Pages

June 10, 2010

June 10, 2010

အလုပ်များတယ်။ ဒီရက်ပိုင်း အတွင်း Enhancement နှစ်ခု UAT အရောက် ပေးရမယ်။ နှစ်ခုလုံးကို အပြိုင်ရေးနေရတာ လူလည်း ရူးချင်ချင် ဖြစ်သွားတယ်။ ဒီနေ့ တော့ နှစ်ခုလုံး ကို Flow အပြည့်ရေးပြီး၊ စမ်းလို့ ရသလောက် စမ်းပြီးပြီ ဆိုတော့ ၇၀% လောက်ပြီးသွားပြီလို့  ပြောနိုင်မယ်။ ကျန်တဲ့ ၃၀% က တစ်ခြား System က ပို့ လိုက်တဲ့ Data တွေရမှ မှန်မမှန် စမ်းလို့ ရမယ်။ အခုဟာက တချို့ နေရာတွေ Hardcode လုပ်စမ်းထားရတယ်။ ဒါတွေ ပြန်ဖြုတ်ရတာကလည်း တစ်လုပ် ရှုပ်အုံးမယ်။

ဒီတစ်ခါရေးတဲ့ နှစ်ခုလုံးက Development Enviroement မှာ မှန်မမှန် စမ်းလို့ မရဘူး။ SIT မှာတောင် Full Function စမ်းလို့ မရနိုင်တဲ့အတွက် UAT ရောက်ပြီးမှသာ အကုန်အလုပ်လုပ်တာ မှန်မမှန် ပြောလို့ ရမယ်။ ကိုယ်စီက Data ယူမယ် System က Ready ဖြစ်နေပေမယ့် ကိုယ်စီကို Data ပို့ မယ် System ဘက်က ခုထိ အဆင်သင့် မဖြစ်သေးဘူး။ ကံကောင်းလို့ ။ Plan အရဆို သူတို့ System က အင်္ဂါနေ့  Deploy လုပ်ပြီး ကိုယ်တွေဘက်က ဒီနေ့  နောက်ဆုံးထား လုပ်ပေးရမှာ။ သူတို့  SIT တောင် ဒီမနက်မှ Deploy လုပ်တယ်။ ပြီးလည်းပြီးရော ကိုယ်တွေဘက်မှာ Data လုံးဝ မရတော့ဘူး ဖြစ်သွားတယ်။ :">

ဒီ နှစ်ခု လုပ်ရမယ်ဆိုပေးထားတာ ၁ လ လောက် ရှိပြီ။ ရှေ့  ၂ ပတ်လောက်က လုံးဝ မရေးဖြစ်ဘူး။ သူ့  Flow ကို နားလည်အောင်လုပ်ရင်း ရှိနေတဲ့ Code တွေ လိုက်ဖတ်နေရတာ နဲ့  အချိန်ကုန်တယ်။ ထုံးစံ ပါပဲ။ ကုတ်တွေကလည်း ကြည့်ရင်းကြည့်ရင်း Data တွေ ဟိုကနေ ဒီပို့  ဒီကနေ ဟိုပို့ နဲ့ ... ဒန်...တန်..တန် ဆို ဘယ်ရောက်သွား မှန်းမသိဘူး။ Business Logic တွေက အတော်ရှုပ်တယ်။ BA တွေနဲ့ ငြင်းနေရတာပဲ။ ဒါလည်း ထုံးစံပါပဲ။ ဒီတခါပို ဆိုးတာက User Requirements တွေ က မရှင်းဘူး။ အဲဒီ Department တစ်ခုလုံး လူအသစ်တွေဖြစ်သွားတော့ သူတို့ တချို့  Function တွေ သေချာ နားမလည်ဘူး ထင်တယ်။ တချို့ နေရာတွေမှာ Check Point လေးတွေ ရှိတယ်။ အဲလိုအနေအထားကိုရော ဘယ်လို ပြောင်းမှာလဲ ပြန်မေးမှ Requirement မှာ ပြန်ပြင် ထည့်ပေးတယ်။ တမျိုးတော့ ကောင်းပါတယ်။ သူတို့ ပေးတာ ရေး၊ ဒါပဲဆိုတာမျိုးဆို ပျင်းလို့  သေနိုင်တယ်။ (လွန်လွန်ကျွံကျွံ ပြောကြည့်လိုက်တာ..)

