Pages

March 05, 2009

မင်္ဂလာပါ.....

ဒီမနက် ဓာတ်ပုံတချို့ လိုချင်တာနဲ့  flickr ကိုသွားကြည့်ဖြစ်တဲ့အခါ ပထမဆုံး စာမျက်နှာမှာ ဗမာလို "Mingalaba" ဆိုတဲ့ နှုတ်ခွန်းဆက်စကားကို တွေ့ လိုက်ရတယ်။ နံနက်ခင်းဟာ မင်္ဂလာပို ရှိသွားသလို ခံစားလိုက်ရတယ်။

Mingalaba!!! Now you know how to greet people in Burmese!!

Flickr ကို ယူဆာအကောင့် နဲ့  ၀င်မယ်ဆိုရင် ပထမဆုံးစာမျက်နှာမှာ ဘာသာစကားမျိုး တစ်မျိုးမဟုတ် တမျိုးရဲ့ နှုတ်ခွန်းဆက် စကားနဲ့  အကောင့်ပိုင်ရှင်ရဲ့ နာမည်ကို ယှဉ်တွဲဖော်ပြ နှုတ်ဆက်လေ့ ရှိပါတယ်။ ဒီမနက် ကျွန်မကို ဗမာလိုနှုတ်ဆက်တာဟာ ဗမာမှန်းသိလို့  ဗမာလို တမင် နှုတ်ဆက်ခြင်း မဟုတ်ပါဘူး။ Flickr မှာ စုစည်းထားတဲ့ ဘာသာစကားတွေထဲက အဆင်သင့်တာ တစ်ခုကို ရွေးပြီး ဖော်ပြခြင်းသာဖြစ်လို့  ကြုံတောင့်ကြုံခဲလို့ ဆိုရမယ်။ Flickr မှာ ဗမာလို နှုတ်ဆက်တာ ရှိတယ်ဆိုတဲ့ အကြောင်းကိုတော့ တခြားသူတွေ ကြုံလို့  ရေးတာတွေ ဖတ်ဖူးပါတယ်။ ကိုယ်တိုင်ကတော့ အခုမှ ကြုံဖူးခြင်းသာ ဖြစ်လို့  မှတ်ထားလိုက်ပါတယ်။

အားလုံးပဲ... မင်္ဂလာပါ...

4 comments:

ကိုပေါ said...

မင်္ဂလာဆောင်ပါ…..း-)

khin oo may said...

ဒါ အချက်ပေးခေါင်းလောင်းသံဘဲ။ fliker ကတောင် ပြောနေပြီ။

Thinzar said...

အစ်မပို့စ်ဖတ်ပြီး ကိုယ့်ကိုလည်း မြန်မာလိုများနှုတ်ဆက်မလားလို့ ဝင်ကြည့်လိုက်တာ Oi Thinzar တဲ့။ နောက်ပြောင်သလိုဘဲ ခံစားလိုက်ရတယ်။

Nay Nay Naing said...

Ko Paw >> မင်္ဂလာဆောင် ဖိတ်မလို့ လား။

Ma KOM >> လန့် သွားတာပဲ။ ဘာကို အချက်ပေးတာပါလိမ့်။

သဉ္ဇာ >> အစ်မလည်း မြန်မာလိုက တစ်ခါပဲ ကြုံတာ။ ကွန်မန့် ဖတ်ပြီး Oi ဆိုတာဘာလဲ လိုက်ရှာကြည့်တာ ပေါ်တုဂီလို နှုတ်ဆက်တာမှန်း သိလိုက်ရတယ်။