Pages

June 20, 2010

ရည်းစားဦးဇာတ်လမ်း


သူဘယ်မှာလဲ သတိရနေတယ်….
တစ်ခါတစ်လေတော့လည်း လွမ်းမိပါတယ်..

ပြီးဆုံးခဲ့ အဖြစ်ပျက်တို့ အသစ်ဖြစ်ဖို့ မလွယ်ကူတာ မှန်ပေမယ့်
သူဘယ်မှာလဲ သတိရနေတယ် တစ်ခါတစ်လေတော့လည်း လွမ်းမိပါတယ်...
ဟောင်းတဲ့အချစ် အသစ်ဖြစ်ဖို့ မတောင့်တလည်း စဉ်းစားတိုင်း နှမျောတမ်းတ လွမ်းဆွတ်လို့ ....
အိုး… သတိရနေတယ်...

အချစ်ရဲ့အစ ဘ၀ကလူရည်မလည် အရွယ်ငယ်ငယ် ရိုးသားတဲ့ အသက်အရွယ်
ဟူး…. စကားပြောတတ်စ အသည်းနုနု အတွေးနုနု အချစ်ကလေးနုနယ်
ဟိုတုန်းကတော့ အသည်းက အဖြူရောင်ပါ ဝေဒနာရယ်.. ဆေးစက်တို့ စွန်းထင်
အိုး..…. စုတ်ချက်ကြမ်းကြမ်းရေးဆွဲခဲ့ ကိုယ့်ရဲ့ ဘ၀ ပန်းချီကား တစ်ချပ်ကွယ်

ခုတော့ဖြင့် တို့  နှစ်ယောက် တစ်နေရာစီ ကိုယ်စီကိုယ်စီ အချစ်သစ်တွေ့  ကြသည့်တိုင်
အိုး…. မမေ့နိုင်သေးတဲ့ အတိတ်ဘ၀က ..
ရည်းစားဦး ဇာတ်လမ်းလေးပါ..

သူဘယ်မှာလဲ သတိရနေတယ်…. တစ်ခါတစ်လေတော့လည်း လွမ်းမိပါတယ်...
ပြီးဆုံးခဲ့ အဖြစ်ပျက်တို့ အသစ်ဖြစ်ဖို့ မလွယ်ကူတာ မှန်ပေမယ့်
သူဘယ်မှာလဲ သတိရနေတယ် တစ်ခါတစ်လေတော့လည်း လွမ်းမိပါတယ်...
ဟောင်းတဲ့အချစ် အသစ်ဖြစ်ဖို့ မတောင့်တလည်း စဉ်းစားတိုင်း နှမျောတမ်းတ လွမ်းဆွတ်လို့ 
အိုး… သတိရနေတယ်

ရင့်ကျက်မှုရလို့  တည်ငြိမ်လာ ဒီအရွယ်မှာ... အချစ်နဲ့  ပက်သက်ရင်
ရဲရင့်မှု မရှိတော့ဘူး ဆုံးဖြတ်ချက်ချဖို့ အရေး.. ကိုယ်အမြဲပဲတွေဝေ
ရင်ခုန်နှုန်းများလည်း နှေးကွေးလာသလိုကွယ် ဆင်ခြင်မှု အချစ်.... ထိန်းသိမ်းလို့ ချစ်တာ
ဟိုးတုန်းကလောက် မကောင်းဘူး တက်ကြွတဲ့ လွတ်လပ်အချစ် ပြန်အောင့်မေ့တယ်…

ဇော်ဝင်းထွဋ် သီချင်းပါ။ သတိရစရာ ရှိရင် သတိရ၊ လွမ်းစရာ ရှိရင် .. အတူ လွမ်းကြဖို့ ။ လွမ်းစရာ မရှိဘူး ဆိုတောင်မှ လွမ်းချင်တယ်ဆို .. လွမ်းခွင့်ရှိတယ်ဆို... လွမ်းတတ်တယ်ဆို... လွမ်းဖို့ လည်း အချိန်ရတယ်ဆို.. အတူ လွမ်းလို့ ရပါတယ်။

3 comments:

khin oo may said...

သိချင်တာကတော့အရင်နေရာဦးထားတဲ့ပစ္စည်းတွေဘယ်မှာလဲဆိုတာပါဘဲ။

မောင် လေး said...

သီချင်းလေးနှင့် အတူ လွမ်းသွားပါတယ်

Nay Nay Naing said...

မကြာမှီ လာမည်မျှော်...