Pages

June 29, 2009

ဘာလဲ ဘာလဲ..

အလုပ်ရှုပ်နေပါတယ်ဆိုမှာ ကွန်ပြူတာလေး ခနကြည့်ပါရစေဆိုပြီး လာပြောတယ်။ ပြီးတော့ ပြောသေးတယ် Download တစ်ခုခုများ လုပ်ထားလားတဲ့။ မလုပ်ဘူးပြောလိုက်တော့၊ ကြည့်ပါရစေဆိုပြီး သုံးနေတဲ့ Application တွေ တစ်ခုခြင်း လိုက်ကြည့်တယ်။ Lotus Notes, Eclipse, File တွေ Compare လုပ်တဲ့ Software တစ်ခုနဲ့  Firefox Browser ပဲ ဖွင့်ထားတာ ရှိတယ်။ Firefox မှာကလည်း Tab တွေအများကြီး မရှိဘူး၊ Google Home Page ပဲရှိတယ်။ ဘာမှမတွေ့ တာ မကျေနပ်ဘူးထင်တယ် Task Manager ဖွင့်ပြီး Applications နဲ့  Processes တွေကြည့်တယ်။ Memory Usage အများဆုံးယူနေတာက javaw.exe။ အဲဒါ ဘာလဲတဲ့။ အဲဒါ Java လေ လို့ ပဲ ပြန်ပြောလိုက်တယ်။ အလုပ်ရှုပ်နေပါတယ်ဆိုမှ။ ခန စောင့်ပါ ဆိုပြီး ဖုန်းထုတ် ဆက်တယ်။ ဘာမှ မတွေ့ ဘူး၊ အလုပ်နဲ့ ဆိုင်တဲ့ Application တွေပဲ ဖွင့်ထားပြီး အလုပ်လုပ် နေတယ် ဆိုပြီး ဟိုဘက်ကို ရှင်းပြနေတယ်။ စိတ်ထဲ ကသိကအောင့်နဲ့  ဘေးက ထိုင်ကြည့်နေလိုက်တယ်။ အရေးထဲ ဖုန်းကလဲ လာလိုက်သေးတယ်။ Helpdesk က ဆက်တာ။ သူတို့ ပို့ ထားတဲ့ အီးမေး တစ်စောင်ရလားတဲ့။ နံပါတ်ပြောဆို သူပြောတဲ့ နံပါတ်က BA တွေကို Forword လုပ်ထားဖို့ လိုတာကြောင့် Reply တစ်ခုလိုနေတယ် ရတာနဲ့ ချက်ချင်း အကြောင်းပြန်မယ် ပြောလိုက်တယ်။ ဟိုကိုယ်တော်က တစ်မျိုး။ စက်ထဲမှာ ဘာတွေသွင်းထားလဲ ကြည့်ပါရစေတဲ့။ ဘာပြဿနာရှိလို့ လဲ မေးလိုက်တော့ ဒီကွန်ပြူတာကို စစ်ကြည့်ချင်လို့ ပါပဲ ပြောတယ်။ AntiVirus Defination ကိုကြည့်တယ်။ Up-to-date ဖြစ်နေတယ်ဆိုတော့ Virus မဟုတ်နိုင်ဘူးတဲ့။ သွင်းထားတဲ့ Application တွေကြည့်တယ်။ Google Desktop ရှိနေတယ်။ အဲဒါ ဘာလဲတဲ့။ Google Desktop လေလို့ ပြန်ဖြေလိုက်တယ်။ ဖြေရမှာ စိတ်ကုန်နေပြီ။ ဘယ်တုန်းက သွင်းတာလဲတဲ့။ ခုနက သွင်းလိုက်တာလားတဲ့။ သွင်းထားတာကြာလှပြီ ၅-၆ လ မကတော့ဘူး ပြောလိုက်တော့ အဲဒါမသုံးပါနဲ့ တဲ့။ remove လုပ်မယ်တဲ့။ ရတယ် လုပ်ချင်လုပ်လို့ ပဲ ပြောလိုက်တော့တယ်။ Google Desktop remove လုပ်တယ်။ ပြီးတော့ Gtalk ပါ ထုတ်ပစ်တယ်။ ပြောမနေတော့ဘူး။ remove လုပ်နေရင်း မေးသေးတယ်။ ဒီကွန်ပြူတာ ဘယ်သူသုံးလဲတဲ့။ ငါ့ကွန်ပြူတာ ငါသုံးတာပေါ့ဆိုတော့ ဆက်မမေးတော့ဘူး။ ကျွန်မ စိတ်မရှည်တော့ မှန်းလည်း သိတယ် ထင်ပါတယ်။ မသိနိုင်စရာလဲ မရှိဘူးလေ ဒီမျက်နှာက ဟန်ဆောင်လို့ မှမရတာ။ သူ့ ဘာသာ စက်ထဲမှာ ရှိသမျှ သေချာတစ်ခုခြင်း လိုက်ကြည့်နေရင်း Zawgyi ကိုတွေ့ တော့ ဘာလဲတဲ့။ Unicode Font လို့ ပဲ ပြောလိုက်တယ်။ အဲဒါတော့ ဖျက်မသွားဘူး။ ဖျက်လည်း သိပ်ဂရုမစိုက်ပါဘူး။ လုပ်လက်စအလုပ်တွေကို Save လုပ်ပေးပါ၊ စမ်းကြည့်ချင်လို့ ပါဆိုလို့  အကုန် Save လုပ်ပြီး ထွက်ပေးလိုက်တယ်။ အင်တာနက်ကြိုးဖြုတ်တယ်၊ ပြီးတော့ ပြန်တတ်တယ်။ ပြီးတော့ ရပြီတဲ့။ အားလုံးပြီးမှ ဒီကွန်ပြူတာကနေ အင်တာနက်ကို အရမ်းဆွဲနေတဲ့အတွက် ကုမ္ပဏီ တစ်ခုလုံးရဲ့ အင်တာနက်ကို နှေးသွားစေလို့  အဲ့လိုတွေ စစ်ရတာပါလို့  ဖြေရှင်းချက်ပေးသွားတယ်။ မှားပါတယ်။ အရင်နေ့ တွေကတောင် အလုပ်က proxy ကျော်ပြီး ပိတ်ထားတဲ့ Site တွေ သုံးသေးတယ်။ အလုပ်ရှုပ်နေတာလို့  ဘာဆို ဘာမှ မ၀င်ပဲ အလုပ်ပဲ လုပ်နေတယ်ဆိုတဲ့ နေ့ မှ လာစစ်တော့တယ်။

