Pages

November 15, 2013

Fruits Party

လက်ရှိအလုပ်မှာ တစ်နှစ်မှာ တစ်ပတ်ကို Healthy Lifestyle Week လို့ သတ်မှတ်ပေးပြီး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အစီအစဉ်တွေ ပြုလုပ်ပေးလေ့ ရှိတယ်။ အဲ့ဒီ ရက်သတ္တပတ်မှာ တနင်္လာနေ့ ကနေပြီး ကြာသပတေးအထိက တစ်နေ့ ကို အသီးတစ်မျိုးဝေပေးလေ့ရှိတယ်။ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်တဲ့ သောကြာနေ့ မှာတော့ Fruits Party ဆိုပြီး သစ်သီးစုံကို ခင်းကျင်း ကျွေးမွေးလေ့ရှိပါတယ်။

ဒီနှစ် Fruits Party မှာ ကျွေးမွေးဖို့ ခင်းကျင်းထားတဲ့ သစ်သီးဗန်းတွေကို ဓာတ်ပုံရိုက်ဖြစ်တာ။ ကျွေးတဲ့နေရာက ကိုယ်တွေရဲ့အလုပ်ခန်းနဲ့ ဆို နည်းနည်းလေးဆိုတော့ တခြားသူတွေ မရောက်ခင် စောရောက်သွားတာနဲ့  ဗန်းတွေကို ကူပြီးဖွင့်ပေးရင် ဓာတ်ပုံတွေ ရိုက်ဖြစ်တာ။ ကျွေးတဲ့ သစ်သီးတွေက အစုံပါပဲ။
From Everything


စတော်ဘယ်ရီ (Strawberry)၊ မင်းဂွတ်သီး (Mangosteen)၊ နှင်းသီး (Rose Apple)၊ စပျစ်သီး (Grapes)
သရက်သီး (Mango)၊ နာနတ်သီး (Pineapple) ၊ တည်သီး (Persimmon)၊ လုံငန်းသီး (Longan)
နဂါးမောက်သီး (Dragon Fruit)၊ ငှက်ပျောသီး (Banana)၊ ဗလူးဘယ်ရီ (Blueberry)၊ ဆီးသီး (Plum)

Longan Fuirt ကို မြန်မာလို ဘယ်လိုခေါ်မှန်းမသိဘူး။ မြန်မာပြည်မှာတော့ အဲဒီသစ်သီးကို မစားဖူးဘူး။ အသီးကရှိမှာပါ၊ ကိုယ်က မသိတာ ဖြစ်မှာဆိုပြီး လိုက်ရှာကြည့်တော့ Longan = လုံငန်းသီး (နဂါးမျက်စေ့သီး) လို့ တွေ့ မိတယ်။

နောက်တစ်မျိုး မသိတာက Blueberry။ ဗလူးဘယ်ရီ ကလည်း မြန်မာနာမည် သီးသန့် မရှိဘူး ထင်တယ်။ စတော်ဘယ်ရီလိုပဲ သူ့ အသံအတိုင်း မြန်မာမှု့ပြုခေါ်လိုက်ကြတယ်ထင်ပါတယ်။

From Everything

From Everything

From Everything


P.S : ဒီနေ့  အလုပ်မသွားဘူး။ နေလို့ သိပ်မကောင်းတာနဲ့  ခွင့်ယူပြီး အိမ်မှာနေတယ်။

1 comment:

TKLinn said...

ရုံးမှာလည်း အဲလိုလုပ်ပေးရင် ကောင်းမယ်လို့ စဉ်းစားသွားပြီး အထက်သို့ တင်ပြ အဲလေ အကြံပေးကြည့်ရန် စိတ်ကူးရသွားသဖြင့် အလွန်၂ရာ ကျေးဇူးတင်ရှိပါကြောင်း :D