Pages

March 14, 2009

သီဟနာဒ

သီဟနာဒ

လက်သီးဆုပ်မလား၊ လက်ဝါးဖြန့် မလား..
ကြိုက်တာကိုရွေးစမ်း ကိုယ့်လူ
မင်းလည်းယောက်ျား၊ ငါလည်းယောက်ျား
စွမ်းမယ်ထင် လုပ်ကြည့်လိုက်လေ
နွားသိုးမှန်ရင်တော့ ဂျိုချက်ဘယ်ကင်းပါ့မလဲ

မင်းလည်းယောက်ျား၊ ငါလည်းယောက်ျား
စွမ်းမယ်ထင်လုပ်ကြည့်လိုက်လေ
လက်သီးဆုပ်မလား လက်ဝါးဖြန့် မလား..
နွားသိုးမှန်ရင်တော့ ဂျိုချက်ဘယ်ကင်းပါ့မလဲ

မြင်းကောင်းခွာလိပ်၊ ပန်းကောင်းအညွန့် ကျိုး
ကုသိုလ်ကံအရေးနိမ့်လောက်အောင်
ဖြစ်မှဖြစ်စမ်း မဖြစ်မှမဖြစ်ဘူး
ဘေးမလာခင် ပြေးတွေ့ မယ့်အကောင်
ရှင်လျက်နဲ့ အသေထား..
ယောက်ျားမာန်သေမှ လျှော့မယ့်ဇွဲ

မင်းလည်းယောက်ျား၊ ငါလည်းယောက်ျား
စွမ်းမယ်ထင်လုပ်ကြည့်လိုက်လေ
လက်သီးဆုပ်မလား လက်ဝါးဖြန့် မလား..
ကြိုက်တာကိုရွေးစမ်းကိုယ့်လူ
ရှင်လျက်နဲ့ အသေထား..
ယောက်ျားမာန်သေမှ လျှော့မယ်ဇွဲ

တရားချင်းပြိုင်မလား၊ ဓားချင်းဆိုင်မလား..
မင်းခေါ်ရင် ထူးပစ်လိုက်မယ်
အတွင်းစိတ်နောက်ချေး အပြုံးနဲ့ ရွေှ့ချ
မင်းစေတနာမင်းအကျိုးပေးမယ်
လုပ်ရဲရင်ခံရဲ စိတ်မျိုးနဲ့ နေပေါ့ ရှုံးရင်လည်း

မင်းလည်းယောက်ျား၊ ငါလည်းယောက်ျား
စွမ်းမယ်ထင်လုပ်ကြည့်လိုက်လေ
လက်သီးဆုပ်မလား လက်ဝါးဖြန့် မလား..
ကြိုက်တာကိုရွေးစမ်းကိုယ့်လူ
လုပ်ရဲရင်ခံရဲ စိတ်မျိုးနဲ့ နေပေါ့ ရှုံးရင်လည်း

6 comments:

Anonymous said...

နာမည်လေးက လှတယ်နော်။
:D

Anonymous said...

ဟုတ်တယ်နော်..နာမည်လေးကလှပါ့။
ကိုင်ဇာ ဆိုထားမှန်းတော့သိတယ်။ နာမည်ကို ခုမှသိတယ်။ အရင်တုန်းကလည်းနားထောင်ဖူးတယ်။ခုလည်း သေချာပြန်နားထောင်သွားပါတယ်။

ကြည်

Sophia said...

သီိချင်း နားထောင်သွားပါတယ်။

khin oo may said...

ဒါကတော့ပေါက်ကွဲသံစဉ်

GreenGirl said...

ဒီသီချင်းလည်းကြိုက်တယ် အိမ်မှာဆို ခဏခဏ နားထောင်ဖြစ်တယ် :)

Nay Nay Naing said...

နာမည်လေးကလည်းလှတယ်.. သီချင်းကလည်း ကောင်းတယ်..
ငယ်ငယ်က အော်ဆိုနေကြသီချင်းတစ်ပုဒ်..
ဒီသီချင်းက အော်ဆိုလို့ ကောင်းတယ်..