Pages

February 17, 2009

အပြောနဲ့  အလုပ်

မနက်က အိပ်ရာထစောတာနဲ့  သတင်းတွေဖတ်ရင်း ဇော်ဝင်းထွဋ် ရဲ့ သီချင်းတွေ နားထောင်ဖြစ်တယ်။ အဲဒီထဲက သီချင်းတစ်ပုဒ် နားထောင်ရင်း တွေးမိတာ တစ်ချို့ ရှိတယ်။ သီချင်းနဲ့  ဆိုင်ချင်မှလည်း ဆိုင်မယ်။ အတွေးဆိုတာမျိုးကလည်း တွေးချင်တာ တွေးနိုင်တာပဲလေ။ တွေးမိတာက အပြောနဲ့  တကယ့် အလုပ် နဲ့  ဆန့် ကျင်ဘက် ဖြစ်တဲ့သူတွေ အကြောင်း။ အဲဒီလိုလူတွေ ကျွန်မ တို့ ပတ်ဝန်းကျင်မှာ အများကြီးပဲ။ လူတိုင်းလည်း အဲလိုလူတွေနဲ့  တွေ့ ဖူး၊ ကြုံဖူးကြမှာပါ။

မှတ်မှတ်ရရ ဒီလို အမျိုးအစား လူတွေအကြောင်းကို ပထမဆုံး သတိထားမိလိုက်တာက နိုင်ငံခြားမှာ ကျောင်းစတတ်တဲ့ နှစ်မှာ။ ချစ်သူက ပြောတယ်။ အသိနောက်ကျ လိုက်တာတဲ့။ ကြားဖူး၊ ဖတ်ဖူးပေမယ့် အဲဒီအချိန်မှပဲ အပြင်မှာ တကယ်တွေ့ ခဲ့ရတာပဲ။ ဒါတောင် ကိုယ်နဲ့ တိုက်ရိုက် ပတ်သက်တာ မဟုတ်ဘူး။ အဲဒီ နောက်ပိုင်းတော့ မကြာခဏ ဆိုသလို ဒီလိုလူတွေကို မြင်ရ၊ ကြားရ၊ ကိုယ်တိုင်လည်း ကြုံတွေ့ ရပါတယ်။ နှုတ်ထွက်လေးတွေက တကယ်ချိုတယ်။ ဒါပေမယ့်လည်း တကယ်တကယ်မှာတော့ အပြောနဲ့  တကယ့်အဖြစ်အပျက်၊ လုပ်ဆောင်ချက်တွေနဲ့ က တလွဲကြီးပဲ။ လူတွေက ဒီလိုပါပဲ။

နှုတ်ပြောချိုသလို စိတ်သဘောထားဖြူတဲ့သူ၊ အပြောကောင်းသလို ပြောတဲ့အတိုင်း လုပ်လေ့ရှိသူဆိုတာ မရှိမဟုတ် ရှိပါတယ်။ အဲလိုပဲ အပြောနဲ့  အလုပ် ဆန့် ကျင်ဘက်ဖြစ်သူတွေကလည်း ရှိသပေါ့လေ။ အင်း.. သီချင်းနားထောင်မိတဲ့ အချိန် တခဏလေးမှာ တွေးမိလိုက်တာတွေက အများကြီးပါ။ တွေးမိတာတွေ၊ ပြန်သတိရတာတွေ အကုန်ချရေးလို့  မသင့်တော်ဘူးလို့  ထင်မိတယ်။ မျက်နှာ နာရမယ့် သူတွေ ရှိသေးတယ်။ ဒီလိုနဲ့  ဟိုတွေးဒီတွေး အတွေးတွေပွားရင်း ဇော်ဝင်းထွဋ် ရဲ့ မောဟစားသူများ ဆိုတဲ့ သီချင်းကို နောက်တစ်ခေါက် ထပ်ပြီး နားထောင်ဖြစ်ခဲ့တယ်။


စဉ်းစဉ်းစားစား လုပ်ကြဖို့ တော့ လူတွေ အစဉ်အမြဲပြောတာပဲ..
လက်တွေ့ ကြတော့ ဒေါသ မောဟ သယ်ရာကိုပဲ သွားနေဆဲ..

ရိုးရိုးသားသားလုပ်ကြဖို့ တော့ လူတွေ အစဉ်အမြဲပြောတာပဲ..
လက်တွေ့ ကြတော့ ကွေ့ ကွေ့ ကောက်ကောက် ဒီလိုလူများ များနေဆဲ

ရှင်းရှင်းလင်းလင်းလုပ်ကြဖို့ တော့ လူတွေ အစဉ်အမြဲပြောတာပဲ..
လက်တွေ့ ကြတော့ ရှုပ်ရှုပ်ရှက်ရှက် ဒီလိုလူများ များနေဆဲ

လောကကြီးထဲ တို့ နှစ်ယောက်လည်းပဲ ငွေကိုရှာရင်းမောနေဆဲ..
မောဟများနောက်က တစ်ကောက်ကောက်ကောက်လိုက်လို့ လိုတာတွေလဲ မဆုံးနိုင်ပဲ..
အားလုံးရှိတဲ့ မောဟများက ကမ္ဘာမှာ တစ်နေ့ တစ်ခြား တိုးလာဆဲ
မောဟများနောက်က လွတ်မြောက်ကြဖို့ ဘယ်လို တို့ ထိုးဖောက်နိုင်မလဲ..

3 comments:

Anonymous said...

:Pပေါက်ကွဲနေတာလားမသိ။
လစ်မှ...။

Nay Nay Naing said...

ဘာကြောင့် ပေါက်ကွဲနေတယ်လို့  ထင်တာလဲ။ ကွန်မန့် ဖတ်ပြီး ကိုယ်ရေးထားတာ ကိုယ်တစ်ခေါက် ပြန်ဖတ်လိုက်ရသေးတယ်။

ကိုပေါ said...

နှုတ်ချိုပြီး လက်တိုရမယ်။
နှုတ်ချို သျှိုတပါး။
မုသားမပါ လင်္ကာမချော။

ငါပြောသလို…ငါလုပ်သလိုမလုပ်နဲ့။

ငါးပါးသီလမှာ လေးပါးလုံတယ်။ တပါးလေးပဲ ချိုးဖောက်မိတယ်။ မုသာဝါဒါ ဆိုတဲ့ ညာပြောတတ်တာလေး တခုပါပဲ ….. ဟိ။