သဘက်ခါ Production Deployment ရှိတယ်။ အဲဒီ version အတွက် UAT sign off လုပ်ပြီးသားကို MOH က Request တစ်ခုကြောင့် Urgent Text Change လုပ်ရမယ် ပြောတယ်။ ပြောင်းရတာ သိပ်မကြာလောက်ပါဘူး။ ဒါပေမယ့် အခုအထိ Requirement ထွက်မလာသေးဘူး။ လုပ်လက်စ အလုပ်ကိုလည်း လုပ်ရင်း အဲဒီ ဟာစောင့်နေရတယ်။ စိတ်က မဖြောင့်ဘူး။ ၅ နာရီထိုးပြီ ခုထိ မရသေးဘူး။ ဒီနေ့ မရဘူး မနက်ဖြန်မှ ရတယ်ဆို SIT နဲ့  UAT တစ်ရက်ထဲ အပြီး လုပ်ရမယ်။ လကုန်ဖို့ လဲ မနက်ဖြန် တစ်ရက်ပဲ လိုတော့တယ်။

စိတ်ညစ်တာတွေချရေးပြီး စိတ်ပေါ့သွားသလိုပဲ။ တကယ်မဟုတ်တော့ စိတ်ကထင်တာပေါ့လေ။ ၁ နာရီကျန်တယ်။ ဒီနေ့  ပြီးရမှာတွေ ဆက်လုပ်ရမယ်။ မပြီးရင် မပြန်ပဲ ပြီးတဲ့အထိ ဆက်လုပ်။ ဒါပဲရှိတယ်။

( ၆ နာရီကျော်လို့  ပိုစ့်တင်သည်။ အလုပ် ဆက်လုပ်ရအုံးမယ်။)

9 comments:

khin oo may said...

မြန်မြန်ပြီးပါစေ. ရာသီဥတုမကောင်းဘူး. ငြိမ်ငြိမ်နေပါ။ စိတ်ကိုလျော့ အိမ်ကိုမြန်မြန်ပြန် ရေချိုးသီချင်းနားထာင် သူငယ်ချင်းတွေ နဲ့ဖုံးပြောပါ။ စိတ်ပြေလက်ပျောက်။ တံခါးကြီးပိတ်မထားနဲ့။ ဖွင့်ထားပါ။

khin oo may said...

