Pages

May 07, 2010

What I Think Today

အလုပ်ပြောင်းရင် ကောင်းမလား စဉ်းစားနေမိတယ်။
အင်း.. စဉ်းစားတဲ့ အဆင့်ရောက်လာပြီ။

စဉ်းစားနေတယ်ပေါ့။ ဘာတွေလုပ်ရမလဲ။ အလုပ်ပြောင်းမယ် ဆုံးဖြတ်တယ်ဆို ပထမဆုံး CV ပြင်ဆင်ရမယ်။ ပြီးတော့ နေ့ စဉ် အလုပ်ရှာတဲ့ဆိုဒ်တွေ ကြည့်ပြီး အီးမေးတွေပို့ ရမယ်။
နောက်ပြီး အလုပ်လျှောက်ရမှာ ရှောင်လွှဲလို့ မရတဲ့အရာတစ်ခုဖြစ်တဲ့ အင်တာဗျူးတွေ သွားရမယ်။ အင်တာဗျူး မသွားခင် ကိုယ့်ဘက်ကနေ နည်းနည်း ကြိုတင် ပြင်ဆင်ရမှာတွေ ရှိမယ်။

အိုင်တီ အလုပ်တွေမှာ ဘာလို့ စာမေးပွဲတွေ ရှိတာလည်း မသိဘူး။ စိတ်ပျက်ဖို့ ကောင်းတယ်။ တချို့ အလုပ်တွေကတော့ မဖြေခိုင်းပါဘူး။ ဒါပေမယ့် ခုလက်ရှိ လုပ်နေတဲ့အလုပ်နဲ့  ရှေ့ ကအလုပ် နှစ်ခုလုံးမှာ စာမေးပွဲလိုမျိုး ဖြေခဲ့ရတယ်။ အမှတ် မမှားဘူးဆို ၂ ခုလုံး မှာ ၁ နာရီစီ ဖြေခဲ့ရတာ ထင်တယ်။ တစ်ခုက Paper နဲ့  တစ်ခုက Computer နဲ့ ။ Computer နဲ့ က ပိုအဆင်ပြေတယ်။ Paper နဲ့ က ချရေးရတာ ရေးကျင့်ကလည်း မရှိ၊ တခါတလေ မေးတာတွေက ဘာတွေမှန်း မသိရင် စိတ်ပင်ပန်းတယ်။ အဲ့ဒီလိုတွေ အတွက် ဟိုကြည့်ဒီကြည့် နည်းနည်း ပြန်လုပ်ဖို့ လိုမယ်။

တစ်ယောက်နဲ့  တစ်ယောက် ပဲဖြစ်ဖြစ်၊ တစ်ယောက်နဲ့  လူအများဖြစ်ဖြစ် မျက်နှာချင်းဆိုင်တွေ့  ပြီး ဗျူးတာမျိုးတွေက ရှင်းတယ်။ လန့် စရာ လည်း မရှိဘူး။ သူတို့ လည်း မေးချင်ရာ မေးမယ်၊ ကိုယ်ဘက်ကလည်း ဖြေချင်တာ ဖြေမယ်။ တချို့ လူတွေက အင်တာဗျူးကို သိပ်ပြီး ဖြေတတ်ကြတယ်။ ကိုယ်ကတော့ ပုံမှန်ပဲ။ သိတာ သိတယ်၊ လုပ်ဖူးတာဆို လုပ်ဖူးတယ်၊ မလုပ်ဖူးတာ မသိတာဆို မသိဘူး၊ မလုပ်ဖူးဘူး။ လုပ်နိုင်မယ်ထင်တာဆို လုပ်နိုင်မယ်၊ ရှင်းရှင်းပဲ။ ကြိုက်ရင် ခန့် ။ ဒီနေရာမှာ တစ်ခုပဲ ရှိတယ်၊ တခြားနိုင်ငံက ဖုန်းနဲ့  ဗျူးအုံးမယ်ဆို နည်းနည်း အလုပ်ရှုပ်မယ်။ သူငယ်ချင်းတစ်ယောက် ကြုံရတာမျိုးဆို အသံတင်မက၊ ရုပ်ပါမြင်ရပြီး ဗျူးတာမျိုး ရှိနိုင်သေးတယ်။ အဲ့ဒါမျိုးတော့ မကြုံဖူးဘူးသေးဘူး။

