Pages

July 26, 2010

အချစ်ရဲ့အားမာန်

ဒီနေ့  နားထောင်ဖြစ်တဲ့ ဖိုးချို - အချစ်ရဲ့အားမာန်... ဒီသီချင်းကို ကြိုက်တယ်။ မှတ်မှတ်သားသား ရှိတယ်... ဘာကြောင့်လဲဆို...

အိုဗာတင်းတွေ ချောကလက်တွေ

နင်ဝယ်ကျွေးတော့ ၀မ်းနည်းတယ်
မလိုပါကွယ် ဒါတွေမကျွေးလည်း ချစ်မှာပါ
ပြန်လည်ပြီးတော့ တလှည့် ...မင်းငါ့ကို အမှတ်တရရှိစေဖို့ 
ဘာဝယ်ရမှန်း.. ငါ့မှာ တကယ်ကို မတွေးတတ်ပြီ..

ချဉ်ရည်ဟင်း နဲ့ ငပိတစ်ခွက်နဲ့  မိန်အောင်စားတဲ့ ငါ့မနက်စာ
........
ယုံကြည်ကိုးစားသွားခဲ့မိပြီ အချစ်ရဲ့အားမာန်ကို
ဘ၀င်တွေမြင့်သွားလောက်အောင် စိတ်ချလိုက်ပြီကွယ်
စေတနာရှင်မလေးအတွက်.. စေတနာရှင်မလေးအတွက်..
တကယ်ချစ်တယ်ဆိုရင်..

လေလည်းမလုံ မိုးလည်းယို.. အိမ်အိုကြီးရဲ့ အပွေ့ အဖက်ကို
အတူခေါ်ကာ ရင်ဆိုင်ခိုင်းဖို့ သင့်ပါ့မလား
ဘယ်လိုပဲ တို့ နှစ်ယောက် မီးတောက်အောင်ချစ်ခဲ့ကြပါစေ..
ထမင်းရည်သောက်ပြီး ဘ၀ဖန်တီးဖို့ မပြောရက်ဘူး..


* * * * *
ဖိုးချို - အချစ်ရဲ့အားမာန်(Download)


ဇော်ဝင်းထွဋ် - အချစ်ရဲ့အားမာန် (Download)


ကျွန်မ အနေနဲ့  ဒီသီချင်းကို ပထမဆုံး နားဆင်ခဲ့ဖူးတာ ဇော်ဝင်းထွဋ် ဆိုထားတဲ့ ဗားရှင်းပါ။ ဒါပေမယ့် ဇော်ဝင်းထွဋ် အရင် ဖိုးချို သီဆိုထားတာရှိတယ်လို့ တော့ သူများတွေ ပြောလို့  သိခဲ့ရတယ်။ တကယ် ဖိုးချိုဆိုထားတဲ့ ဗားရှင်းကို ဒီနေ့ မှ နားထောင်ဖူးတော့တယ်။ ဖိုချိုဆိုတာလည်း ကောင်းတယ်။ ဖိုးချိုနဲ့  ဇော်ဝင်းထွဋ် အပြင် ဒီသီချင်း ဘယ်သူတွေ ဆိုဘူးသေးလဲ မသိဘူး။ ဇော်ဝင်းထွဋ် က ဒီသီချင်းကို စောဘွဲ့ မှူး အမှတ်တရ-၂ ထဲမှာ ပြန်ဆိုထားခဲ့တာဆိုတော့ စောဘွဲ့ မှူး ရေးခဲ့တဲ့ သီချင်းလား၊ ပထမဆုံး သီဆိုခဲ့တာ စောဘွဲ့ မှူးလားတော့ သေချာ မသိဘူး။

ဒီသီချင်းကို ပထမဆုံးနားထောင်ခဲ့ဖူးတာ ၂၀၀၀-၂၀၀၁ လောက်က ထင်တယ်။ ဒီသီချင်းကို ပထမဆုံး တကြိမ်နားထောင်ယုံနဲ့  ကျွန်မ စိတ်ထဲမှာ မှတ်မိခဲ့ပါတယ်။ သီချင်းစာသားထဲက အိုဗာတင်းတွေ၊ ချောကလက်တွေ၊ ချဉ်ရည်ဟင်းတွေ၊ ငပိရည်တွေ၊ ထမင်းရည်တွေ ရဲ့ စွဲဆောင်နိုင်စွမ်းကြောင့်လို့  ထင်တယ်။ ဒါတွေကြိုက်လို့ လားဆို မကြိုက်ပါဘူး၊ အိုဗာတင်းကို မဖြစ်မနေဆို အရသာမခံပဲ အမြန် ဒါမှမဟုတ် နှာခေါင်းပိတ်သောက်ရင် သောက်နိုင်သေးတယ်။ ချောကလက်စားလေ့ မရှိသလို၊ ချဉ်ဟင်းလည်း မကြိုက်ဘူး။ ငါးပိရည်ဆို စားလေ့တောင် မစားဘူး။ ဒါပေမယ့် အခုလို သီချင်းစာသားထဲမှာ အစားအသောက် နာမည်တွေပါခြင်းဟာ ကျွန်မအတွက် သီချင်းတွေကို မှတ်မိလွယ်ဖို့  အများကြီး အထောက်အကူ ပြုနေပါတယ်။ နောက်ပြီး ဒီသီချင်းလိုပဲ မှတ်မိနေတဲ့ သီချင်းတစ်ပုဒ် ရှိသေးတယ်။ အဲဒါကတော့ ဒိုးလုံးရဲ့ နံပြားနဲ့  စတဲ့ သီချင်း... ပဲပြုတ်နံပြား စားချင်တဲ့အခါ ဒီသီချင်း သတိရတတ်ပါသေးတယ်။ ဒါနဲ့  အချစ်ရဲ့အားမာန်မှာ ဖိုးချိုဆိုတာနဲ့  ဇော်ဝင်းထွဋ် ဆိုတာမှာ သီချင်းစာသား တချို့ ကွဲနေတာ သတိထားမိတယ်။ သိသာတာက ပေးနဲ့  ကျွေး။

