Pages

May 26, 2010

26 May 2010

အိပ်ချင်နေတယ်။ အခုအချိန်အထိ Testing မစသေးဘူးဆိုတော့ ဘာမှလုပ်စရာမရှိ ဖြစ်နေလို့  ဖြစ်မယ်။ တခြားအလုပ်တွေလည်း မလုပ်ချင်တော့ဘူး။

ဒီနေ့  နေ့ လည် လေယာဉ်နဲ့  အစ်ကို ရန်ကုန် ပြန်သွားတယ်။ ခုလိုပြန်သွားတော့လည်း အစ်ကိုကြီးကို သတိရမိသား။ နောက်ဘယ်တော့ ပြန်တွေ့ မလဲ မသိဘူး။ အစ်ကို ဒီမှာ စာမေးပွဲလာဖြေတုန်းကလို့  ကြာကြာတွေ့ ရဖို့ က ခက်သွားတယ်။ ကိုယ်ရန်ကုန်ပြန်တဲ့ ခနတစ်ဖြုတ် အချိန်မှာလည်း အစ်ကိုက ရန်ကုန်မှာ မရှိတာများတယ်။ အစ်ကိုတွေ မောင်တွေ နဲ့ က သူတို့  ဒီလာမှသာ တွေ့ ရလေ့ရှိတာ။

ပြီးခဲ့တဲ့ရက်တွေက ဟိုသွားဒီသွား၊ ဟိုဝယ်ဒီဝယ် လုပ်နေတာကြောင့် အိမ်ပြန်ချိန် အမြဲနောက်ကျတယ်။ တခြား ပစ္စည်းတွေ ၀ယ်ရတာတွေ မပင်ပန်းပါဘူး။ ဒါပေမယ့် တချို့ ပစ္စည်းတွေ လိုက်ရှာ ၀ယ်ရတာ အတော်ကြီး ပင်ပန်းတယ်။ တကယ်တော့ ဘာဝယ်ရမှန်း မသိတာပါ။ ကိုယ်မှ မ၀ယ်တတ်တာ။ စိတ်လည်း မ၀င်စားဘူးလေ၊ ကိုယ့်အတွက်ကိုယ်လည်း တခါမှ မ၀ယ်ဖူးဘူး။ ဒီတခါလည်း ဟိုအစ်မကြီးကို အရမ်း သတိရပါတယ်။ သူသာဆို ဒါမျိုးတွေကို အခက်အခဲမရှိ လွယ်လွယ်ကူကူ ၀ယ်တတ်မှာ။

အမေက ဒါလေးတွေ ၀ယ်ပေးလိုက်နော်ဆိုပြီး အစ်ကိုစာမေးပွဲအောင်လို့  ပြန်လာတော့မယ်ဆိုကတည်းက အသေအချာမှာတာ။ ဘာဝယ်ရမှန်းမသိလို မ၀ယ်ဖြစ်ဘူး။ မနေ့ ကတော့ နေ့ တစ်ဝက်ခွင့် ယူတယ်။ မှာတာတွေ မထည့်ပေးလိုက်ရင် ဆူခံရတော့မှာ။ ၁ နာရီအလုပ် ကထွက်၊ ထမင်းစား၊ ၂ နာရီက ဆိုင်တွေလိုက်ကြည့်တာ ညနေ ၆ နာရီမှ တော့ မ၀ယ်လို့ မဖြစ်တော့ဘူးဆို စိတ်ကူးတည့်တာတွေ ၀ယ်ထည့်လိုက်တယ်။ အေးရော။ စိတ်ပင်ပန်း လိုက်တာ။ အလုပ်လုပ်ရတာ ဒီလောက် ပင်ပန်းတယ် မခံစားရဘူး။