ဟင် ညွန်ကြားတာများသွားပြီ စိတ်ညစ်နေပါတယ်ဆိုမှ..
မေ့လိုက်မေ့လိုက် လုပ်ချင်တာလုပ်။

မာ့ခ် said...

My Company Not allowed to use Google Desktop also.

MrDBA said...

ကျွန်တော်တို့ရုံးလဲ ဘာဆိုဘာမှ သုံးလို့ရဘူး။ သို့ပေမယ့် ဌာနပိုင် ဝါယာလက် နက်ဝက်တစ်ခုထောင်ထားတယ်။ တခုခု ရုံးနက်ဝတ်ထဲက ထွက်ပြီမှ လုပ်လို့ရမယ့်ဟာဆို အဲဒီဝါယာလက် ထဲကနေသွားလုပ်ရတယ်။

ဘာမှစတ်ညစ်နဲ့။ အိုင်တီကုပ္မဏီမှာ လုပ်နေသ၍ ဒါမျိုးခဏခဏကြုံရမှာဗျ။ ကျွန်တော့လဲ အလုပ်များ များပြီဆို ည၁၀နာရီလောက်အထိ လုပ်ရတဲ့အပြင် စနေတောင် ဆင်းလိုက်ရသေး။ ကျွန်တော်ကတော့ များများ မစဉ်းစားဘူး အချိန်တန်ရင် ပြီးသွားမယ်လို့ဘဲ စဉ်းစားလိုက်တယ်။ လုပ်နိုင်သလောက်တော့ လုပ်လိုက်တာဘဲ။ အဆင်ပြေပါစေဗျာ။

ရွက်လွင့်ခြင်း said...

အဲဒါ စင်ကာပူမှာ အလုပ် လုပ်တဲ့လူတွေရဲ့ ပေးဆပ်မှုတွေပါ၊
စိတ်မညစ်ပါနဲ့ 
စိတ်ရှည် သည်းခံ ဇွဲရှိရန် ဆိုတဲ့ ဆောင်ပုဒ် အတိုင်း တချိန်မှာ ပန်းတိုင်ကို ရောက်သွားမှာပါ

KTz said...

Cheers!!!

Vista said...

အဟက်အဟက် IT- Network ဌာနကလူတွေကိုမမုန်းပါ နဲ့ နော်
သူတို.လဲတာဝန်ရှိလို.စစ်ရတာပါ ဟိဟိ ကြိုကာထားမှ

Su said...

after readin this, i realized how much ppl hate my job :P
i don't usually go to the desk personally, email them and do it with remote desktop :P.
dont wanna go face to face.

SZA said...

တိုက်တိုက်ဆိုင်ဆိုင် တော်မီ့ဆီမှာလဲ မနေ့က အင်တာနက် အရမ်းနှေးနေတာ.. ISP ကိုဖုန်းဆက်မေးကြည့်တော့ နင်တို့ဘက်ကနေပြီးတော့ traffic high ဖြစ်နေတာတဲ့..အလုပ်မှာဆိုလဲ ကိုယ်တစ်ယောက်ပဲ အဲလိုတွေသုံးတာ..ကိုယ်ပဲ သူများတွေကို မသုံးနဲ့လို့လိုက်ပိတ်ရတာ..ဟီးဟီး..သူကပြောတော့ ကွန်ပြူတာတစ်လုံးချင်းစီလိုက်ကြည့်ပြီး လိုက်ပိတ်ပြီး စမ်းကြည့်တယ်.. မျက်နှာပူတာနဲ့လိုက်မလုပ်လိုက်ဘူး..ဟဲဟဲ.. စပိကတော့ မနေ့က အတော်နှေးနေတယ်..ကိုယ်တိုင်တောင် မနေ့က ဘာမှဒေါင်းလုဒ်လဲမလုပ်ပါဘူး..ခါတိုင်းနေ့ဆိုလုပ်သေးတယ်.. အီးမေးလ်က ပါတဲ့ ဖိုင်တွေ ဒေါင်းလုဒ်လုပ်ရင်တောင် 1/2kpbs လောက်နဲ့ပဲဆွဲနေတာလေ..