Pages

November 03, 2011

Fruits (mandarine)

မနေ့  နေ့ လည်က ၀ယ်ဖြစ်တာ ၁၀လုံးပါတဲ့ တစ်ထုတ်ကို S$ 1.50 ပေးရတယ်။
From Everything

ပုံမှန်ဆို ဒါမျိုးတွေ စားရတာ စိတ်မရှည်ဘူး။ အမေ့ကို သတိရတာနဲ့  ၀ယ်ဖြစ်သွားတယ်။ ပြီးခဲ့တဲ့ အခေါက် မြန်မာပြည်ပြန်ဖြစ်တုန်းက အမေက အရသာရှိတယ် သမီးကြိုက်တတ်တဲ့ ချိုချိုချဉ်ချဉ်လေး၊ စားကြည့်ပါ ပြောလို့  ခုလို အလုံးသေးသေးလေးတွေ တော်တော်များများစားဖြစ် ခဲ့တယ်။ ခုလည်း အမေသာ ကျွန်မ ဘေးမှာရှိရင် စားကြည့်ဖို့ ဆို တိုက်တွန်း၊ ၀ယ်မှာပဲ စဉ်းစားမိပြီး ၀ယ်ဖြစ်သွားခဲ့တယ်။
From Everything

အစေ့ မပါဘူး။ အရည်ရွှမ်းပြီး အခွံနဲ့ အသားကပ်နေလို့  ခွာရတာ နည်းနည်းခက်တာကလွဲရင် ကျန်တာ အကုန်အဆင်ပြေတယ်။ စားလို့ ကောင်းတယ်။ တော်တော်လေး ချိုတယ်၊ နည်းနည်းချဉ်တဲ့ အရသာလေးလည်းပါတော့ စားရတာ အရသာရှိတယ်။ ဒါပေမယ့် အိမ်မှာစားခဲ့ရတုန်းကလောက်တော့ စားမကောင်းဘူးလို့  ခံစားရတယ်။

မနေ့ က အကုန် မစားဖြစ်ဘူး။ စားပွဲပေါ်မှာ ၂ လုံး ကျန်သေးတယ်။ ခဏနေ ပျင်းငြောင်းအိပ်ချင် ဖြစ်လာမှ စားလိုက်မယ် စိတ်ကူးတယ်။

ဒီမှာတော့ ကိုယ့်ဘာသာ အခွံခွါစားရပါတယ်။ အိမ်မှာလိုမျိုး အသီးလေးတွေကို အခွံပြီး၊ စားဖို့ အစဉ်သင့် အမွှာလေးတွေကို ပါးစပ်ထဲထိ လာခွန့် ပေးမယ့် အမေက ဘေးနားမှာ ရှိမနေဘူးလေ။
From Everything


Other Related Post :
Citrus Fruits
Lady Fingers

4 comments:

khin oo may said...

အလွမ်းသယ်နြေ့ပန်ပီ. အဲဒီ ၂ လုံး တို့ကိုပေး.

Nay Nay Naing said...

ကုန်ပြီ။ မရှိတော့ဘူး။

Scott Do said...

...plastic... :P

Nay Nay Naing said...

No... Those are not real fruits.. :P