Pages

July 14, 2010

Distance Fares @ SG

တစ်ကြောင်း ကို ၃ ပြား
တစ်ရက် (အသွား/အပြန် နှစ်ကြောင်းဆို) ၆ ပြား
တစ်လ (ရက် ၂၀ အလုပ်သွားရတယ်ထား... ) ၁ ဒေါ်လာနဲ့  ၂၀ ပြား ပိုပေး နေရပြီ..

စင်္ကာပူမှာ July 3 ရက်နေ့ ကစပြီး Public Transport (Bus and Trains(MRT/LRT) ) အပေါ် ပြောင်းလဲကောက်ခံတဲ့ "Distance-Based Fare System" ရဲ့ ကျွန်မ အပေါ် တိုက်ရိုက် သက်ရောက်မှု့ ပါ။

စင်္ကာပူမှာ နေတဲ့သူတွေ Distance Fares System ကြော်ငြာ (LTAsingapore - YouTube) ကြည့်ဖူးကြမယ် ထင်တယ်.. အဲဒီ ထဲကလူတွေ (ခရီးစဉ်တွေ) သက်သာ သွားပါတယ်။ ခရီးဝေးဝေးကို Bus စီး.. ပြီးရင် MRT စီး .. နောက်ထပ် LRT ပြောင်းစီး .. ဒါမှမဟုတ် ဒါမှမဟုတ် Bus ကားတွေ အဆင့်ဆင့် ပြောင်းစီး... အဲဒီလို လမ်းကြောင်းတွေ အဆင့်ဆင့် ပြောင်းစီးရတဲ့သူတွေမှာမှ သက်သာသွားကြတာလား။

ဒါနဲ့  ကြော်ငြာထဲမှာ
ဒုတိယလူ Upper Thomson Road ကနေ Raffle Place သွားတာမှာ အရင်က 162 Bus စီးပြီး 1.33 SG$ ကုန်တယ်။ 40 Mins ကြာပါတယ်တဲ့...
DistanceFaire နဲ့  သက်သာချင်တယ်ဆို .. Upper Thomson Road ကနေ 162/167 Bus စီးပြီး Newton MRT Station သွား ..ပြီးရင် အဲဒီက ရထားစီးပြီး Raffle Place သွားပါ .. ဒါဆို ၃၅ မိနစ် ကြာပြီ 1.29 SG$ သာကုန်ပါတော့မယ်လို့  လမ်းညွှန်ပေးထားတာတွေ့ ရတယ်..

ဟမ်း.. ကျွန်မသာဆို အချိန် ၅ မိနစ်နဲ့  ပိုက်ဆံ ၄ ပြားသက်သာဖို့ အရေး ဘတ်စ်ကား တစ်ဆင့်တောက်လျှောက် စီးလို့ ရနေတာကနေ ဘတ်စ် နဲ့  ရထား ၂ ဆင့်ပြောင်းစီးတာမျိုး လုပ်ဖြစ်မှာ မဟုတ်ဘူး။ ဘယ်သူမှလဲ လုပ်မယ် မထင်ဘူး။ ပိုက်ဆံ ၄ ပြားသက်သာတာ ထားပါတော့ အချိန် ၅ မိနစ် သက်သာတယ် ဆိုတာ တကယ် သက်သာနိုင်ပါ့မလား။ မထင်ပါဘူး။ ပြောင်းစီးရမယ်ဆို ရထား စောင့်ရမယ်၊ ကားထပ်စောင့်ရမယ့် အချိန်တွေ ပိုကုန်မှာ.. လူတိုင်း သိတယ်။ အလုပ်သွားချိန်/ပြန်ချိန်မှာဆို Newton လို နေရာကနေ ရထားပေါ်ရောက်အောင် တိုးတတ်ဖို့  ကလည်း မလွယ်လောက်ဘူး။

