Pages

July 21, 2010

21 July 2010

အခုမှ ၄း၃၀ ပဲ ရှိသေးတယ်။ အိမ်ပြန်ရဖို့  ၁ နာရီခွဲ လိုသေးတယ်။ ၆ နာရီ မြန်မြန်ရောက်စေ ချင်နေပြီ။ ပင်ပန်းနေတယ်။ မနေ့ က အလုပ် များတယ်။ မနက် ၂ နာရီ လောက်မှ အိမ်ပြန် ရောက်တယ်။ ချက်ချင်းကြီးလည်း တန်းမအိပ်တတ်၊ ရေချိုး၊ စာနည်းနည်းဖတ် အိပ်ရာဝင်တော့ ၃ နာရီခွဲလောက် ရှိပြီ။ မနက်အလုပ် စောစောသွားဖို့ မလိုပေမယ့် ထုံးစံအတိုင်း ၈ နာရီ မထိုးခင် နိုးလာတာပဲ။ မနက် ၅ နာရီလောက်က တခါနိုးသေးတယ်။ ပုံမှန်ဆို ဒီလောက်အိပ်ယုံနဲ့  အဆင်ပြေပေမယ့် ပင်ပန်းလို့ ထင်တယ် အခု အတော်ကြီးကို အိပ်ချင်နေပါတယ်။ အလုပ်အာရုံစိုက် မရဘူး။ ကိစ္စတော့မရှိဘူး ဒီနေ့ အဖို့ က အလုပ်မှာ လူရှိနေဖို့ က အဓိက။ တ၀ါးဝါးနဲ့  သန်းနေတာ၊ ကိုယ်တစ်ယောက်တည်း မဟုတ်လို့  တော်သေးတယ်။

ဘာရယ်မဟုတ် အိပ်ချင်လို့  လျှောက်ရေးတာ။ များများတော့ မရေးနိုင်ဘူး။ ဘာပဲပြောပြော ပုံလေး လိုက်ရှာ၊ ဟိုလျှောက်ရေး ဒီလျှောက်ရေးလုပ်တော့ အချိန်ကုန်မြန်တယ် ထင်လိုက် ရတာပေါ့။ ခုရက်ပိုင်း အလုပ်များတယ်။ ရှေ့ လ ပထမအပတ် မှာ ပိုများမယ်။ လဆန်းပိုင်း ၃-၄ ရက် ညပိုင်းတွေပါ အလုပ်လုပ်ရလောက်တယ်။ မနက်ဖြန် မီတင်မှာမှ အတိအကျ သိရမယ်။

4 comments:

khin oo may said...

busy is good

khin oo may said...

တို့ကတော့မဂွတ်ချင်ပါဘူး။

ak said...

sleep well sis, take good care of ur health

TZA said...

အိုင်တီက တကယ်မလွယ်ပါလား၊ နေနေ့ပို့စ်တွေမှာ အိုင်တီသမားတွေ ဘဝကို ကောင်းကောင်းမြင်ရတယ်။