ခုရက်ပိုင်း အလုပ်မှာ အင်တာနက်သုံးရတာ အရမ်းနှေးနေတယ်။ မြန်မာပြည်ပြန်တဲ့အချိန်က Internet Cafe သွားပြီး သုံုးခဲ့ရတဲ့ အင်တာနက်ရဲ့ အမြန်နှုန်းကတောင်မှ အခု အလုပ်မှာ သုံးနေရတာထက် ပိုမြန်တယ်။
အလုပ်က အင်တာနက်သုံးရတာ အရင်ကလည်း အရမ်း မမြန်ပါဘူး။ ဒါပေမယ့် လက်ခံနိုင်တဲ့ အဆင့်ရှိသေးတယ်။ အခုတော့ ခပ်ရှင်းရှင်း Googel Home Page သွားတာတောင် ၂ မိနစ်လောက်ကြာတယ်။ ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေက အလုပ်က Proxy Server ကို နေရာပြောင်းတယ်။ အဲလိုနောက်ပိုင်း အခုလို အရမ်းနှေးသွားတာပါပဲ။ ဒါပေမယ့် ခုလို နေရာပြောင်းရွှေ့ ရာမှာ ဘာပြဿနာမှမရှိ အစစအရာရာ အဆင်ပြေအောင်မြင်စွာ ပြောင်းရွှေ့ ပြီးစီးကြောင်း.. အီးမေးကိုတော့ မနေ့ ကရတယ်။ ဘာတွေပြောပြော တစ်ခုခု မှားနေတာ သေချာပါတယ်။
့အလုပ်မှာ အင်တာနက်က မြန်မာပြည်မှာ သုံးရတာနဲ့  သိပ်မကွာပါဘူး။ ငြီးဖူး ပါတယ်။ အလုပ်မှာ Fire Sharing ဆိုဒ်တွေ အကုန်ပိတ်ထားတယ်၊ Free Email ဆိုဒ်တွေ သုံးမရဘူး။ URL မှာ Chat ၊ Proxy စာလုံးတွေပါတဲ့ ဘယ် URL မှ သွားမရ။ ပိတ်ထားတာတွေမှ အများကြီး။ အများကြီးဆိုတဲ့ အကြောင်း။ ဟိုနေ့ က သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံတွေ vote လုပ်ပါအုံးဆိုပြီး ပေးလာတဲ့ southeastasia.org ဆိုတဲ့ ဆိုဒ်လည်း သွားမရတဲ့ ကန့် သတ်နယ်မြေထဲမှာ ပါနေတယ်။ မြန်မာပြည်က အင်တာနက်ထက် သာတာဆိုလို့  မြန်မာနိုင်ငံရေးအကြောင်းတွေ ရေးတဲ့ ဆိုဒ်တွေ ပိတ်မထားတာပဲ ရှိမယ်။ ဒါလည်း အခုရက်ပိုင်း အင်တာနက်နှေးလွန်းနေလို ဘယ်ဆိုဒ်မှ ဖတ်လို့  မရပါ။
အခုကြုံတွေ့ နေရတဲ့ နှေးလွန်းလှတဲ့ အင်တာနက် ကွန်နက်ရှင်ကြောင့် စုံစီနဖာ များပြားလှစွာသော ဘာညာကွိကွလေးများကို ရှုပ်ပွလေးပင်နေအောင် ထည့်ထားတဲ့ Web ဆိုဒ်တွေကို အတော်လေး ကြည့်မရ ဖြစ်နေပါတယ်။ တချို့ ဆိုဒ်တွေကို စိတ်ဝင်စားစရာလေးတွေ ရှိနေလို့  သွားလိုက်တိုင်း Loading ဆိုပြီး ဘာမှတတ်မလာ၊ ဘာမှ ဖတ်မရ။ ခက်ပါတယ်။ အိမ်ရောက်မှ ဖတ်ရင် ရပေမယ့်.. အိမ်မှာရှိချိန်မှ အားလုံးဖတ်ဖို့ ဆိုတာ အဆင်မပြေပါဘူး။ အဓိကက အချိန်မလုံလောက်တာ။ ခုများတော့ Page မှာ ဟိုလာလေးထည့် ကလိချင်၊ ဒီဟာလေးထည့် ကလိချင်တဲ့ အခါတိုင်း မထည့်ပါနဲ့  ဒီတိုင်း ခပ်ရှင်းရှင်းပဲ ထားပါ၊ Loading လုပ်ရတာ လေးနေတာ မကောင်းဘူး ဆိုတဲ့စကားကို ကိုယ်တိုင်ခံစား နားလည်လာပြီ။ ခပ်ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါးဖြစ်အောင် ပြုလုပ် ရေးသားကြတဲ့ ဆိုဒ်တွေရဲ့ တန်ဖိုးကို ပိုသိလာတယ်ပေါ့။
ဒါနဲ့  ထူးတယ်ဆိုရ မလား၊ အလုပ်အင်တာနက်ကတစ်ဆင့် သွားလို့ မရတဲ့ ဆိုဒ်တွေ ထဖြည်းဖြည်း တိုးပွားလာပေမယ့် ဘလော့စပေါ့ကိုတော့ အခုအချိန်အထိ မပိတ်သေးဘူး။
3 comments:
FB လဲ ပိတ်မထားသေးဘူး မဟုတ်လား။ :P
မလိုအပ်သည်များအားလုံးပိတ်ထားသည်. ဂျီမေးလ်ဘဲဖွင့်လို့ရသည်။
ကျွန်တော်က လိုင်းပေါ်ကလသစ်တစ်ယောက်ပါ
Post a Comment