မန်နေဂျာ ဒီအပတ် ခွင့်သွားနေတယ်။ မဟုတ်ရင် ဒီရက်ပိုင်း ဘယ်လောက် % ပြီးပြီလဲ လာလာမေးနေတာကို ပြန်ဖြေနေရတာ စိတ်ပင်ပန်းတယ်။ ကျွန်မအကျင့်ကလည်း ရှိနေတဲ့ Code တွေအကုန်ကြည့်၊ ပြောင်းရမယ့် Flow တစ်ခုလုံးသေချာနားလည်ပြီး ဘယ် File မှာ ဘယ်လို ဟာတွေ ရေးမယ်ဆိုတာမျိုး ဆုံးဖြတ်ပြီးမှ Coding စပြီး ထိတတ်တာမျိုး။ ဒီတော့ ရေးပြီဆို မကြာဘူး၊ မရေးခင် ထိုင်ကြည့်နေတာက အတော်ကြာတယ်။ Enhancement ဆိုတော့ ပိုဂရုစိုက်ရတယ်။ ကိုယ်ထပ်ထည့် ရေးလိုက်တဲ့ Code တွေနဲ့  အရင်ရှိနေတဲ့ပုံစံ နဲ့  အရမ်းကွာနေရင် နောက်ပိုင်း တခြား လူအတွက် ပြင်ဖို့ ပြောင်းဖို လုပ်တဲ့အခါ ပိုခက်သွားနိုင်တယ်ဆိုတာလည်း ထည့်စဉ်းစားရသေးတယ်။ စဉ်းစားနေတုန်း ဘယ်လောက် ပြီးပြီလည်းဆို ပြောရခက်တယ်။

နားလည်အောင်လုပ်နေတဲ့ အချိန်ဆို ၆နာရီကျော်တာနဲ့  အိမ်ပြန်တယ်၊ Code စရေးပြီ ဆိုရင်တော့ ပြန်နောက်ကျတယ်။ ရေးလက်စ အပိုင်း တစ်ပိုင်းပြီးမှ ပြန်လေ့ရှိတော့ ၈ နာရီ ၉ နာရီ လောက်ဖြစ်သွားတာ များတယ်။ ဒီတော့ ခုရက်ပိုင်း အိမ်ပြန် နောက်ကျတယ်ပေါ့လေ။

ဒီနေ့  ကြာသပတေး၊ မနက်ဖြန်ဆို သောကြာ။ ပြီးရင် ၂ ရက် နားရပြီ။ လုပ်ချင်တာ လုပ်လို့ ရပြီ၊ သွားချင်တာတွေလည်း သွားလို့ ရပြီ၊ စားချင်တာတွေ စားလို့ ရပြီ၊ ပြီးတော့ ရုပ်ရှင်လည်း ကြည့်လို့ ရပြီ။

5 comments:

Rita said...

အင်း အဲလို ခေါင်းပေါ်က တစ်ထုပ်ကို ပစ်ချလိုက်ရတဲ့ အချိန်လေး အရသာ အရှိဆုံးပဲ။ နောက်ထပ် လာပိမယ့်အလုပ်တွေအကြောင်း မတွေးဘဲ...

ak said...

Go Nay Nay Go :)

TZA said...

မလွယ်ပါလား.. ဟူး..

khin oo may said...

လုနားလည်အောင်ရေးပါ။

khin oo may said...

မပြောတတ်တော့ခံနေရတာဘဲ

ပုံ
စနေ 8 am -->10 pm အလုပ်သွားရမဲ့သူ..