စဉ်းစား ကြည့်တယ်။ ဒီစင်္ကာပူမှာ နေ့ စဉ် ပုံမှန်မသွားမဖြစ် ခရီး (အိမ်ကနေ အလုပ် အသွားမှာ ) အဆင့်ဆင့် ခရီးသွားရတဲ့သူ နဲ့  ကျွန်မလို ခရီးတစ်ဆင့် (ရထား /ဘတ်စ်ကား) စီးပြီးသွားရတဲ့သူတွေ ... ယှဉ်ကြည့်မယ်ဆို ဘယ်ဟာက အရေအတွက်ပို များမလဲ။ ဘယ်သူမှ ခရီးဝေးဝေးကို အဆင့်ဆင့်ပြောင်းစီးပြီး မသွားချင်ကြမှာ မဟုတ်ဘူး။ အလုပ်နဲ့  အိမ်နဲ့ ဝေးရင် နီးအောင် ပြောင်းလို့ ရရင် ပြောင်နေကြမယ်၊ မပြောင်းနိုင်ရင် တောင်မှ လူကို သက်တောင်သက်သာဖြစ်စေမယ့် တစ်ဆင့်ထည်း စီးရတဲ့ ရထား၊ကားမျိုးကို ပဲရှာဖွေ စီးကြလိမ့်မယ်လို့ ပဲ ကိုယ့်စိတ်နဲ့ နှိုင်း ထင်မြင်မိတယ်။

ဒီတော့ အခု System အသစ်ကို ပြောင်းလိုက်တဲ့အချိန်မှာ ခရီးစာရိတ်ပိုကုန်မယ့် သူနဲ့  ခရီးစာရိတ် သက်သာမယ့်သူ ဘယ်အရေအတွက်က ပိုများနိုင်သလဲ..

(5.308 million trips are made on a daily basis on the public transport system and at least half of its population utilizes it daily. Wiki - Transport in Singapore )

MRT fares compare .. Source (Furry Brown Dog)
အလုပ်ကလူ တချို့  မေးကြည့် ဖြစ်တယ်။ မေးသမျှ ဘယ်သူမှ မသက်သာဘူး၊ ပိုကုန်တဲ့ သူတွေကြီးပါပဲ။ အများစုက တစ်ဆင့်ထည်း စီးရတဲ့သူတွေပါ၊ ရထားနဲ့  ဘတ်စ် ၂ ဆင့်ပြောင်းစီးရတာ တစ်ယောက်ပဲ ရှိတယ်။ အဲဒီ ၂ ဆင့်ပြောင်းရတဲ့သူက ၂ ပြားပို ကုန်တယ်လို့ ပြောပါတယ်။ တခြားသူတွေလည်း ခရီးတစ်ကြောင်းကို ၂ ပြား ၃ ပြား ကစလို့  တချို့ ဆို ၁၃ ပြား လောက် အထိတောင်မှ ပိုကုန်ကြတယ်လို့  သိရပါတယ်။

ကျွန်မအတွက်ကတော့ အပေါ်ဆုံးမှာ တွက်ပြထားသလိုပဲ အလုပ်သွားရတဲ့ ရက်တွေမှာ တစ်ရက်ကို 6 cents ပို ကုန်သွားတယ်။ တခြားသူတွေရော. ဘယ်လောက် ပိုကုန်သွားလဲ။ ခရီးစာရိတ် သက်သာသွားသူရော ရှိကြလား။

ဒါနဲ့ .. ခရီးစာရိတ် ပိုကုန်တယ် ဆိုတဲ့သူများ..
အကုန်အကျ သက်သာတဲ့ နည်း ရှာချင်တယ်ဆိုရင် ၊ ခရီးအဆင့်ဆင့် ဟိုပြောင်းဒီပြောင်း ၂-၃ ဆင့် ပြောင်းရတာကိုလည်း လက်ခံနိုင်တယ်ဆိုရင်... DISTANCE FARES CALCULATOR မှာ ခရီးစဉ်ကို ထည့်ကြည့်ပြီး အသက်သာဆုံး နည်းလမ်းကို ရှာဖွေကြည့်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

To Read:
Distance fares or transfer fares? (Furry Brown Dog)
New bus, train fare system
Long-term good from new fare system

11 comments:

P.Ti said...

