရလျှင် ချက်ခြင်း လွှင့်ပစ်လိုက်ချင်သော နောင်တများ.. စသည်ဖြင့် ကုန်စည်ပစည်းများလည်း အသင့်အတင့် စုံခဲ့ပြီ။ ”

အဲ့နားလေး အကြိုက်ဆုံး နေနေရေ..။ လိုချင်တာတွေလဲ မက်မက်မောမောသယ်လို့ မလိုချင်တာလဲ တရွတ်တိုက်ပါလို့...

မနွယ်