Pages

June 21, 2010

Level 1000

ရန်သူ တစ်ထောင်ရှိလည်း ဂရုမစိုက်ဘူး.. လယ်ဗယ် တစ်ထောင် ရှိတယ်။

တိုက်မယ်၊ လုမယ် ၊ လူသတ်သင့်ရင်လည်း သတ်ရမယ်၊ ငွေကိုရတဲ့နည်းနဲ့ ရှာပြီး စီးပွါးရေးတွေ လုပ်မယ်.. ဒီလိုနဲ့  လုပ်.. အတွေ့ အကြုံတွေ အများကြီးရတဲ့အခါ အဆင့်တွေမြင့်မြင့်လာပြီး နောက်ဆုံး လယ်ဗယ် တစ်ထောင် ရသွားပါလိမ့်မယ်။ မိုက်တယ်နော်။ အပြင်မှာ မဟုတ်ပါဘူး၊ ဂိမ်းထဲမှာ။ ဖေ့ဘုတ် မာဖီယား။
မှတ်ထားတာ။ ဒီဂိမ်း အသေအချာဆော့ဖြစ်တာ၂၀၀၉ ရန်ကုန်ကပြန်မှ ဆိုတော့ ခုဆို ၁ နှစ်လောက်တော့ ရှိပြီ။ ဂိမ်းအသေးလေးတွေ အတော်များများ စိတ်ပါရင် စိတ်ပါသလို ဆော့ဖြစ်တယ်။ ဆော့ရင် ပုံမှန်လေးပဲ ဆော့တယ်။ ဂိမ်းကို စိတ်ပင်ပန်းတာ လျှော့အောင် ဆော့တာဖြစ်လို့  ဂိမ်းကြောင့် စိတ်ပင်ပန်းမှု့  ထပ်တိုးတာမျိုး လုံးဝ မရှိစေဘူး။ အားရင် စိတ်ပါရင် ၀င်ဆော့တယ်၊ မအားရင် မဆော့ဘူး။ အဲဒီဂိမ်းတွေက သိပ်မရှုပ်၊ ကလစ်လုပ်ရုံများတော့ အလုပ်ကပြန်ရောက်ရင် နားတဲ့အနေနဲ့  တစ်ခုခုလုပ်ရင်း (ရုပ်ရှင်ကြည့်၊ သီချင်းနားထောင၊ ဟိုရှာဒီရှာလုပ်ရင်း ) ဆော့တာများတယ်။
လူတွေအများကြီး မလိုဘူး၊ နောက်လိုက်နည်းနည်းနဲ့ .. ဘယ်နည်းနဲ့ ဆော့မယ်ဆိုတဲ့ ပုံစံတစ်ခုရဖို့  အချိန်နည်းနည်းပေး ရတယ်။ အဲဒီအချိန်တွေတုန်းက မနက်ပိုင်းတစ်ခါ၊ ညနေပိုင်း ထမင်းစားရင်း တစ်ခါစီဝင်ဆော့ဖြစ်ခဲ့တယ်။ ပုံစံကျသွားပြီးနောက် သိပ်မလိုဘူး၊ လယ်ဗယ်တတ် လွယ်သွားတယ်။ ခုနောက်ပိုင်းဆို တစ်ပတ် ၃-၄ ခါပဲ ဆော့ဖြစ်တယ်။

ဒါနဲ့ .. ဂိမ်းထဲမှာသာ အဲဒီလိုတွေ မိုက်တာပါ၊ အပြင်မှာ မတူပါဘူး။ မယုံဘူးဆို မေးကြည့်နိုင်တယ်။ သိတယ်ဆိုရင်ပေါ့လေ။

5 comments:

အရုဏ်ဦး said...

Level 1000 တောင် ဖြစ်သွားပါပေါ့လား။ :O အဲ့ဒီဂိမ်းကို ဆော့ကြည့်သေးတယ်.. လုံးဝကို စိတ်မပါတာနဲ့ မဆော့ပဲ သူများတွေ gift တွေ ပို့လာရင် ပြန်ပြန်ပို့ပေးတာပဲ လုပ်တော့တယ်။

Castle Age ကတော့ ဆော့ဖြစ်တယ်။ (ဒါတောင် အခုနောက်ပိုင်း သိပ်မဆော့ဖြစ်ဘူး) သူက ကစားရတာ ပို စိတ်ဝင်စားဖို့ကောင်းတယ်။ :D

Anonymous said...

ပညာသားပါပါ ခြိမ်းခြောက်နည်းတမျိုးပဲ။လမ်းတွေ့ရင် ရှောင်သွားပါ့မယ်ဗျာ။ :P
ပျော်ရွှင်ပါစေ။

khin oo may said...

ှရှင်းပြမှ သိမှာပေါ့။

Nay Nay Naing said...

Castle Age လည်းဆော့ ပါတယ်။ အကူအညီခေါ်ရတာများတဲ့အတွက် မဆော့တော့ပါ။ ဒီနေရာလာတဲ့သူတွေဟာ.. ခြောက်တိုင်းလည်းမကြောက် မြှောက်တိုင်းလည်းမမြောက်တတ်သူများလို့ ယုံကြည်မိပါတယ် :D သိချင်ရင် အီးမေးပို့ မေးနိုင်ပါတယ် .. ပြန်ရှင်းပြမယ်လို့ ထင်ပါတယ်။

Anonymous said...

အားပါး လယ်ဗယ် တစ်ထောင်တောင်ပါ့လား။ Mafia members ဘယ်နှစ်ယောက်လောက်ရှိလဲ။း)