Pages

May 13, 2010

ခရီးသွားချိန် : ပဲပြုတ် နှင့်  ထမင်းကြော်

ပဲပြုတ်ဆီဆမ်း၊ ကြက်ဥကြော်နဲ့  ထမင်းကြော်
From Burmese Food

ပဲပြုတ်ဆီဆမ်း၊ ကြက်သား (ထင်တာပဲ) နဲ့  ထမင်းကြော်..
From Burmese Food

ဒီပုံတွေရိုက်ထားတာ ကြာပြီပေါ့။ မနှစ်က မြန်မာပြည်ပြန်တဲ့ အချိန်၊ ခရီးထွက်ဖြစ်တုန်းက ရိုက်ထားတာ။ May 14 2009 က ရိုက်ခဲ့တာ ဆိုတော့ကား မနှစ်က ဒီလိုအချိန်၊ မြန်မာပြည်တွင်းမှာ ခရီးသွားနေခဲ့တယ် ဆိုတာ ပြန်သတိရမိ သွားတယ်။ အဲဒီခရီးစဉ်အကြောင်းတောင် ဟိုတိတိ ဒီတိတိ ပဲ၊ အသေးစိတ် မရေးဖြစ်ဘူး။ ဒီအပေါ်က ထမင်းကြော်ပုံတွေက ရန်ကုန်မြို့ ထဲပြန်အ၀င် ပဲခူး ထင်ပါတယ်၊ အဲဒီမှာ မနက်စာ စားဖို့  ကားရပ်ပေးတုန်းက စားဖြစ်တာတွေပေါ့။ ကားစီးရင်း မအိပ်တတ်တော့ လူကနှုန်းနေပြီး စားချင်စိတ်က မရှိဘူး၊ ဗိုက်မဆာဘူး ဖြစ်နေတာ၊ လူကြီးတွေက နည်းနည်းစားပါ အတင်းပြောလို့  မှာဖြစ် စားဖြစ်ခဲ့တာ။ စားလိုက်တော့ လည်း ကုန်သွားတာပါပဲ။ နှုန်းနေတော့ မှာသမျှ စားစရာ အကုန် ဓာတ်ပုံ မရိုက်ဖြစ်ခဲ့၊ ဒီနှစ်ပွဲသာ ရိုက်ဖြစ်ခဲ့သည်။

ခရီးစဉ်တစ်လျှောက် လမ်းမှာ နားတဲ့စားသောက်ဆိုင်က အစားအသောက်တွေက ပထမ ကြည့်တော့သာ စားချင်စဖွယ် မရှိသလို ခံစားခဲ့ရတယ်၊ ဒါပေမယ့် တကယ်စားကြည့်လိုက်တော့ အတော် စားလို့ ကောင်းတာပဲ။ ဒါက အပြန်မှာ မနက်စာ စားတဲ့ ပုံနော်။ သေချာအောင် ထပ်ပြောတာပါ။ ဆိုင်နာမည်က အောက်ကပုံမှာ။ ဒီပုံက ကားပေါ်က လှမ်းရိုက်ထားတာ၊ ပုံထဲမှာပါတဲ့ ကားက ကျွန်မတို့ စီးခဲ့တဲ့ကား မဟုတ်ဘူး။
From Burmese Food
အဲဒီ ခရီးသွားတုန်းက လမ်းမှာ စားခဲ့တဲ့ အစားအသောက်ပုံတွေ နဲ့  တခြားရန်ကုန်က အစားအသောက်ပုံတွေကို တင်ရမှာ ပျင်းနေတာရယ်၊ အားနာသလိုလို လည်း ဖြစ်နေတာရယ်ကြောင့် မတင်ဖြစ်ခဲ့တာ...... ခုများတော့ တစုံတယောက်သောသူ အစ်မကြီးတစ်ယောက်ကြောင့် နည်းနည်းခြင်း တင်ဖြစ်တော့မယ် ထင်ပါတယ်။

6 comments:

khin oo may said...

ဟုတ်ဘူး.. သူကအခုစားချင်တာ.။

khin oo may said...

မနစ်ကဟာ၈ျီးစားချင်ဘူး..........အီးဟီးဟီး..

khin oo may said...

အခုစားမယ်..အခုစားမယ်။..

Anonymous said...

မခင်ဦးမေက အတော်ဆိုးတယ်...:P သူက အဲလိုမဆိုးဘူးရယ်... တို့ သိနေတယ်.. :D

Nay Nay Naing said...

အစ်မကြီး မခင်ဦးမေ
မပြောခင်ကြိုကာတဲ့သဘော တင်လိုက်ရတာပါ။ ထမင်းကြော်က ဖြစ်နိုင်ပေမယ့်၊ ပဲပြုတ်နံပြား ဒီမှာ စားရဖို့ မလွယ်ဘူးလေ။

ဘယ်လိုတွေ၊ ဘာတွေများ သိနေတာလဲလို့  စိတ်ဝင်စားသွားမိပါတယ်။

Anonymous said...

buy steam pea from pennisula. mix with oil & salt, put into small container, bring it to Indian stall which sell naan. Order naan & eat with ur steam pea.