Chinese New Year Long Holiday ရဲ့ ပထမဆုံးနေ့  (စနေနေ့ )က အိမ်မှာ အသုတ်စုံလုပ်စားကြတယ်။ မိုးလေး တစိမ့်စိမ့်မှာ အသုတ်စုံစပ်စပ်ကို ဟင်းခါးပူပူလေးနဲ့  တွဲဖက်စားရတာ အတော်လေး လိုက်ဖက်တယ်။
ပုံတွေက ဟိုတခါ သုတ်စားတုန်းက ပုံတွေပါ။ စနေနေ့ တုန်းကတော့ အစားအသောက်ကို စားဖို့ ပဲ စိတ်ဝင်စားနေတာနဲ့  ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ဘူး။ ဓာတ်ပုံရိုက်ဖြစ်တုန်းက အသုတ်မှာ တို့ ဖူး ပါတယ်။ မနေ့ က အသုန်မှာတော့ ကျောက်ပွင့်ပါတယ်။ ဒီနှစ်ခုကွာတာကလွဲရင် ကျန်တာ အကုန် အတူတူပဲ။ အသုတ်ဆို ကြက်သွန်စိမ်းနဲ့  နံနံပင် မပါဘူးဆို ဘယ်လို သုတ်သုတ် ကြိုက်တာများတယ်။ ချဉ်ချဉ်စပ်စပ်လေး ဆိုရင်တော့ အကောင်းဆုံးပါပဲ။
အသုတ်စားရင် ဟင်းခါးပါမှ။ အသုတ်က ခပ်အေးအေး အစားအသောက်ဆိုတော့ ဟင်းခါးပူပူလေးပါမှသာ စားလို့ ကောင်းတယ်။ ဟင်းခါးမှာလည်း ခုလို ပုဇွန်ခြောက်၊ ကြွက်နားရွက်မှိ၊ ပဲပင်ပေါက် နဲ့  ဗူးသီးကို ငရုတ်ကောင်း မွှေးမွှေးလေး ခပ်ထားတဲ့ ဟင်းခါးမျိုးဆို အကြိုက်ဆုံးပဲ။
တစ်ပန်ကန်းခြင်း သုတ်စားရတာ အားမရလို့ ခုလို ၃-၄ ပန်ကန်စာ တခါးတည်း သုတ်စားကြတယ်။
1 comment:
people call it "a sone thoke" i think
Post a Comment