Pages

July 01, 2010

Burmese Fried Roselle (ချဉ်ပေါင်ကြော်)

ရွှေချဉ်ပေါင်တုန်းကာမှမောင်ဖုန်းပြန်ခဲ့မယ်

From Burmese Food

ချဉ်ပေါင်ရွက်ကြော်။ မြန်မာလူမျိုးအတော်များများ သိပ်ကြိုက်ကြတဲ့ ဟင်းရံတမျိုး။

ရန်ကုန် အိမ်မှာကတော့ ချဉ်ပေါင်ကြော်၊ ချဉ်ပေါင်ဟင်းရည် အမြဲနီးပါး ချက်လေ့ ရှိတယ်။ ကျွန်မတို့  အဖေက ချဉ်ပေါင်ဟင်း အရမ်း ကြိုက်တယ်လေ။ ဖေဖေ အိမ်မှာရှိတဲ့ အချိန်ဆို ချဉ်ပေါင်၊ မျှစ်၊ ခရမ်းသီး၊ ရုံးပတေသီး၊ ငါး တွေနဲ့  ချဉ်ဟင်းကို ဟင်းရည်သောက်အဖြစ် နေ့ တိုင်းနီးပါး ချက်တယ်။ ထမင်းစားခါနီး ချဉ်ပေါင်းဟင်းလေး နွှေးလိုက်ပါအုံးဆိုတဲ့ စကား အမြဲကြားတယ်။

ချဉ်ပေါင်ရွက်ကို ဈေးက ၀ယ်ချက်သလို၊ ချဉ်ပေါင်ပင်တွေ အိမ်နောက်ဘက်မှာ စိုက်ပြီး လတ်လတ်ဆပ်ဆပ်ကို ခူးချက်တာမျိုးလည်း ရှိတယ်။ ချဉ်ပေါင်ပင်က စိုက်ရလွယ်တယ်လေ။ အစေ့ကို မစိုက်ရင်တောင် ဈေးက၀ယ်လာတဲ့ အရိုးရင့်ရင့်ကို မြေကြီးမှာ ထိုးထားလိုက် အညွန့် တွေ ထွက်တာတယ်။ "ရွှေချဉ်ပေါင် တုန်းကာမှ မောင်ဖုန်းပြန်ခဲ့မယ်" ဆိုတဲ့စကား အိမ်မှာ အမြဲနောက် ပြောလေ့ရှိတယ်။

ချဉ်ပေါင်မှာ အနီနဲ့  အဖြူနှစ်မျိုး ရှိတယ်။ အဖြူက ခါးသက်သက်၊ ဆေးဖက်ပိုဝင်တယ် ထင်တယ်။ ဒါပေမယ့် အိမ်မှာ ချဉ်ပေါင်နီ ကိုပဲ ကြော်စား၊ ချဉ်ဟင်း ချက်စားတာတယ်။ အဖြူကို ဘယ်လိုစားကြလဲမသိဘူး။

အပေါ်က ပုံက ရန်ကုန်က ကြော်ပေးလိုက်တဲ့ ချဉ်ပေါင်ကြော် စစ်စစ်။ ကျွန်မ အိမ်က ကြော်ပေးတာ မဟုတ်ဘူးရယ်။ ကျွန်မကတော့ ချဉ်ပေါင်ဟင်း နဲ့  ချဉ်ပေါက်ရွက်ကြော် သိပ်စားလေ့ မရှိဘူး။ စိတ်ကူး တော်တော်ပေါက်မှ နည်းနည်း နှိုက်ယူ စားတတ်တာမျိုးဆိုတော့ အိမ်က တခါမှ မပိုပေးဖူးဘူး။ မသိဘူး။ စားစရာလို့ ကို မထင်ခဲ့တာ။ ခုချိန်ထိလဲ စားလေ့ သိပ်မရှိဘူး။ ပုံထဲက ချဉ်ပေါင်ကြော်မှာ ငရုတ်သီး မပါဘူး။ ကြော်တဲ့သူက ငရုတ်သီးမစားလို့  မထည့်ဘူးတဲ့။ စားလို့ တော့ ကောင်းပါတယ်။ အရသာ ရှိတယ်။ ဒါပမယ့် ချဉ်ပေါင်းကြော်ရင် ငရုတ်သီးတောင့်လေးတွေ ဒီတိုင်းထည့်ထည့်၊ ထက်ခြမ်းခွဲပြီးပဲ ထည့်ထည့်.. နည်းနည်းလောက်ဖြစ်ဖြစ် ထည့်ကြော်မှ ပိုပြည့်စုံမယ် ထင်တယ်။

5 comments:

သက်ဝေ said...

စားချင်စရာ...
ဖဘ မှာ ခုနကပဲ တွေ့ခဲ့တဲ့ ချဉ်ပေါင်ကြော်...
ဒီမှာလဲ ချဉ်ပေါင်ကြော်...း))

khet myint myint said...

ချဉ်ပေါင်ကြော်... အိမ်ကပို့မှပဲ စားဖြစ်တော့တယ် ။ ရေနွေးဖျောလိုက်တော့ ချဉ်ပေါင်ဟင်းရည် ဖြစ်ရော.. ပူပူနွေးနွေး ကြက်ဥကြော်လေးနဲ့တွဲစားလိုက်လို့ ကတော့ .. :-)

Anonymous said...

ငပိရည်လေးဆမ်းစားလိုက်လို့ကတော့ာ
kom

ak said...

yumm but very expensive here :)

Anonymous said...

အိမ်ကတော့..ဖြူနီရောချက်တတ်တယ်..
အနီချည်း မချက်ဘူးတဲ့..။


ပေါက်