Pages

June 16, 2010

အက်ဖ်အိုင်အက်ဖ်အေ အိပ်ပျက်ညတွေ..

သီချင်းနှစ်ပုဒ်က စတဲ့ ဇာတ်လမ်း...

ဒီရက်ပိုင်း ကောင်းကောင်း မအိပ်နိုင်တော့ပါ။ ",) မအိပ်ဖြစ်တာပါ။
ခုတလော အလုပ်နည်းနည်းများတာကြောင့် အလုပ်က ၈ နာရီလောက်မှ ပြန်ဖြစ်တာ များတယ်။
အိမ်ကို ရောက်တော့ ၈း၃၀။
ည ၁၂ လောက်မှာ အိပ်ရာ ၀င်တယ်။ ဒီထက်လဲစောပြီး အိပ်မရ၊ မအိပ်ဖြစ်၊ မအိပ်နိုင်။
မနက် ၂း၃၀ လောက် တခါထ။
ချက်ချင်းအိပ်မပြောတတ်တော့ ၄း၃၀-၅း၀၀ လောက်မှာ ပြန်အိပ်။
မနက် ၈ နာရီ အလုပ်သွားဖို့  ပြန်ထ။
၉ နာရီကျော် အလုပ်ရောက်တာနဲ့  ပြောလိုက်၊တွေးလိုက်၊ရေးလိုက်၊ဖတ်လိုက်။
ညနေ ၆ နာရီဆိုတာ ဘယ်လိုရောက်သွားမှန်း မသိလိုက်ဘူး။
..
နေ့ စဉ် အချိန်ပြည့် မအားရဘူး။ ဟုတ်တော့ ဟုတ်နေတာပဲ။ ဒီရက်ပိုင်းမှာ လုပ်ကိုင်နေတာတွေ တချက်မှား လို့ မရဘူး။ အချိန်တိုင်း၊ မိနစ်တိုင်း၊ စက္ကန့် တိုင်းဟာ သိပ်ပြီးတန်ဖိုး ရှိနေပါတယ်။ :D

ကျွန်မ အခန်းထဲမှာ TV အသေးလေး တလုံး ရှိတယ်။ စင်္ကာပူမှာ Free လွှင့်တဲ့ ဟာတွေ ကြည့်လို့ ရတယ်။ တခြားဟာတွေ ကြည့်ချင် ဧည့်ခန်းထဲ ထွက်ကြည့်။ နောက်ပြီး ခုနေတဲ့ အိမ်ရှင်တွေက အိမ်မှာ တခြားလိုင်းတွေ ယူထားပေမယ့် ဘောလုံးပွဲ ၀ါသနာ မပါတော့ WorldCup ကြည့်ဖို့ ယူမထားဘူး။ ယူထားလဲ ဧည့်ခန်းထဲထွက် ကြည့်ဖြစ်မှာမဟုတ်ပါဘူး။

အခု အွန်လိုင်းက ကြည့်ပါတယ်။ TVU Player နဲ့  CCTV 5 က တရုတ် အသံထွက်နဲ့ကြည့်နေရမယ်ဆို တချို့ အရမ်း ကြည့်ချင်တဲ့ ပွဲလောက်ပဲ ရွေးကြည့်ဖြစ်မယ် ထင်ပါတယ်။ အခုတော့ကား ပွဲစဉ်တိုင်းနီးပါး မလွတ်ရဘူး...

To Watch FIFA World Cup 2010 Online(LIVE)
Special Thanks to Our Big Brother Ko Okkar (Mr Programmer) for the Link

အခုအချိန်အထိ ကျွန်မ အတွက် အဲဒီဆိုဒ်က ကြည့်ရတာ အဆင်အပြေဆုံးပါ။ Online က ကြည့်တယ် ဆိုပေမယ့် ကြည်လင်တယ်။ နှေးမနေဘူး၊ မြန်တယ်။ အင်္ဂလိပ်လို ပြောတော့ နားလည်တယ်။ အတော်ကြီးကို အဆင်ပြေလွန်း နေပါတယ်။ ဘယ်လောက် ကြည့်လို့ ကောင်းနေလဲဆို မနက် ၂း၃၀ ပြန်ထဖို့  နှိုးစက် မလိုပါဘူး။ သူ့ အလိုလို နိုးပါတယ်။