နေနေနိုင် ရေးလိုက်တာကောင်းတယ်။
ကျွန်တော်လည်း အဲဒါကို ပြောချင်နေတာ။ နားလှည့်ပါးရိုက်ပြီး လူတွေဆီက ပိုပြီးယူလိုက်တယ်ထင်တာပဲ။ တစ်ဆင့်ထဲစီးတဲ့လူတွေအကုန်လုံးနီးပါး ပိုပေးရတယ်။ ပြောင်းစီးတဲ့လူတွေ တချို့သာ ငါးပြားလောက်သက်သာတာ။

ခရီးပိုတိုတာရွေးဖို့ ကားနှစ်ဆင့်ပြောင်းမယ်ဆို အချိန်တွေကုန် အလုပ်ရှုပ်လို့ ဘယ်သူမှလုပ်မှာမှ မဟုတ်တာ။

Public Transport Councilက လူတွေက ရထား နဲ့ ဘတ်စ်ကား နေ့တိုင်းစီးခိုင်းရမယ်။

ကိုပေါ said...

မြစ်တို့၏ မာယာ... အဲလေ... distance fares တို့၏ မာယာ ပေါ့လေ။

ဒီနည်းက စင်္ကာပူမှာ အသစ်ဗျ။

ဘဘလီ အရင်က ပြောခဲ့ဖူးတဲ့ နည်းနဲ့ မတူတော့ဘူး။

လီကွမ်းယူက.... ဒီလို ပြောဖူးသတဲ့။

"If you want to break someone's window, tell him that you are going to burn down his house. So when you really break his window, he'll be so grateful that he'll thank you for it."

ဒီတော့ ဘာပဲဖြစ်ဖြစ်... တကယ် မသက်သာလည်း ကျေးဇူးတင်လိုက်ပါ။း-)

NNC said...

အိမ်ကနေ MRT ကိုကားစီးရတယ်။
ပြီးတော့ MRT ၉မှတ်တိုင်စီးရတယ်။ မသက်သာတဲ့အပြင် တကြောင်းကို ၃ ပြားပိုပေးနေရတယ်။

khin oo may said...

အသွားခုနစ်ဆင့် အပြန် ခုနစ်ဆင့်..

SZA said...

yes. i hav to pay 3 cents more to every trip as well. it is not cuz of distance fare. it is cuz there has no more discount. previously, there has 3% discount. they have stopped this discount. this is one of the reason why some of the fares are up.. for my frd from my home. she has to take two buses every morning when she goes to work. but since distance is quite short one, she doesn't need to pay any more when she takes another bus. it is just $0.00 for next bus ride. so total, she just needs to pay S$0.71 for whole trip (one way and taking two buses). if normal way, she will have to pay at least S$0.19 more for next bus ride. im not covering up for them, but this is what i read from publictransport.com.sg :D they said some fares are up cuz of no more 3% discount. so i bear in my mind about it, but they dun really announce officially or i don't know. so a lot of ppl misunderstand about it, including myself in the very first place.

Nay Nay Naing said...

Expiry of 3% Fare Rebate & Launch of Distance Fares on 3 July 2010 ဆိုပြီး တရားဝင် announce လုပ်ပါတယ်။
SZA ရဲ့သူငယ်ချင်း ဘတ်စ် ၂ ဆင့်စီးတဲ့အခါမှာ ခရီးတိုတဲ့ ပထမ ဘတ်စ်မှာ 0.00 ပဲကျပြီး ခရီးဆုံးမှာ 0.71 ပဲကျတယ်ဆိုတာ transfer penalty မရှိတော့လို့ ပါ။ အခု System က Distance နဲ့ တွက်တာဆိုတော့ ဘတ်စ် နှစ်ဆင့်ပြောင်းလဲ ခရီးတစ်ခုလို့ ပဲ သတ်မှတ်လိုက်တယ်။ ဒါကြောင့် သု့ အတွက် သတ်သာသွားတာ။

Distance Fairs System မှာ ခရီးစဉ်တစ်ခုလို့ သတ်မှတ်တဲ့ စီးမျဉ်းတွေက..
a) Transfer time limit of 45 minutes
b) All journeys must be within 2 hours of the first boarding on the same journey
c) Single entry and exit allowed for rail
d) Current bus service must not be of the same number as the preceding bus service
e) Maximum of 5 transfers (from the current 3) can be made within a journey

ကိုပေါပြောတဲ့ လီကွမ်းယူ စကားကို အသေအချာ မှတ်ထားရမယ်..

