Pages

March 25, 2009

Obama Sets Up Online Town Hall Meeting

အမေရိကန်သမ္မတ Obama က လာမယ့် ကြာသာပတေးနေ့ မှာ WhiteHouse.gov Website က တစ်ဆင့် Online Town Hall Meeting တစ်ခု ပြုလုပ်မယ်လို့  ဖတ်လိုက်ရတယ်။ စိတ်ဝင်စားဖို့ အတော်လေး ကောင်းတယ်။

Online Town Hall Meeting ဆိုတာ ဘာလဲ။ အွန်လိုင်းမှာ ပြုလုပ်တဲ့ Informal Public Meet တစ်မျိုးပါ။ လူတစ်ဦး တစ်ယောက်၊ အဖွဲ့ အစည်းတစ်ခုက ဦးဆောင်ပြီး ကျင်းပတယ်။ ဘယ်လို အကြောင်းအရာတွေကို မေးနိုင်တယ် ပြောထားတယ်။ လူတွေက အဲဒီအကြောင်းအရာနဲ့  သက်ဆိုင်တဲ့ ကိုယ်မေးချင်တဲ့ မေးခွန်တွေကို အွန်လိုင်းကနေ ပို့ ပေးလို့ ရတယ်။ တခြား သူတွေရဲ့ မေးခွန်းတွေကို Vote ပေးလို့ ရတယ်။ အဲဒီနေရာမှာ မေးတဲ့ မေးခွန်းတိုင်းကို ဖြေပေးတာ မဟုတ်ပါဘူး။ လူကြိုက် အများဆုံး (မေးသူ အများဆုံး) ဆိုတဲ့ မေးခွန်းမျိုးတွေထဲက တချို့ ကို ရွေးချယ်ပြီး ဖြေပေးမှာပါ။ အခု ပြုလုပ်တဲ့  Obama ရဲ့ Online Town Hall Meeting မှာ နည်းပညာပိုင်းအရဆို Google Moderator နဲ့  App Engineကို သုံးပြီး ပြုလုပ်ထားတယ် သိရတယ်။
WhiteHouse Website မှာ Your Questions on the Economy လို့ ပြောထားတော့ Obama ကို စီးပွါးရေးနဲ့  သက်ဆိုင်တဲ့ မေးခွန်းတွေ မေးလို့ ရတယ်ပေါ့။ မေးခွန်းတွေကို Topic 11 တွေခွဲပြီး ပေးထားတယ်။ မေးခွန်း မေးဖို့  ယူဆာကောင့် လုပ်ဖို့ လိုတယ်။ ပြီးရင် ကိုယ်မေးချင်တာတွေ ပို့ လို့ ရပြီ၊ သူများမေးတာတွေ Vote ပေးလို့ ရပြီ။ မေးခွန်းတွေကို ပေးပို့ တဲ့အခါ ကိုယ်တိုင်သရုပ်ဆောင်ပြီး ကိုယ်မေးချင်တာကို မေးထားတဲ့ Video မျိုး ပို့ ပေးတာမျိုးကို အားပေးပါတယ် ပြောထားပေမယ် စာနဲ့  ဒီတိုင်း မေးလည်းရတယ်လို့ လည်း ပြောထားပါတယ်။ ကိုယ်တိုင် ဘာမေးရမယ်မှန်း မသိတောင် သူများ မေးထားတာတွေထဲက ကြိုက်တာတွေ့ ရင် Vote လုပ်လိုက်ပေါ့။ အခု လက်ရှိ လူ ၆၇၀၀ ကျော်က မေးခွန်း ၆၇၀၀ ကျော်မေးထားပြီး မဲအရေအတွက် ၂ သိန်း ၂ သောင်းကျော် ရနေတယ်လို့ ပြနေတယ်။

Obama က သူ့ ကို မေးထားတဲ့ မေးခွန်းတွေထဲက ဘယ်မေးခွန်းတွေကို ဖြေမှာလဲ၊ ဘယ်လို ဖြေမှာလဲ သိချင်တယ်ဆို ကြာသာပတေးနေ့ မှာ အဲဒီနေရာမှာပဲ သွားပြန်ကြည့် နားထောင် နိုင်တယ်ပါတယ်။

1 comment:

ThuHninSee said...

ဟိုလေ..stimulus checkလေး.ဘယ်တော့များရမလဲလို့ပဲ
သိချင်ပါတယ်။ ကျန်တာတွေကတော့ သူများတွေမေးပါစေလေ။
:D