ရှေ့ ရက်တွေက ၈ နာရီပြန်တာ အဆင်ပြေပေမယ့် မနက်ဖြန်( ကြာသပတေး) နဲ့  သောကြာတော့ ၇း၃၀ လောက် အိမ် အရောက်ပြန်ရမယ်။ ပြန်နိုင်မယ် ထင်တယ်။ ဒီရက်ပိုင်း ကြိုးစားပန်းစားအလုပ်တွေ လုပ်နေလိုက်တာ အခုဆို လုပ်စရာ အတော်များများ ပြီးသွားပြီ။ မပြီးလို့ လဲ မရဘူးလေ။ အလုပ်တွေများလည်း မကြောက်ပါဘူး။ နောက် အပတ်တနင်္လာကစပြီး အိမ်ကို ၁၀ နာရီပြန်ရောက်ရင် အဆင်ပြေပါတယ်။
* * * * * * * *
အခြေအနေလား။ အားလုံးကောင်း ပါတယ်။ တကယ်ဆို ကိုယ့်အကြောင်းကိုယ်သိလို့  ခပ်ဝေးဝေး နေနိုင်အောင် ကြိုးစား နေခဲ့တာပါ။ အခုလို အရာရာအားလုံးဟာ တိုက်တွန်းနေတော့လည်း.. ၁ လပါ။ သိပ်မကြာပါဘူး။ ၄ နှစ်နေမှ တခါ။ ဒီလောက်တော့ လုပ်ပေးရမှာပေါ့။ ကိုယ့်ကိုကိုယ် အားပေးပါတယ်။ အားပေးသူကလည်း အားပေးပါတယ်။ ဒီတော့ ဘာဆိုဘာမှ မလိုတော့ ပါဘူး။

8 comments:

ကြည် said...

ဘ၀တူတွေ့ပြီ။ ဒီကလည်း ပွဲစဉ်တိုင်းကို အားပေးသူပါ။ နိုးစက်မလိုပါဘူး။ ဟုတ်တယ် ဟုတ်တယ် ၄နှစ်မှတစ်ခါပဲကို။ ကိုယ်လိုလူတွေ အများကြီးပဲ..အားမငယ်နဲ့း)

Anonymous said...

မမွန်က တီဗီရှေ့မှာအိပ်လိုက်တယ်။ ညဘက်ဆို ၂နာရီလောက်မှအိပ်တော့ မနက်ငါးနာရီပြန်ထရမယ့်အတူတူလေ.. :)

jurassic said...

94 98 2002 2006 လေးကြိမ်ရှိပြီ တပွဲမှ မလွတ်တမ်းကြည့်ခဲံ့တာ ဒီနှစ်လည်းကြည့်အုံးမှာပဲ..ကြည့်မှာပဲ ကြည့်မှာပဲ ငါ့ကိုလာမတားနဲ့  :D

rose of sharon said...

ကိုယ့်ကိုယ်ကိုလည်းအားပေး... အားပေးသူကလည်းအားပေး.. ကောင်းလိုက်တာနော်

khin oo may said...

လူမိုက်အားပေးမလုပ်ပါ။

မနိုင်လို့သည်းခံရခြင်းသည်လည်းကောင်း.....

မောင် လေး said...

အားကျတယ် အားကျတယ်
ကျွန်တော်လဲ ကြည့်ချင်တယ်ဗျာ သို့ပေမယ့်ဒီထက် အိပ်ရေးပျက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ့်လို့လက်လျော့ထား
ရတယ်။ ကွာတားလောက်ရောက်ရင်တော့ ကြည့်ဖြစ်အောင်ကြည့်မှာ။

khin oo may said...

အခြေအနေလာတီးခေါက်သည်။

သက်ဝေ said...

ခုမှ ဖတ်မိတယ်...
ဘဝတူတွေတွေ့ရလို့ သိပ်အားရမိတယ်...း))

ပုံ/
အင်္ဂလန် တဂိုးရထားလို့ အသံထွက်နေသူ တဦး