Mp3 Credit to Ma Mon

9 comments:

:P said...

"နင်ယူလာတဲ့ ~~ ထမင်းကြမ်းခဲနဲ့ ~~ ပဲပြုတ်ဆီဆမ်းကို~~ " လွှမ်းမိုးရဲ့ ပဲပြုတ်သည်မထား

ရှိသေးတယ်။ တစ်ပုဒ်လုံး စားစရာတွေအများကြီး ပါတဲ့ သီချင်း " သြော်..ဘီးစတိတ်၊ ကက်သလိတ်.. ဒါမျိုးတွေကို ပိုမိုကာ ကြွားမပြချင်တယ်၊ မှိုနတို ငဖားမကင်ရယ်.. စားပြချင်တယ်.. သဘောကောင်းတဲ့ ကလေးမရယ်..ခင်တို့အိမ်မှာ မြိန်မြိန်စားမယ်ကွယ်..... "

:P said...

NN ပေးထားတဲ့ သီချင်းကို ဇော်ဝင်းထွဋ် ဆိုတာ မသိဘူး... ဖိုးချိုဆိုတာတော့ ကောင်းကောင်းနားထောင်ဖူးတယ်။

လင်းဒီပ said...

ဖိုးချိုဆိုတာ အခုမှနားထောင်ဖူးတယ် ။ ကျွန်တော် download လုပ်တာ မရဘူး ။
နှစ်ပုဒ်လုံးလိုချင်တယ်ဗျ ။
ဖြစ်နိုင်ရင် မေးလ်ထဲ ပို့ပေးလို့ရမလား ။
ကျေးဇူးတင်ပါတယ် ။
lynndepa08@gmail.com

khin oo may said...

မိတ်ဆက်စာပို့လိုက်တယ် လင်းဒီပ.

khin oo may said...

ဖိုးချိုကို ပိုကြို့်က်တယ်ဆိုောတ့ဖိုးချိုကို အရင်နားထောင်ခဲ့ဘူးပုံဘဲ ကိုယ့်ကိုက်ုယပြောတာ အမှတ်မရသီးချင်းကလေးနားထောင်လိုက်ရလို့ကျေးဇူးပါ ဖိုးချိုကိုနစ်ခေါက်နားထောင်သွားပါတယ်။

khin oo may said...

အမှတ်တရ..

Rita said...

မီးမီးခဲ ဆိုမှ နားထောင်ဖူးတာ။ ဇော်ဝင်းထွဋ်တို့ ဖိုးချိုတို့ ဆိုမှန်းတောင် မသိဘူး။

ကျွန်မလည်း ဒိုးလုံး နံပြားသီချင်းကို မှတ်မိနေတယ်။

"ကျွန်တော်ကြိုက်တဲ့ နံပြားကို သူလေ ဈေးက ဝယ်ပြီးတော့..."

ကြံကြံဖန်ဖန် ပေါက်တီးပေါက်ရှာ ရေးထားလို့။

ywartharlay-ytu said...

ဒေါင်းလုပ်လုပ်လို့ ရပါတယ် ကလဒပ

၁၇စက္ကန့်တော့ စောင့်ရတယ်လေ

မရသေးရင်ပြောပါခင်ဗျ

ခင်မင်းဇော် said...

ဒီသီချင်းကို ဆလိုင်းသွအောင် အရင်ဆုံးဆိုတာ။ ၁၉၈၅-၈၆ လောက်က ဖြစ်မယ်။ အမ မှတ်မိသလောက် ကတော့ ဆလိုင်းသွအောင် သီချင်းအများစုကို ဖိုးချိုက ပြန်ဆိုတယ်။
ခုခေတ်ကလေးတွေ ဆလိုင်းသွအောင်ကို သိပါ့မလားတောင် မသိတော့ဘူး။