Pages

July 25, 2010

Oh My Lunch

ဒီနေ့  ချက်မစားတာကြာပြီဖြစ်တဲ့ ပုဇွန်ဟင်း ချက်စားလိုက်တယ်။
From Everything
ကိုယ့်ဘာသာ ပုဇွန်ဟင်း ချက်မစားတာ အတော်ကြာပြီလိုပဲ။ ပုဇွန်မစားဖြစ်တာ ကြာတာတော့ မဟုတ်ပါဘူး။ ရန်ကုန်မှာ ပုဇွန်ဝယ်လို့ ရတဲ့အချိန်ဆိုတော့ အမေက လူကြုံရှိတိုင်း ပုဇွန်ထည့်ပေးလေ့တဲ့အတွက် အဲဒီပုဇွန်တွေပဲ ဆီလေးနဲ့  ပြန်လှိမ့် ကြော်စား ဖြစ်တယ်။ အမေ ထည့်ပေးတဲ့ ပုဇွန်က ပိုစားကောင်းတယ်လေ။ အခုဟာလည်း အမေ့အိမ်က ပုဇွန်ကို မမှီပေမယ့် စားလို့ ကောင်းပါတယ်။ ပုဇွန် ၁၀ ကောင်။
From Everything

တမျိုးထဲ မစားတတ်ဘူး။ တခြား ဘာအသီးအရွက်မှ ၀ယ်ထားတာ လည်းမရှိတော့ ခရမ်းချဉ်သီး၊ ဂေါ်ဖီလေးနဲ့  ဂျင်းလေး၊ နှစ်ပြန်ကြော်လေးထည့်၊ ပုဇွန်ခြောက် နဲ့ အတူ ငရုတ်သီးစိမ်း ၂ တောင့်လောက် ပါးပါးလှီးထည့်ထားတာလေးလည်း လုပ်စားလိုက်တယ်။ မနေ့ က လုပ်စရာရှိတာတွေ လုပ်ထားပြီးတဲ့အတွက် ဒီနေ့  နေ့ လည်စာ ထမင်းစားပြီး တရေးအိပ်ချင် အိပ်လို့ ရပြီ။ နောက်လာမယ့် ရက်တွေကို ကျော်ဖြတ်ဖို့  အားအင်ပြည့်နေဖို့ လိုတယ်။

4 comments:

khin oo may said...

အေးချမ်းပါဘိတော့တောင်း.

khin oo may said...

အိုးလေးရိုက်ထားတာ ကဗျာဆန်တယ်။

:P said...

ကဗျာဆန်တယ်ဆိုလို့ အိုးကို ၂ ပြန် ၃ -၄ ပြန် ကြည့်သွား၏။ အပေါ်ပုံပဲ ကြိုက်တယ် ၊ အကြီး မြင်ရလို့

khin oo may said...

အားလုံးပြန်ကြည့်သွားသည်။