Pages

May 09, 2010

Pink Banana

ပန်းရောင် ငှက်ပျောဖူး..
From Nature

From Nature
ဟိုတနေ့ က နေ့ လည် ထမင်းစားချိန် သိပ်မဆာတာနဲ့  Camera ယူပြီး အလုပ်နားတစ်ဝိုက် မရောက်ဖူးတဲ့ နေရာတွေ လျှောက်သွား ကြည့်ဖြစ်တယ်။ အလုပ်နားတစ်ဝိုက် တိုက်တွေအကြားမှာ ကုန်းမြင့်လေးတွေ ရှိတယ်။ လျှောက်သွားကြည့်ချင်တာ ကြာပါပြီ။ အခု ငှက်ပျောဖူးတွေကိုလည်း ကုန်းမြင့်လေးတစ်ခုပေါ် ပေါ်တတ်သွားရတဲ့ လမ်းမှာတွေ့ တာပါ။ အဲဒီလမ်းလေးက ဆက်တက်သွားရင် တွေ့ ရတဲ့ နေရာလေးက လှတယ်။ အနားတစ်ဝိုက်မှာ စုံတွဲ တစ်တွဲကို ( မင်္ဂလာဆောင်အတွက် ထင်ပါတယ်) ဓာတ်ပုံတွေ ရိုက်နေတာ တွေ့ ခဲ့တယ်။ တစ်ရက်ရက် နေသိပ်မပူ၊ မိုးမရွာတဲ့ နေ့ လည်တစ်ခုမှာ ထပ်သွားကြည့်အုံးမယ်။

2 comments:

khin oo may said...

ကြည့်ကြည့် . ကြိုက်တာလုပ်။

Unknown said...

လန်းတယ်နော်....