Pages

September 09, 2009

Hainanese Chicken Rice

Chicken Rice နာမည်ကြီးတယ် ဆိုပြီး အလုပ်ကသူငယ်ချင်း ခေါ်သွားလို့ သွားစားဖြစ်တယ်။ ကြက်သားရဲ့ သဘာဝ အရသာကို ခံစားလိုသူတွေ အဲဒီက Chicken Rice ကို ကြိုက်ကြတယ်လို့  ပြောပါတယ်။

အဲဒီဆိုင်က နာမည်အတော်ကြီးတာတော့ သေချာတယ်။ ရှေ့ မှာ ဘယ်စာစောင်မှာ ဘယ်လိုပါတယ်ဆိုတာ ကပ်ထားတယ်။ နောက်ပြီး ကြက်သားမှာဖို့  စောင့်နေတဲ့သူတွေ နည်းတဲ့ လူတန်းကြီး မဟုတ်ဘူး။ နှစ်ခါ သွားစားဖူးတယ်။ စားတိုင်း မိနစ် ၂၀-၃၀ လောက်တော့ တန်းစီခဲ့ရတယ်။ နေ့ လယ်ထမင်းစားချိန်ဆိုတော့ လူပိုများတာလည်း ဖြစ်မယ်။

အဲဒီမှာ ၀မှာစိုးလို့  ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကြက်အရေခွံ မစားချင်ဘူးဆို မှာတဲ့အချိန်မှာ Skin ဖယ်ပေးပါဆိုပြီးမှာလို့ လည်း ရတယ်။

Tian Tian Hainanese Chicken Rice


Hainanese Chicken


Vegetable with Oyster Sause


Bean Sprout with Cuttlefish


ကျွန်မ အနေနဲ့ ကတော့ အရမ်း မကြိုက်ဘူး။ နဂိုဓာတ်ခံကိုက အဲဒီလို အဖြူရောင် ကြက်စီထမင်းတွေဆို မကြိုက်တတ်လို့ လဲဖြစ်တယ်။ အတူသွားစားတဲ့ သူငယ်ချင်းတချို့ ကတော့ ကောင်းတယ် ပြောကြတာပဲ။ တချို့ ကလည်း သိပ်မထူးပါဘူးတဲ့။ စိတ်ဝင်စားတယ်၊ လမ်းကြုံတယ်ဆို သွားစားကြည့်ပေါ့။

Tian Tian Hainanese Chicken Rice
Stall 10 ,
Maxwell Road Food Centre
Open 11 am to 8 pm,
everyday except Monday.



Very Long Q

ဟိုး ၂ ပတ်ကျော်က သွားစားဖြစ်တာ။ ပထမ ဓာတ်ပုံရိုက်ပြီး ဘလော့ရေးဖို့ စိတ်ကူး မရှိခဲ့ဘူး။ ဒါပေမယ့် တန်းနေရတာ လည်းကြာ၊ ကိုယ့်ရှေ့ မှာ တန်းစီနေတဲ့ သူတွေလည်း ကမ်မရာတွေနဲ့  တဖြတ်ဖြတ် ဓာတ်ပုံရိုက်နေတာတွေ့ လို့  ကိုယ်လည်း ရိုက်ယူထားလိုက်တယ်။

အဲဒီ Maxwell Food Court က ရှာရ လွယ်ပါတယ်။ သူ့ ရှေ့ မှာ ကို TZA သူ့ ဘလော့မှာ တစ်ခါ ရေးခဲဖူးတဲ့ တရုတ် အဆောက်အအုံကြီး ရှိတယ်။

4 comments:

မီးမီးချစ် said...

ဒီကကြက်တွေ က တရုတ်ကြက်မို့ ထင်တယ် ဖြူဖွေးနေတာပဲနော်..း))

စိမ်း... said...

ကြိုက်ဘူး chicken rice ... fried prawn mee ဘယ်မှာကောင်းလဲဆိုလည်း ညွှန်းပေးလေ.. နော်...

TZA said...

ကျနော့်အလုပ်နားက နုံချာချာဟော်ကာစင်တာမှာလည်း အမြဲတမ်း ကြိတ်ကြိတ်တိုးနေတဲ့ ကြက်ဆီထမင်းဆိုင်ရှိတယ်၊ ကျနော်ကတော့ သိပ်အကြိုက်ကြီး မဟုတ်ပါဘူး။

khin oo may said...

အဖြူကြီးတော့စားချင်ဘူး. Roasted ဆိုရင်တော်သေးတယ။်