Pages

June 11, 2010

ဒီအချိန်ဆို....


ကမ္ဘာဖလား ဘောလုံးပွဲတွေကို အုပ်စုပတ်လည်ကနေ နောက်ဆုံး ဖိုင်နယ်ပွဲ အထိ ဘာလာလာ ကြည့်လို့ ရသမျှ အကုန်ကြည့်ခဲ့တာ ပြန်မရနိုင်တော့တဲ့ ဟိုး... အချိန်တွေကပေါ့။ မကြည့်နိုင်တာ အတော်ကြာခဲ့ပြီ။ ဒါပေမယ့် ၂၀၁၀ ကမ္ဘာဖလားအတွက် သီချင်းနှစ်ပုဒ် နားထောင်အပြီးမှာ ဘောလုံးပွဲတွေ ပြန်ကြည့်ချင် စိတ်ပေါ်လာတယ်။ ဆုံးဖြတ်လိုက်ပြီး ဒီနေ့  (June 11, 2010) မှာ စကန်မယ့်ပွဲ နဲ့  ဗိုလ်လုပွဲတော့ ကြည့်ဖြစ်အောင် ကြည့်မယ်။
FIFA - World Cup 2010

Official Theme Song
Shakira's Waka Waka (This Time for Africa)


Its not Official Theme Song but I like it..
K'naan – Wavin' Flag


ဒီသီချင်းတွေ ကို အကျယ်ကြီး ဖွင့်နားထောင်ရတာ အတော်လေး သဘောကျ နေတယ်။ တော်ပါသေးတယ်၊ ဘယ်လောက် ကျယ်ကျယ် ဖွင့်ဖွင့်အခန်းအပြင်ကနေဆို တိုးတိုးလေးပဲကြားရတယ်။ မဟုတ်ရင် အိမ်ရှင် နှင်ချနိုင်တယ်။ တိုက်အောက်ကတော့ ကြားရမယ် ထင်တယ်။
ဟိုးအရင်ကတော့ ဘယ်အသင်းကို အားပေးတယ်၊ ဘယ်အသင်းနိုင်စေချင်တယ် ဆိုတာ ရှိခဲ့တာပေါ့။ အခုလား။ မမေးနဲ့ ။ အားကစား စိတ်ဓာတ်အပြည့်နဲ့  နိုင်တဲ့အသင်း အားပေးမယ် :))။ ဘောလုံးပွဲကြည့်တယ် ဆိုတာ တစ်ဖက် ဖက်ကိုအားပေးမှ ပိုကြည့်ကောင်းတယ်။ ဒါပေမယ့် ကိုယ်အားပေးတဲ့ အသင်း ရှုံးတယ်ဆို စိတ်ထဲတနုံနုံနဲ့  လုပ်ရကိုင်ရတာတွေ အဆင်မပြေ ဖြစ်လွန်းလို့  စိတ်လျှော့ထားတယ်။ နောက်ပြီး အသက်ကြီးလာတာနဲ့ အမျှ လောကကြီးမှာ ဖြစ်ချင်တာတွေ ဖြစ်ကြတာပဲ.. နိုင်ချင်တဲ့ အသင်းနိုင်တာပဲ.. အနတ္တပါလားဆိုတာ လက်ခံလာတဲ့သဘောပါ :">


Wavin' Flag သီချင်းကို ကြိုက်တယ်။ သီချင်းစာသားတွေကို သဘောကျတယ်။ ကောင်းပါတယ်၊ ဘာလို့  မရွေးတာလဲဆိုတော့ နိုင်ငံရေးနွယ်နေလို့  သိရတယ်။ Google ကြီးရှိပါတယ် ဒါပေမယ့် သေချာလိုက်ဖတ်ဖို့  အချိန်မရဘူး။
When I get older I will be stronger
They'll call me freedom
Just like a wavin' flag
....
Waka Waka သီချင်း က ဆိုရပိုလွယ်လို့  ရွေးတာ မှန်တယ်ဆိုပြီး ကြိုက်တဲ့သူတွေကလည်း ကြိုက်ကြတယ်။ ခပ်ပိန်ပိန်ရုပ်ဆိုးဆိုး ယောက်ျားကြီး တစ်ယောက် သီချင်းဆိုတာကို ကြည့်ရတာထက်စာရင် ကောင်မလေး လှလှလေးဆိုတာ၊ ကတာ ပိုကြိုက်မှာ သဘာဝကျပါတယ်။ ဗီဒီယိုမှာဆို အာဖရိက လူရိုင်းတွေ နဲ့  ဗားရှင်းကိုပိုကြိုက်တယ်။

