Pages

June 29, 2009

အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

မိုဃ်းဇော် ရဲ့ ကဗျာ။ သေတမ်းစာ ကဗျာစာအုပ်မှာ ပါတယ်။ အဲဒီ ကဗျာစာအုပ်လေး ကိုင်မိတိုင်း အနည်းဆုံး တစ်ကြိမ်တော့ ပြန်ဖတ်မိတဲ့ ကဗျာ။ "သားချော့တေး" ။ နောက်လည်း ဖတ်ဖြစ်နေအုံးမှာပါ။ "အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။" ဆိုတဲ့ စာကြောင်း ကို နှစ်သက်မိတယ်။ ကဗျာတစ်ပုဒ်လုံးကိုလည်း သဘောကျပါတယ်။
သားချော့တေး

သားရေ
ငိုသံတွေကို လမ်းခင်းပြီးမှ
မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်
အဲဒီလမ်းကို မလျှောက်လေနဲ့။

မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ
မင်းဘ၀ အထက်တန်းကျမယ်ဆိုရင်
အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။

မင်းရဲ့ ယုံကြည်ချက်ကြောင့်
ဘ၀တွေပျက်
အိုးအိမ်တွေပျက်
မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း
ကြေကွဲပျက်စီးရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။

မသိနားမလည်သူ
လူတွေကို လှည့်စားပြီးမှ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။

ဒီလောကကြီးမှာ
သစ်သီးကလေးတစ်လုံး သီးဖို့ 
အချိန်တွေ အများကြီးယူရတယ်
ပန်းကလေးတစ်ပွင့် ပွင့်ဖို့
အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်
မြေနီလမ်း နံဘေးက
တောပန်းကလေးတွေကအစ ကြင်နာပါ
ဒုက္ခရောက်သူကို ဖေးကူပါ
လူ့ သိက္ခာကို စောင့်ရှောက်ပါ
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

ရိုးသားဖြူစင်သူတွေကို
တစ်ဖက်သတ် အနိုင်ယူပြီးမှ
မင်းရဲ့ သရဖူကို ရမယ်ဆိုရင်
အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။

ဒီကဗျာကို ပထမဆုံးဖတ်ဖြစ်တာ ကဗျာစာအုပ်ထဲက မဟုတ်ပါဘူး။ နိုင်းနိုင်းစနေ ဘလော့မှာ ဖတ်ဖြစ်ခဲ့တာပါ။ ကဗျာကို ဖတ်ပြီး သဘောကျလို့  ကဗျာစာအုပ်လေးကို ၀ယ်ဖြစ်သွားခဲ့တယ်။ နောက်ပိုင်း မိုဃ်းဇော် ရေးတဲ့ ကဗျာတွေ တွေ့ တိုင်း ဂရုတစိုက် ဖတ်ဖြစ်တယ်။

7 comments:

မေငြိမ်း said...

ချစ်စရာကောင်းတဲ့ ကဗျာလေး ဖြန့်ဝေပေးတာ ကျေးဇူးပါ..။ ပြီးတော့ ဂရုတစိုက် လိုက်နာသင့်တဲ့ အကြောင်းအရာလေးလည်းဖြစ်တယ်..။

ဂွတို said...

ကဗျာ တော်တော်မိုက်တယ်ဟ....

နိုင်းနိုင်းစနေ said...

သူ့ကဗျာတွေကို ကြိုက်တယ်

နောက် ဇေယျာလင်း၊ အောင်ရင်ငြိမ်းလဲ ကောင်းတယ် နေနေ.. ရှာဖတ်ကြည့်

စကားလုံးမာမာတွေနဲ့ မိုက်တယ်..

rose of sharon said...

ကဗျာလေးဖတ်သွားတယ်..ကြိုက်တယ်

Su said...

N3,
once upon a time,
i asked someone to read that poem.
that person turned out the polar opposite of it
:|
"whatever it takes" is the motto.

Anonymous said...

Nice poem. I want someone to read that poem and understand for the others.But still that person is in dark side.
Thanks for sharing...

Anonymous said...

Are your morals LOW or HIGH ?

http://bit.ly/nlseck