အင်တာဗျူးတွေ သွားမယ်ဆို၊ စိတ်ဓာတ်ခိုင်မာဖို့ လိုတယ်။ သူတို့ မေးတာတွေ ကိုယ်မသိတိုင်း ကိုယ်ညံ့တာမျိုး မဟုတ်သလို၊ သူတို့ ကိုယ့်ကိုမခန့် တိုင်း ကိုယ်အသုံးမကျတာမျိုး မဟုတ်ဘူးဆိုတာ အရင်ဆုံး နားလည် ထားရတယ်။ ဒါပေမယ့်... မေးလာတာတွေထဲမှာ သိသင့်တာကို မသိလို့  မပြောနိုင် မဖြေနိုင်တာမျိုးဆိုရင်တော့ ကိုယ်မှာ လိုအပ်ချက်တွေ ရှိနေပြီဆိုတာကို ခွဲခြားမြင်နိုင်ရမှာပေါ့လေ။

အလုပ်အသစ်ရှာကြည့်မယ် ဆုံးဖြတ်တာနဲ့  လက်ရှိဖြစ်နေတဲ့ Job Market ရဲ့ အခြေအနေကို အသေအချာ လေ့လာကြည့် ရအုံးမယ်။ အလုပ်ရှာတာ နဲ့ ပတ်သက်တဲ့ ဆိုဒ်တွေ မ၀င်ကြည့်ဖြစ်တာ အတော်ကြာနေပြီ။ အရင်အလုပ်က အတူလုပ်ခဲ့တဲ့သူတချို့ ၊ ရင်းနှီးတဲ့သူငယ်ချင်းတချို့ ကို နည်းနည်း မေးကြည့်အုံးမှ ထင်တယ်။ လခဆိုတာမျိုးက Private And Confidential Info ဆိုတော့ကား ဘယ်လောက်ရနေလဲ လူတိုင်းကို သွားမေးလို့ လည်း မကောင်းဘူး။ တချို့ က မေးလိုက်ရင် ဘယ်လိုမှ မနေ ပြောပြတတ်ပေမယ့်၊ တချို့ က လုံးဝ လူသိခံ ပြောချင်တာမျိုး မဟုတ်ဘူး ဆိုတာနားလည်ထားရတယ်။

အလုပ်အသစ်ပြောင်းဖို့ ရှာတယ်ဆိုတာ လွယ်မလိုနဲ့  ခက်တဲ့ကိစ္စ။ Interview တွေသွားပြီး Offer ရပါအုံး၊ အဲဒီ Offer ကို လက်ခံသင့် မခံသင့် ဆိုတာ အသေအချာ စဉ်းစားဖို့ လိုသေးတယ်။ ဟိုဘက်ကလည်း Offer ပေးပြီဆိုတာနဲ့  ယူမှာလား မြန်မြန်ပြောပါ၊ Sign လာထိုးပါတော့ ဆိုတာမျိုး ဖြစ်တာပဲ။ အလုပ်တွေဘက်က သူတို့ တွေသာ အကြောင်းပြန်ဖို့  ၂ ပတ်၊ တခါတလေ ၁ လ လောက် အချိန်ယူတာ၊ ကိုယ်တွေဘက်ကိုတော့ ၁ ရက် ၂ရက်ထက် ပိုစဉ်းစားတာမျိုး လက်ခံနိုင်တာ မဟုတ်ဘူး။ အလုပ်တွေက လွယ်လွယ်လက်ခံပြီး မကြိုက်လည်း ပြန်ပြောင်းတာပေါ့လို့  လွယ်လွယ်လေးတွေးတာ မကောင်းဘူး။ စဉ်းစားစရာ အချက်တွေက အများကြီး။ ကိုယ့်ကို ထိုက်တန်တဲ့ လခပေးရဲ့လား၊ တိုးတတ်မှု့ ရှိမလား၊ ဘာတွေလေ့လာနိုင်မလဲ၊ လခကောင်းအုံး ကိုယ့်အတွက် ဘာတိုးတတ်မှု့ မှ မပေးနိုင်တဲ့ အလုပ်မျိုး လက်ခံမိမှာ အစိုးရိမ်ရဆုံးပဲ။ အလုပ်လုပ်ရမယ့် နေရာက ဘယ်နေရာမှာလည်းဆိုတာကတော့ နည်းနည် ထည့်စဉ်းစားမယ့် ရမယ်။

