Pages

January 24, 2013

[Game] Tasty, Sweet, Divine or Delicious!!

ခုနောက်ပိုင်း ကစားဖြစ်နေတဲ့ ဂိမ်း။ အဲဒီ ဂိမ်းကို ဆော့နေတာ ၂-၃ လလောက် တော့ရှိပြီ။ လက်ရှိ ရောက်နေတဲ့ Level က 102။ 

ဒီဂိမ်းကို ဖုန်းမှာ ဆော့လို့ ရသလို Facebook မှာလည်း ဆော့လို့ ရတယ်။ ကျွန်မကတော့ ဖုန်းနဲ့ ဆော့ဖြစ်တာ များတယ်။ စဆော့တုန်းကတော့ Facebook က စတာပါပဲ။ သူငယ်ချင်းတစ်ယောက် Facebook Wall မှာတွေ့ လို့  စမ်းကြည့်ရတာကနေ သဘောကျတာနဲ့  ဆက်ကစားဖြစ်သွားတယ်။ 

ဂိမ်းထဲမှာ အမှတ်များများရတဲ့ အခါ ကြားရတဲ့ " Tasty, Sweet, Divine or Delicious" ဆိုတာလေးတွေကို သဘောကျတယ်။

စပြီး ကစားတုန်းက သူငယ်ချင်းထဲမှာ ကစားတဲ့သူ ၃ ယောက်မပြည့်လို့  ကိုယ်နိုင်ရာ သူငယ်ချင်းတစ်ယောက်ကို အတင်းကစားခိုင်းပြီး လိုတဲ့အခါ Tickets ပို့ ခိုင်းရတယ်။ တချို့  Level တွေ ရောက်သွားရင် ဆက်စကားဖို့   ဂိမ်းထဲက စကားနဲ့ ပြောရရင်တော့ ခရီးဆက်ထွက်ဖို့ အတွက် ရထားပေါ်တတ်ဖို့  ကားပေါ်တတ်ဖို့  Ticket 3 ခု လိုတယ်လေ။ သူငယ်ချင်း ၃ ယောက်ဆီက အကူအညီ လိုတယ်ပေါ့။ ၃ ခုနဲ့  ရပ်လို့ သာ ဒီဂိမ်းကို ဆက် ကစားဖြစ်နေတာပါ၊ တချို့ ဂိမ်းတွေလို့ လူ ၁၀ယောက်၊ ၁၅ ယောက်စီကနေ အကူအညီခေါ်မှ ရမယ်ဆို  ဆက်ဆော့ဖြစ်မယ် မထင်ဘူး။ ခုနောက်ပိုင်းတော့ သူငယ်ချင်း တချို့  ဒီဂိမ်းကို ကစားလာတာ တွေ့ မိတယ်။ နာမည်ကြီးလာတယ် ထင်တယ်။


ကစားရတာ အရမ်း အချိန် မကုန်ဘူး။ အစွဲအလမ်းမထားပဲ အမြဲတမ်း မကစား ဖြစ်လို့ လားတော့ မသိဘူး။ ခေါင်းရှုပ်ရင်၊ စဉ်းစားရတာများလို့  စိတ်ရှုပ်လာရင် အားရုံပြောင်းတဲ့ အနေမျိုးနဲ့  အဲ့ဒီ ဂိမ်းကို ၄-၅ မိနစ်လောက် ၀င်ဆော့ဖြစ်တာ များတယ်။ တစ်နေ့  အများဆုံး ဆော့ဖြစ်မှ ၃-၄ ကြိမ် ထက် မပိုဘူးဆိုတော့ အရင်ဂိမ်းဆော့တာတွေနဲ့  ယှဉ်မယ်ဆို ဒီဂိမ်းကို ကစားတဲ့အချိန် အတော်နည်းတယ် ပြောရမယ်။

ကစားပြီးသမျှ Level တွေထဲမှာ အကြာဆုံး ကစားလိုက်ရတာ Level 92 ပဲ။ ၄-၅ ရက်လောက် ဆော့တာ မနိုင် နိုင်တာနဲ့  ၁ ပတ်ကျော်လောက် လုံးဝ မဆော့ပဲ ပစ်ထားပြီး ပြန်ဆော့မှ အဲဒီ Level ကျော်နိုင်ခဲ့တော့တယ်။ အရင် စပြီး ကစားစတုန်းကတော့ Level တစ်ခုကို 3 Stars ရအောင် ကစားမယ် ဘာညာ လုပ်သေးတယ်၊ ခုနောက်ပိုင်း Level တစ်ခု ပြီးရင် ပြီးတာပဲ ဆိုတဲ့ စိတ်နဲ့ ပဲ ကစားဖြစ်ပါတော့တယ်။

Play on Facebook
Dwonload at iTune - for iPhone, iPad and iPod Touch
Download at Google Play - for Android

January 16, 2013

16 January 2013

မနေ့ ညနေပိုင်း ထုံးစံအတိုင်း မိုးကမှိုင်းမှိုင်း၊ ရာသီဥတု မသာယာ၊ နေလို့ မကောင်း၊ အိမ်ပြန်ရောက်၊ ညစာစားပြီးတန်းအိပ်၊ အစာမကြေဖြစ်၊ အိပ်ရေးမ၀၊ အိပ်ယာထ နောက်ကျ၊ မနက်စာ မစားဖြစ်၊ ရေတောင်မသောက်၊ တမနက်လုံး အလုပ်ရှုပ်၊ ခုမှ နေ့ လည်စာ သွားစားဖြစ်တယ်။



