Pages

January 24, 2013

[Game] Tasty, Sweet, Divine or Delicious!!

ခုနောက်ပိုင်း ကစားဖြစ်နေတဲ့ ဂိမ်း။ အဲဒီ ဂိမ်းကို ဆော့နေတာ ၂-၃ လလောက် တော့ရှိပြီ။ လက်ရှိ ရောက်နေတဲ့ Level က 102။ 

ဒီဂိမ်းကို ဖုန်းမှာ ဆော့လို့ ရသလို Facebook မှာလည်း ဆော့လို့ ရတယ်။ ကျွန်မကတော့ ဖုန်းနဲ့ ဆော့ဖြစ်တာ များတယ်။ စဆော့တုန်းကတော့ Facebook က စတာပါပဲ။ သူငယ်ချင်းတစ်ယောက် Facebook Wall မှာတွေ့ လို့  စမ်းကြည့်ရတာကနေ သဘောကျတာနဲ့  ဆက်ကစားဖြစ်သွားတယ်။ 

ဂိမ်းထဲမှာ အမှတ်များများရတဲ့ အခါ ကြားရတဲ့ " Tasty, Sweet, Divine or Delicious" ဆိုတာလေးတွေကို သဘောကျတယ်။

စပြီး ကစားတုန်းက သူငယ်ချင်းထဲမှာ ကစားတဲ့သူ ၃ ယောက်မပြည့်လို့  ကိုယ်နိုင်ရာ သူငယ်ချင်းတစ်ယောက်ကို အတင်းကစားခိုင်းပြီး လိုတဲ့အခါ Tickets ပို့ ခိုင်းရတယ်။ တချို့  Level တွေ ရောက်သွားရင် ဆက်စကားဖို့   ဂိမ်းထဲက စကားနဲ့ ပြောရရင်တော့ ခရီးဆက်ထွက်ဖို့ အတွက် ရထားပေါ်တတ်ဖို့  ကားပေါ်တတ်ဖို့  Ticket 3 ခု လိုတယ်လေ။ သူငယ်ချင်း ၃ ယောက်ဆီက အကူအညီ လိုတယ်ပေါ့။ ၃ ခုနဲ့  ရပ်လို့ သာ ဒီဂိမ်းကို ဆက် ကစားဖြစ်နေတာပါ၊ တချို့ ဂိမ်းတွေလို့ လူ ၁၀ယောက်၊ ၁၅ ယောက်စီကနေ အကူအညီခေါ်မှ ရမယ်ဆို  ဆက်ဆော့ဖြစ်မယ် မထင်ဘူး။ ခုနောက်ပိုင်းတော့ သူငယ်ချင်း တချို့  ဒီဂိမ်းကို ကစားလာတာ တွေ့ မိတယ်။ နာမည်ကြီးလာတယ် ထင်တယ်။


ကစားရတာ အရမ်း အချိန် မကုန်ဘူး။ အစွဲအလမ်းမထားပဲ အမြဲတမ်း မကစား ဖြစ်လို့ လားတော့ မသိဘူး။ ခေါင်းရှုပ်ရင်၊ စဉ်းစားရတာများလို့  စိတ်ရှုပ်လာရင် အားရုံပြောင်းတဲ့ အနေမျိုးနဲ့  အဲ့ဒီ ဂိမ်းကို ၄-၅ မိနစ်လောက် ၀င်ဆော့ဖြစ်တာ များတယ်။ တစ်နေ့  အများဆုံး ဆော့ဖြစ်မှ ၃-၄ ကြိမ် ထက် မပိုဘူးဆိုတော့ အရင်ဂိမ်းဆော့တာတွေနဲ့  ယှဉ်မယ်ဆို ဒီဂိမ်းကို ကစားတဲ့အချိန် အတော်နည်းတယ် ပြောရမယ်။

ကစားပြီးသမျှ Level တွေထဲမှာ အကြာဆုံး ကစားလိုက်ရတာ Level 92 ပဲ။ ၄-၅ ရက်လောက် ဆော့တာ မနိုင် နိုင်တာနဲ့  ၁ ပတ်ကျော်လောက် လုံးဝ မဆော့ပဲ ပစ်ထားပြီး ပြန်ဆော့မှ အဲဒီ Level ကျော်နိုင်ခဲ့တော့တယ်။ အရင် စပြီး ကစားစတုန်းကတော့ Level တစ်ခုကို 3 Stars ရအောင် ကစားမယ် ဘာညာ လုပ်သေးတယ်၊ ခုနောက်ပိုင်း Level တစ်ခု ပြီးရင် ပြီးတာပဲ ဆိုတဲ့ စိတ်နဲ့ ပဲ ကစားဖြစ်ပါတော့တယ်။

Play on Facebook
Dwonload at iTune - for iPhone, iPad and iPod Touch
Download at Google Play - for Android

2 comments:

Thinzar said...

သူလုပ်ထားတဲ့ interface က တော်တော့်ကို မိုက်တယ်။ level ၉၀ကျော်အောင် ဘယ်လိုများ ကစားလိုက်တာလဲမသိဘူး :) 30 နားမှာတင် တော်တော်တစ်နေတယ်။

Nay Nay Naing said...

အရောင်နဲ့  Interface လှတယ်..
ဟုတ်တယ်.. တစ်ခါတလေ ဆော့မရ ရပ်နေတတ်တယ်..
အခု ၁၂၀ ကျော်မှာ ဆက်မရပဲ ရပ်နေတာ ၃-၄ ရက်ရှိပြီ..