အရင်က တခြားသူတွေအတွက် ၀ယ်မပေးဖူးဘူး။ ညီမ အတွက်နဲ့  အမေ့အတွက်ပဲ ၀ယ်ပေးလေ့ ရှိတာ။ ညီမလေး အတွက်က ရှင်းတယ်။ လျှောက်သွားရင် စိတ်ကူးတည့်တာတွေ့ ရင်၊ ပို့ ဖို့ လည်း အဆင်ပြေတယ်ဆို ၀ယ်ပေးလိုက်တယ်။ သုံးချင်သုံး မသုံးချင်နေ၊ ဘာမှ ဆင်ခြေမတတ်နဲ့ ။ အမေ့အတွက်က ၀ယ်ရလွယ်တယ်၊ လူကြီးအတွက်လည်း ဖြစ်ပြန်၊ ကျွန်မတို့ မောင်နှမတွေ၊ ၀မ်းကွဲအစ်ကိုတွေမောင်တွေ ၀ယ်ပေးနေကြလေ့ရှိတဲ့ အမျိုးအစားတွေ၊ ပုံစံတွေက သိပ်ရွေးစရာ လည်းမရှိဆိုတော့၊ ပုံစံ ထပ်မနေအောင်သာ နည်းနည်း သတိထားဝယ် လိုက်ရုံပဲ။ ကိုယ့်အမေ ဘာလိုပုံစံ ကြိုက်တယ်ဆိုတာ သိနေလို့  လွယ်တာလည်း ဖြစ်နိုင်ပါတယ်။

အခုဟာက တစ်ဝမ်းကွဲအစ်မ အတွက်နဲ့  ယောင်းမ၀မ်းကွဲလို့  ခေါ်မလား တစ်ဝမ်းကွဲ အစ်ကိုရဲ့ မိန်းမရယ်အတွက် ၀ယ်ရတာ။ မ၀ယ်ပေးချင်တာ မဟုတ်ပါဘူး။ သူတို့  ဘာသာ ကြိုက်တာရွေး၊ ကိုယ်ပိုက်ဆံရှင်းဆို ကိစ္စမရှိဘူး။ ဘာမှန်းမသိ ကိုယ်ကရွေးဝယ်ပေးရတာကို မကြိုက်တာ။ ဘာပဲဖြစ်ဖြစ် အခုဆို ၀ယ်ပေးလိုက်တာတွေ အမေ တွေ့ နေလောက်ပြီ။ ဘာပြောမလဲ မသိဘူး။ မကြိုက်လည်း ဘာမှပြောမှာ မဟုတ်ပါဘူး၊ ဒီသမီးက ဒါမျိုးဝယ်ထည့် ပေးလိုက်တာက အတော်လေး ကြိုးစားပေးလိုက်တာဖြစ်ကြောင်း အမေ သိလောက်ပါတယ်။

တကယ်ဆို ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ကိုယ် ၀ယ်လေ့လည်း မရှိ၊ စိတ်လည်း မ၀င်စား၊ သူများတွေ ဘယ်လိုဟာတွေ သုံးတယ်ဆိုတာမျိုးလည်း သတိထားမကြည့်မိဆိုတဲ့အတွက် ပင်ပန်းနေတာပါ။ ဟိုအစ်မကြီးဆို အပြင်သွားလို့  ပြန်လာရင် မှတ်သားစရာသာ မပါမယ်၊ ဒါမျိုး တစ်ခုတော့ ပါလာလိမ့်မယ် ပြောထားတယ်။ ဒါကြောင့်လည်း အစ်မကြီးကို သတိရနေရတာ....... တကယ်ပါ။ အမြဲ တမ်းလို့  မပြောနိုင်ပေမယ့် တိုက်ဆိုင်မှု့ တွေကြုံလာတဲ့ အခါတိုင်းမှာတော့ အစ်မကြီးကို သတိရနေပါတယ်...

* * * * * * * *
9:25 PM ..
ခေါင်းစားမယ့် အလုပ်လေးတွေပေါ်လာလို့  လုပ်လိုက်ပါအုံးမယ်။
ဒီနေ့  သန်းခေါင်းမကျော်ခင်တော့ ပြန်ရမယ် မျှော်လင့်ပါတယ်။

သန်းခေါင်ကျော်သွားပြီ။ အိမ်ပြန်ချိန် မနက် ၁း၀၀။

2 comments:

khin oo may said...

လာပြန်ပြီ.
တစ်မျိုး.

khin oo may said...

ကျန်းမာရေးဂရုစိုက်
နေပူတယ်။မနေ့က
ဒီနေ့မိုးချုပ်တယ်
ခေါင်းကိုက်လိမ့်မယ်။