Pages

January 21, 2010

Breakfast at Kalaw

From Burmese Food


From Burmese Food

From Burmese Food

From Burmese Food

From Burmese Food


From Burmese Food

အကုန်လုံး ကလောမြို့ မဈေးထဲက ဆိုင်မှာ စားတာတွေပါ။ ဈေးထဲမှာ အဲဒီဆိုင်က ကောင်းတယ်ဆိုပြီး အစ်မခေါ်သွားတာပဲ။ အပေါ်ဆုံး ငါးထမင်းနယ် ပုံက မလွင်လွင်ဦး ရှမ်းတောင်တန်း ငါးထမင်းနယ် နဲ့  ဟင်းထုပ် ပဲ သီးသန့် ရောင်းတဲ့ဆိုင်က။ ကျန်တာတွေက စိန်ရတနာ ဆိုတဲ့ ဆိုင်မှာ စားတာပါ။ ဆိုင်မှာလူတွေ ပြည့်နေတာပဲ။ ဈေးနေ့ မို့ တခြားက ဈေးလာရောင်းသူတွေပါ ရှိနေလို့ များနေတာလားတော့ မသိဘူး။ တိုင်းရင်းသားတွေ သဘောကောင်းကြတယ်။ ကျွန်မတို့  စားဖို့ သွားတော့ ထိုင်စရာနေရာ မရဖြစ်နေတာ တချို့ က ထ ပေးတယ်။ ဧည့်သည်တွေ ထိုင်ပါ သူတို့  မတ်တပ်ရပ်ပဲ စားလိုက်မယ်တဲ့။ စားစရာတွေမှာ တော့လည်း ဘာစားရမယ် မှန်းမသိလို့  ဂျီးများနေတဲ့ ကျွန်မကို ဘာလေးတွေ ကောင်းတယ် စားကြည့်ပါ ညွန်းသေးတယ်။ ညီမလေး ကတော့ ရှင်းတယ် ရှမ်း ထမင်းနယ်ပဲ စားတယ်။ အဲဒါစားဖို့  အားတင်ထားတာတဲ့။ ၂ ပွဲ။ ကုန်မှာပေါ့ ပါတာလေးက နည်းနည်းလေးဟာကို၊ ပထမပွဲတုန်းက ဓာတ်ပုံရိုက်ဖို့  တောင်းလို့ ကိုမရခဲ့ဘူး။ သူကြိုက်တယ် စားလို့ အရမ်းကောင်းတယ် ပြောတာပဲ။ အဖေကတော့ အကုန်စားတာတယ်။ အကုန်မှာမယ် ဆိုတာမျိုး။ စားလည်း စားနိုင်တယ်။ ရှမ်းခေါက်ဆွဲ ၂ ပွဲ၊ တိုးဟူးကြော် ၃ ပွဲ၊ တခြားဟာတွေလည်း စားသေးတယ်။ တပွဲထဲပါတဲ့ တချို့  အစားအသောက်တွေ ဓာတ်ပုံ ရိုက်ဖို့  မမှီလိုက်ဘူး။ တို့ ဟူးနွေးတို့  ရေစိမ်ခေါက်ဆွဲတို့ ။ ဆိုင်ရှင်ကလည်း သဘောကောင်းပါတယ်။ သူတို့ ဆိုင်မှ မရတာတွေ တခြားက မှာပေးတယ်။ အဲ့ဒီ မနက် သူများတွေ စားသမျှ တဇွန်းစီလိုက်မြီးရင်းနဲ့  ဗိုက်ပြည့်သွားလို့  ဘာဆိုပြီး သီးသန့် မစားခဲ့ရပါဘူး။

From Burmese Food

From Burmese Food

7 comments:

Vista said...

အားပါး စားချင်လိုက်ထှာနော်

မြတ်မွန် said...

စားချင်စရာကြီးပါလား။

တောင်ပေါ်သား said...

စားချင်တယ် ရှမ်းခေါက်ဆွဲလေးနဲ့ တို့ဟူးကြော် သတိရတယ် စားချင်တယ် စားချင်တယ်း(


လေးစားလျက်
တောင်ပေါ်သား

ကြည် said...

"Breakfast at Kalaw" ဆိုတဲ့ခေါင်းစဉ်ကိုဖတ်..ဓါတ်ပုံလေးတွေကြည့်ရင်း ..အော် နေနေတစ်ယောက်တော့ စားမဲ့စားတော့လည်း အများကြီးပဲ လို့ တွေးမိနေတုန်း နောက်ဆုံးက စာတွေကို ဖတ်မိတော့မှပဲ... တစ်မျိုးကို တစ်ဇွန်းစီပဲ ဆိုပါလား။

Unknown said...

မြင်ရုံနဲ့ ဂလု ဂလုပဲဗျိုးးးးးးး

မီယာ said...

ရှမ်းစာတွေ ရှမ်းပြည်မှာ သွားစားနေတာပေါ့ နေနေ.... အားလုံး စားချင်တယ် :)

Rita said...

မချိတင်ကဲ ရှိလိုက်တာ။ (မစားရလို့)