Waka Waka မှာ ကင်မရွန်း နိုင်ငံ၏ စစ်ချီတေး သီချင်းကို လို့ ပြောထားတဲ့ သံပြိုင်ဆိုတဲ့စာသား သဘောကျတယ်။ အော်ဆိုလို့ ကောင်းမယ်။ အဓိပ္ပါယ်ဘာလဲ လိုက်ရှာကြည့်တော့ ဒီလိုတွေ့ တာပဲ။
  • Zaminamina means come.
  • Waka waka means Do it - as in perform a task. Waka is pidgin language meaning walk while working.
  • Zaminamina zangalewa means who asked you to come?.
  • Wana means it is mine.
  • * Zambo means wait.



Give me freedom, give me fire, give me reason, take me higher
See the champions, take the field now, you define us, make us feel proud
In the streets are, exaliftin , as we lose our inhabition,
Celebration its around us, every nation, all around us

Singin forever young, singin songs underneath that sun
Lets rejoice in the beautiful game.
And together at the end of the day.

WE ALL SAY

When I get older I will be stronger
They'll call me freedom Just like a wavin' flag
And then it goes back
And then it goes back
And then it goes back
.......




You're a good soldier
Choosing your battles
Pick yourself up
And dust yourself off
And back in the saddle

You're on the frontline
Everyone's watching
You know it's serious
We're getting closer
This isnt over

The pressure is on .. You feel it
But you've got it all .. Believe it

When you fall get up.. Oh oh...
And if you fall get up.. Oh oh...

Tsamina mina zangalewa
Anawa aa
This time for Africa
....

7 comments:

ak said...

Hey, get back to work nowwwwwwwwwwwww :P just kidding i cant wait , 2 nervous :)

Rita said...

သိပ်တော့ မကြည့်ဖြစ်ပါဘူး။
အားပေးပြီးကြည့်မိတဲ့ အသင်းတွေ နိုင်တာ တခါမှ မရှိသေးဘူး။ အမြဲတမ်း အသည်းကွဲရတယ်။

ဝင်းဖေ ရေးတဲ့ အိုင်အိုဝါသားတွေ မသိပါစေနဲ့ ဆိုတဲ့ ဝတ္ထုထဲက လိုပဲ။ အဲဒီ ဝတ္ထု ဖတ်ဖူးလားတော့ မသိဘူး။ ဘောလုံးပွဲ အကြောင်းရေးထားတာ။

P.Ti said...

ဒီနှစ်တော့ အလကားရတဲ့ပွဲတွေပဲကြည့်မလားလို့။ မအားလို့မကြည့်လိုက်ရင် မတန်ဘူးဖြစ်နေမယ်။ အချိန်နီးလာတော့လည်း ရောဂါထလာပြန်ရော... $၇၀ကျော်တုန်းက မ၀ယ်မိတာ $၉၀ကျော်မှ ၀ယ်ရတော့မလားပဲ...
၁။ အင်္ဂလန် နဲ့ ၂။ စပိန် ကိုအားပေးမယ်... :)

khin oo may said...
This comment has been removed by the author.
Anonymous said...

မမွန်လဲ..ဒုတိယသီချင်းကို ပိုသဘောကျတယ်။
သံစဉ်ကအစ ပိုကောင်းသလိုပဲ။
မမွန်

jurassic said...

i more like shakira than songs :D
she dances like snake :D

ကြည် said...

waka waka ရိုက်ကွင်းမှာ မြန်မာကောင်မလေး၂ယောက်ပါခွင့်ရတာကိုကောသိလား။ သေချာပြန်ကြည့်နော်။