System အသစ်ကြောင့် ခရီးစာရိတ် ဘယ်လောက်ကွာခြားသွားတယ် ရေးထားပေးခဲ့သူတွေကို ကျေးဇူတင်ပါတယ်။ အခုအချိန်အထိ Comment ရေးသွားတဲ့သူတွေထဲ အလုပ်အသွားအပြန် ခရီးစာရိတ်လျှော့သွားတာ တစ်ယောက်မှ မတွေ့ သေးပါလား..

chan myay thar yar said...

ကျနော်ကအလုပ်ကို ကားနှစ်ဆင့်စီးရပါတယ်
အရင်စနစ်အဟောင်းတုန်းက ပထမဆင့် 1.31$ ပေးရပြီး ဒုတိယအဆင့်ကျတော့ 0.69$ကျပေမယ့် ပြောင်းစီခ 0.50$ rebate ၇တော့ 0.69-0.50$=0.19$ နှစ်ဆင့်ပေါင်း 1.31$ + 0.19$ = 1.50 $ ကျပါတယ်
ဒါပေမယ့်စနစ်သစ်မှာ ပထမဆင့် 1.45$ နဲ့ ဒုတိယဆင့် 0.04$ နှစ်ဆင့်ပေါင်း 1.49$ ကျလို့ ၁ဆင့်ကြီးများတောင်သက်သာပါတယ်..
ဒါပေမယ့် တဆင့်သမားဆိုရင်ကျနော့်ခရီးစဉ်အတိုင်းဆို ၁၄ ဆင့်ပိုကုန်မှာပါ...
နိဂုံးချုပ်အကြံပေးချင်တာက စနစ်သစ်အ၇ MRT နဲ့ ၁မှတ်တိုင် ၂။ ၃ မှတ်တိုင်ဝေးသူတွေလမ်းမလျောက်ပါနဲ့ ကားရှိရင်ကားစီးပါ လေးငါးဆင့်လောက်နဲ့ လူပိုသက်သာသွားပါမယ် စမ်းကြည့်ပါလေ....
ပုံ.... လီကွမ်းယာ... :)

T T Sweet said...

အဲဒီကိစ္စက နားလှည့်ပါးရိုက် ဈေးတက်ရင် တက်တယ်မပြောပဲ ပြည်သူတွေကို လူလည်ကျထားတာ လူတိုင်းသိပါတယ်။

အဲဒီအတွက် သူတို့မှာ တစ်လကို ဒေါ်လာ သိန်းနဲ့ သန်းနဲ့ချီပြီး ပိုအမြတ်ရပါတယ်။ တစ်ယောက်ဆီက တစ်နေ့ ၅ပြားပဲထား။ လူပေါင်းတစ်နေ့ ဘယ်လောက်ခရီးသွားနေလဲ။တစ်လကို ဘယ်လောက်မြတ်မလဲ။ တွက်ကြည့်ရင်ရပါတယ်။

kavan said...

for me, i like it.
I want smrt profit to increase then I will also got profit :)

Rita said...

အိမ် နဲ့ ရုံးကတော့ ဘာမှ မစီးရဘူး။
ဖိနပ်ပဲ စီးရတယ်။

khet myint myint said...

အလုပ်သွားရတာ မဟုတ်ပေမယ့်လည်း အရင်သွားနေကြ လမ်းကြောင်းတွေအတွက်တော့ ပိုကုန်တာကြီးပါပဲ ။ ခုထိ သက်သာသွားတာ မတွေ့မိသေးပါဘူး ။