
ကျွန်မ လက်ရှိအလုပ်မှာ အလုပ်သဘာဝအရ Data Security က အရမ်းအရေးကြီးတော့ အင်တာနက် ကို လွတ်လွတ်လပ်လပ် သုံးခွင့် မပေးထားဘူး။ ကန့် သတ်ချက်တွေ အရမ်းများတယ်။ ကွန်ပြူတာထဲမှာလည်း မလိုတဲ့ Software တွေ သွင်းခွင့်မရှိဘူး။ အလုပ်က အင်တာနက်နဲ့  မြန်မာပြည်က အင်တာနက်နဲ့  ကွာတာဆိုလို့  နိုင်ငံရေးဆိုဒ်တွေ မပိတ်တာပဲ ရှိမယ်ထင်တယ်။ ဒီတော့ ပိတ်ထားတာတွေ သုံးချင်တဲ့အခါ ကိုယ့်နည်းကိုယ်ဟန်လေးနဲ့  ရအောင် သုံးတယ်။ Proxy ခံသုံးတယ်။ အလုပ်တော့ ရှုပ်တာပေါ့။ အဲလိုသုံးတာ တခါတလေတော့လည်း အဆင်မပြေဘူး။ အဲဒီအခါ အိုင်ဖုန်းကို သုံးပြီး အင်တာနက် သုံးတယ်။ ဒါကြောင့်လည်း ဖုန်းမှာ 50G ရတဲ့ Broadband on mobile plan ယူထားခဲ့တာပါ။ ဖုန်း Screen က သေးတော့ ကြည့်ရတာ အဆင်မပြေတာတွေရှိတယ်။ အခု ဒီပြဿနာတွေ အတော်လေး လျှော့သွားတော့မယ်။ ဒီနေ့ ဆို အလုပ်မှာ ဖုန်းကို ကွန်ပြူတာနဲ့  ချိတ်ပြီး လွတ်လွတ်လပ်လပ် အင်တာနက် သုံးလို့ ရပြီ။ အခုတော့ နည်းနည်း သတိထားရမယ်။ အရင်က ဖုန်းနဲ့ ပဲ အင်တာနက် သုံးတာဆိုတော့ တစ်လတစ်လ Data Usage က 2-3G ပဲရှိတယ်။ ရထားတဲ့ 50G ထက် ကျော်သုံးမိလို့  မဖြစ်ဘူး။ အလုပ်ချိန်ပဲ သုံးမှာဆိုတော့ မကျော်လောက်ဘူး ထင်ရပါတယ်။
iPhone 3.0 OS မှာ Internet Tethering Setup လုပ်ရတာ တော်တော်လေးကို လွယ်ပါတယ်။ Singtel သုံးတဲ့ သူတွေဆို ဘာမှလုပ်စရာမလိုဘူး။ Settings --> General --> Network --> Internet Tethering ကိုသွားပြီး On လို့ ပြောင်းလိုက်ရင်ရပြီ။
USB သုံးမယ်ဆို USB only ကိုရွေးပါ။
ပြီးရင် USB နဲ့  ကွန်ပြူတာကိုချိတ်။ ကွန်ပြူတာမှာ အောက်က Message လေးပေါ်လာမယ်။

Network Preferences ကို ရွေးပြီးနောက် Window တစ်ခု ပေါ်လာတဲ့အခါ Apply လုပ်လိုက်ရင် အလိုလို Setup လုပ်ပေးသွားပါတယ်။ (ဒီပုံကိုတော့ ဒီနေရာကနေယူထားတာပါ)

Internet Tethering ကို အသုံးပြုပြီး ကွန်ပြူတာမှာ အင်တာနက်ချိတ်ထားရင် ဖုန်းမှာ ဒီလိုပေါ်ပါတယ်။

စင်္ကာပူမှာ iPhone တရားဝင်ရောင်းချခွင့်ရထားတဲ့ Singtel မဟုတ်ပဲ StarHub နဲ့  M1 သုံးတဲ့သူတွေ အတွက်ကတော့ နည်းနည်း ပြဿနာရှိတယ် ဖတ်ရတယ်။ ကိုယ့်မှာ StarHub နဲ့  M1 Sim Cards မရှိတော့ မစမ်းကြည့်နိုင်ဘူး။ ဒီမှာတော့ ဘယ်လို လုပ်ရတယ်ဆိုတာ ရေးထားတာတွေ့ ရပါတယ်။
အခု အလုပ်မှာ Internet Tethering သုံးပြီး အင်တာနက် သုံးနေတာ။ :"> သုံးရတာ အဆင်ပြေပါတယ်။ အဲ.. စိတ်ထဲမှာ ငါသုံးနေတာ Data Usage ဘယ်လောက်ရှိသွားပြီလဲ၊ လစဉ်ပေးနေကြ ပိုက်ဆံထက် ပိုပေးရတော့မှလား ဆိုတဲ့ စိုးရိမ်စိတ်တွေ များနေဘူးဆိုရင်ပေါ့လေ။
Other related links:
Using iPhone as a Modem - Apple.com
Enable tethering on iPhone 3.0 (Worldwide Carriers) - richardlai
I've got 3G iPhone - N3
Singtel - Broadband on mobile
ဒါကတော့ လက်ရှိသုံးနေတဲ့ Speed တိုင်းကြည့်ထားတာ။

ဒီနေ့  19 June 2009 မှာ iPhone 3G S ထွက်မှာ ပါ။ iPhone 3G S အကြောင်း သိချင်ရင် 10 Cool Things abbout iPhone 3G S - HeartStations မှာ သွားဖတ်ကြည့်နိုင် ပါတယ်။ စိတ်ဝင်စားသူတွေအတွက်ပါ။
6 comments:
ခုတော့ အလုပ်မှာ အင်တာနက်ကို အရင်ကထက်ပိုပြီး အဆင်ပြေပြေ သုံးလို့ရနေပြီပေါ့လေ။
ပုလုကွေး မှာ အိုင်ဖုန်းမရှိတော့လဲ ဖတ်ရုံသာ ဖတ်သွားနိုင်တာပေါ့လေ...ကျတော်က ကြီး ကြီးကျယ်ကျယ်ပြောရမယ်ဆိုရင် anti iphone user လေ...(မဝယ်နိုင်လို့ လေကြီးတာပါ)
ကျေးဇူးတင်တယ်တကယ်
:D
Bandwidth meter သွင်းထားလိုက်ရင် data usage ကို အကြမ်းဖျင်းလောက်တော့ သိနိုင်မှာပါ။ (free to use) :)
လာဖတ်သည်။ ဖုံးလဲမရှိ. ကွန်ပြူတာလည်းမရှိ။
တနေကုန် ဆင်းတဲလ် မိုဘိုင်း ဘရော့ဘန် သုံးပြီး ရုပ်ရှင် တို့  အင်စတော်လာ တို့  အခြား ဟာတွေ ဒေါင်းလုပ် လုပ်တာတောင် တလကို ၃၀ ဂစ်မကျော်ဘူးဗျ၊ ချသာချ ဘာမှ စိတ်ပူစရာမလိုဘူး။ နေ့ တိုင်း တောရန့် ကနေ ရုပ်ရှင် ဆွဲ ရပစ်ရှဲလ် ကနေ ဒေါင်းလုပ်ချ ၅၀ ဂစ် ဘယ်တော့မှ မပြည့်ဘူး။ စိတ်ချ လက်ချ သာ မိုက်လိုက်စမ်းပါ လို့ ။
Post a Comment