Spaghetti မှာ Spaghetti Aglio E Olio တစ်ခုပဲစားလို့ ရတယ်။ တခြားဟာ တွေ မကြိုက်။ အထူးသဖြင့် ခရမ်းချဉ်သီးဆော့ နဲ့  ဆို ပိုစား မ၀င်ဘူး။ Coke သောက်တာ ကျန်းမာရေးရှု့ ဒေါင့်ကကြည့်ရင် မကောင်းဘူး၊ လျှော့သောက်မယ် စိတ်ကူးပေမယ့် တစ်နေ့  နှစ်နပ်အပြင်မှာ စားဖြစ်တယ်ဆို တစ်ခါလောက်မှာတော့  သောက်ဖြစ်နေတုန်းပဲ။

နေ့ လည်စာ စားချိန်ကုန်လို့  အလုပ်ပြန်စဖို့  အချိန်ရောက်ပြန်ပြီ။ နောက် ၄-၅ နာရီလောက် အလုပ်လုပ်ရအုံးမယ်။ ဒီနေ့ ညနေ ၇ နာရီမခွဲမှီ အိမ်ပြန်ဖို့ စိတ်ကူးတယ်။ ၆ နာရီ ပြန်လို့ ရရင်တော့ အကောင်းဆုံးပေါ့။

January 14, 2013

Back to Blogging..

ကိုယ့် Blog လေး ပြန်ကြည့်ရင်း ၂၀၁၀-၂၀၁၁-၂၀၁၂ တွေမှာ ကိုယ်ဘာတွေများ လုပ်နေလဲ  ပြန်တွေးကြည့်မိတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ က ကိစ္စတွေကို၊ တွေ့ ကြုံခဲ့ရတာတွေကို မှတ်မိနေသေးပေမယ့် ၂၀၁၀-၂၀၁၁ က အရာတွေကိုတော့ အိပ်တယ်၊ စားတယ်၊ အလုပ်ရှိတဲ့ရက်တွေ အလုပ်သွားတယ် ဆိုတာမျိုးက လွဲရင် ဘာမှ စဉ်းစားမရ၊ ပြန်တွေးမရ သလောက်ဖြစ်နေပြီ။ ဘ၀က ပျင်းစရာ ကောင်းလိုက်တာ။

အရင်က ဟိုးရှေ့ ပိုင်းနှစ်တွေကတော့ နေ့ တိုင်းနီးပါး မဟုတ်တောင် ပုံမှန်လေး ကိုယ်ကြုံတွေ့  နေရတာလေးတွေကို ရေးဖြစ်ခဲ့တယ်။ အဲ့လိုတွေ ရေးဖြစ်ခဲ့လို့ .. ခုလို  ပြန်ကြည့်မိတဲ့ အခါ၊ အဲဒီအချိန်တွေက ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်၊ ကိုယ်ဘာတွေ လုပ်ဖြစ်တယ်ခဲ့တယ်၊ ဘာတွေကို အာရုံရ၊ စိတ်ဝင်စားနေတယ် ဆိုတာလေးတွေ ပြန်ပြီး သိရတယ်။ တချို့  အကြောင်းအရာတွေက အဲ့ဒီအချိန်တွေကသာ အဲ့ဒီလို မရေးဖြစ်ခဲ့ဘူးဆို ခုချိန်မှာ ဘယ်လိုမှ မှတ်မိနိုင်စရာမရှိတာ သေချာတယ်။ စိတ်ညစ်နေတဲ့အချိန်တွေလည်း ရှိနေခဲ့သလို၊  ပျော်နေတဲ့ အချိန်တွေ ရှိခဲ့တယ်။ ဘာပဲပြောပြော နည်းနည်း စိတ်ဝင်စားစရာတော့ ကောင်းသေးတယ်။

ခုနောက်ပိုင်း ဘာလို့  Blog မရေးဖြစ်သလဲ စဉ်းစား ကြည့်မိတယ်။ အလုပ်များလို့ လား၊  အခုမှ အလုပ်များတာ မဟုတ်ပါဘူး။ အရင်ကလည်း သူ့ အတိုင်းအတာနဲ့ သူတော့ အလုပ်များခဲ့တာပဲ။ ကိုယ်ဘာတွေရေးလဲ။ ထူးထူးခြားခြား မဟုတ်၊ ကိုယ်ကြုံတွေ့ ရတာလေးတွေ၊ စိတ်ထဲ တွေးမိတာလေးတွေပဲ  ချရေးတာဆိုတော့ တကယ်ရေးမယ်ဆို ဘာမှ မကြာလှဖူး။ ချရေးချင်တဲ့ စိတ်လေးရှိဖို့ ပဲလိုတယ်။

အချိန်တွေက ဒီလိုပဲ အိပ်လိုက်၊  စားလိုက်၊ အလုပ်လုပ်လိုက်နဲ့  ကုန်သွားမှာပဲ။ အိပ်တာ၊ စားတာ၊ အလုပ်သွားတာ အပြင် ကိုယ်တခြား ကိစ္စတွေလည်း လုပ်ဖြစ်ခဲ့ပါသေးတယ် ဆိုတာမျိုးလေး အမှတ်တရရှိစေဖို့  ၊ ခေါင်းရှုပ်နေတယ်၊ ပျင်းနေတယ်၊ ဖျင်းနေတယ်၊ တော်နေတယ် ပျော်နေတယ် ဆိုတာမျိုး  ကိုယ့်ကိုကိုယ် ပြန်မြင်နိုင်အောင်လို့ Blog လေး ပြန်ရေးတော့မယ် စိတ်ကူးတယ်။

I have decided to back to blogging. :-)