Pages

June 26, 2009

My Posts....

အလုပ်တွေရှုပ်နေတယ် ဒါပေမယ့် ကွန်ပြူတာရှေ့ မှာ ရှိနေတယ်ဆို ကျွန်မ ဒီနေရာမှာ ဟိုရေးဒီရေး ပိုလုပ်ဖြစ်ပါတယ်။

တစ်ခုခု ချရေးတယ်ဆိုတာ ကျွန်မ အတွက် စိတ်တည်ငြိမ်အောင် လုပ်တဲ့ အရာတစ်ခုလို ဖြစ်နေတယ်။ ပေါ့ပေါ့ပါးပါး ရေးချင်တာတွေ ချရေးလိုက်တယ်ဆို ဘာဆိုဘာမှ မတွေးမိတော့ပဲ ခေါင်းရှုပ် စိတ်ညစ်နေတာတွေ အကုန်ပျောက်သွားတယ်။ အာရုံတစ်ခုတည်း စူးစိုက်ရသလို ဖြစ်နေတာမျိုးကို။ ဒါဆို ကျန်တာတွေ ကျွန်မ ဆက်လုပ်လို့ ရပြီ။ နောက်ပြီး အလုပ်တွေရှုပ်နေတဲ့ အကြားမှာ notepad လေးဖွင့်ပြီး ခဏတဖြုတ် အားတဲ့အချိန်လေးတွေမှာ ရေးချင်တာတွေ ချရေးတာ တစ်မျိုး စိတ်ပေါ့ပါးစေတယ်။ အလုပ်မှာ အရမ်း စိတ်ပင်ပန်းရတာတွေ လုပ်နေတယ် မခံစားရတော့ဘူး။ နောက်ပြီး ကိုယ်ရေးပြီးတင်ထားတာလေး တစ်ယောက်ယောက်က သဘောကျတယ် လာပြောတာနဲ့ ကြုံလိုက်ရင် သဘောကျလို့  ပြုံးမိသွားတဲ့အခါမျိုးဆို ပိုပြီး စိတ်လက် ပေါ့ပါးသွားပါတယ်။ ထုတ်ဖော်မပြောတဲ့ အခါတွေရှိပေမယ့် အားလုံးကို စိတ်ထဲကနေ အမြဲတမ်း ကျေးဇူးအထူး တင်ပါတယ်။ စိတ်ရှုပ်၊ အလုပ်ရှုပ်နေချိန်တွေ ရေးတာမျိုးဆို အရမ်းတွေးရတာမျိုးတွေကိုတော့ သိပ်မရေးနိုင်ဘူး။

ဒီနေရာမှာ ကျွန်မကိုယ် ကျွန်မ ဘောင်တစ်ခုနဲ့  ချုပ်မထားပါဘူး။ အချုပ်လည်း မခံပါဘူး။ ကိုယ့်ဘာသာ သက်သောင့်သက်သာ ဖြစ်အောင် နေပါတယ်။ ဒီအတွက် ဒီနေရာမှာ ရေးနေတာတွေတိုင်းမှာ တခြားသူတွေ ဘာတွေ အကျိုးကျေးဇူးရပါစေ ဆိုတာမျိုး အမြဲမရှိပါဘူး။ အမြဲတမ်း သူတပါးတွေအတွက် မဟုတ်ပေမယ် တခါတလေတော့လည်း ကိုယ်သိတာလေး သူများတွေ သိပါစေဆို စေတနာလေးထားမိ၊ တွေးမိတာကလည်း ကျွန်မ အတွက် တွန်းအားတစ်ခု ဖြစ်သွားတယ်။ အချက်အလက်တွေ တိကျစေချင်လို့  ရေးတာလေးတွေကို အာရုံစိုက်လိုက်တော့ အခြားကိစ္စတွေ မေ့သွားတာပေါ့။ နှစ်ဦးနှစ်ဘက် အကျိုးရှိတယ်လို့  သဘောထားပါတယ်။ တခါတလေကျတော့ အရှုပ်လွန်ပြီး ဘာဆိုဘာမှ ရေးလို့ တွေးလို့ မရတာ ဖြစ်တတ်ပါတယ်။ ဒီလိုတွေနဲ့ ပဲ ကျွန်မ ရေးချင်တာတွေရေးပြီး ဒီနေရာမှာ တင်နေတာ အတော်လေး ကြာခဲ့ပြီ။

ဟုတ်ကဲ့... ကျွန်မ အလုပ်ရှုပ် စိတ်ရှုပ် (အတိုင်းအတာတစ်ခု အထိအတွင်း) ဆို ဟိုရေးဒီရေး ပိုလုပ် ပါတယ်ဆိုတာ အမှန်ပါပဲ။

(ကြည့်ပါ...ကိုယ့်ဘာသာပြောပြီး ကိုယ့်ဘာသာထောက်ခံလိုက်တာ ဘယ်လောက်တောင် စိတ်ချမ်းသာဖို့  ကောင်းသလဲ။ )

9 comments:

Ko Boyz said...

လုပ်ပါ...။ လုပ်ပါ...။ စိတ်ချမ်းသာရင် ပြီးရော။
ကောင်းတယ်.. ကောင်းတယ်...။ အန်နာဂျီလဲ မှန်မှန်ပို့ဦး...။ လေးရက် ရှိနေပြီ ပို့မလာတာ။

ကြည် said...

နေနေက အားတဲ့အချိန်လေးတွေမှာ ရေးချင်တာတွေ ချရေးတာ တစ်မျိုး စိတ်ပေါ့ပါးသလို...ကြည်တို့လည်း အလုပ်ထဲမှာ နေနေ့ ပိုစ့်လေးကိုခိုးဖတ် တစ်မျိုးစိတ်ပျော်ရွင်ပေါ့ပါးလို့။ ဟဲဟဲ နှစ်ဦးနှစ်ဖက်အကျိုးရှိတာတယ်မှန်တာကိုး။းP

khin oo may said...

မှနပါတယ် မှနပါတယ်

khin oo may said...

(copy one word by one word from the post and comments. I do not have mmy font)

khin oo may said...

love you always.

နိုင်းနိုင်းစနေ said...

ကိုယ်စိတ်ချမ်းသာဖို့၊ စိတ်ကျဉ်းကျပ်လို့ ချရေးလိုက်တာ ကောင်းတယ်နေနေ.. အဲဒီလို ချရေးလိုက်တာက သူများကို အကျိုးပြုမပြုဆိုတာကို အရင်မသိပေမယ့် ကိုယ့်စိတ်ကိုတော့ အရင်အကျိုးပြုသွားတာပဲနော်..း)

ရေးပါ.. ဘာရေးရေးဖတ်နေပါတယ်..

Anonymous said...

ကောင်းဘာတယ်.. ကောင်းဘာတယ်....
ခုတလော ကောမန့် မရေးဖြစ်ပေမယ့် လာလာချောင်းပါတယ်... (ဟမ်....)


SDL

khin oo may said...

ရေးချင်တာ ရေးလိုက်တာဘဲ။ သူများစိတ်ချမ်းသာဘို့ထက် ကိုယ်စိတ်ချမ်းသာဘို့ကို ရှေ့ရှူပါတယ်။

rose of sharon said...

ကောင်းပါတယ်..
စိတ်ချမ်းသာတော့လူကျန်းမာတာပေါ့