ပြောင်းမယ်ဆုံးဖြတ်လည်း ချင်ချင်းကြီး ပြောင်းမှဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးမဟုတ်တော့ အချိန်အေးဆေးယူပြီး အလုပ်ရှာရင် ရတယ်။ စဉ်းစားနေတာပါ။ လုပ်စရာတွေ ရှုပ်နေတဲ့ကြားထဲ အလုပ်ဆိုဒ်တွေ နေစဉ်ကြည့်၊ အီးမေးတွေပို့ ၊ ဟိုဘက်ကချိန်းရင် အင်တာဗျူးသွား ဘာညာတွေလုပ်ဖို့  စိတ်အင်အား၊တွန်းအား ရှိပါ့မလား။ မသေချာဘူး။

တိုင်ပင်သင့်တဲ့ သူနဲ့ လည်း တိုင်ပင်ရအုံးမယ်။ ဘာပဲဖြစ်ဖြစ် နှစ်အတော်ကြာ မထိမကိုင်တာ ကြာနေပြီဖြစ်တဲ့ CV လေး Update လုပ်ဖို့  အရင်ကြိုးစား လိုက်အုံးမယ်။

9 comments:

ZT said...

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အင်တာသွားဗျူးတော့ စာမေးပွဲ ဖြေရတယ်။ ဖြေရတာက VB, JAVA, C++, UNIX, Oracle, Logic အစုံပဲ။ Multiple Choice ဖြေရတာ။ Result ထွက်လာတော့ ရယ်ရတယ်။ ကိုယ်ကျွမ်းတဲ့ VB နဲ့ C++ က အမှတ်ကောင်းကောင်း မရဘဲ ကိုယ်သိပ်မကျွမ်းတဲ့ UNIX က အမှတ်ပြည့်ရနေတယ်။ နောက်တော့ တစ်ယောက်က စာရွက်ကြီးကိုင်ပြီး .NET ကို ပါးစပ်ကနေ မေးတယ်။ သူလည်း ဖောရှောပဲ။ ကျွန်တော့်ကို မေးတုန်းကတော့ ပေါက်တတ်ကရတွေ လျှောက်မေးပြီး တကယ်တမ်း အလုပ်တွဲလုပ်တော့ .NET ကို တကယ်လည်း မရေးတတ်ဘူး။ :D

Rita said...

မစဉ်းစားချင်ဘူး။
မြန်မာပြည်မှာတုန်းကတော့ အလုပ်ပြောင်းလာတာ ထမင်းစားရေသောက်လိုပဲ။ ဒီမှာကျ အဲလို မဟုတ်တော့ပြန်ဘူး။

မနေ ရေးထားတဲ့ (လုပ်စရာတွေ ရှုပ်နေတဲ့ကြားထဲ အလုပ်ဆိုဒ်တွေ နေစဉ်ကြည့်၊ အီးမေးတွေပို့ ၊ ဟိုဘက်ကချိန်းရင် အင်တာဗျူးသွား ဘာညာတွေလုပ်ဖို့  စိတ်အင်အား၊တွန်းအား ရှိပါ့မလား။ မသေချာဘူး။) ဆိုတာကိုတော့ တကယ်ခံစားလို့ရတယ်။

nyimuyar said...

friend,
I like your mind set of
(အင်တာဗျူးတွေ သွားမယ်ဆို၊ စိတ်ဓာတ်ခိုင်မာဖို့ လိုတယ်။ သူတို့ မေးတာတွေ ကိုယ်မသိတိုင်း ကိုယ်ညံ့တာမျိုး မဟုတ်သလို၊ သူတို့ ကိုယ့်ကိုမခန့် တိုင်း ကိုယ်အသုံးမကျတာမျိုး မဟုတ်ဘူးဆိုတာ အရင်ဆုံး နားလည် ထားရတယ်။ ဒါပေမယ့်... မေးလာတာတွေထဲမှာ သိသင့်တာကို မသိလို့  မပြောနိုင် မဖြေနိုင်တာမျိုးဆိုရင်တော့ ကိုယ်မှာ လိုအပ်ချက်တွေ ရှိနေပြီဆိုတာကို ခွဲခြားမြင်နိုင်ရမှာပေါ့လေ။)

Htoo Tay Zar said...

ကျွန်တော်နဲ့ အကျင့်တူတယ် အမ.. ကျွန်တော်ဆိုလဲ ရင့်တယ် ကိုယ်လုပ်ချင်တာ ၀ါသနာပါတဲ့ department မလုပ်ရရင် ခေါ်လဲ မလုပ်ဘူး..

khin oo may said...

ဘာဘဲဖြစ်ဖြစ်အဆင်ပြေပါစေ။

MrDBA said...

ပြောင်းဗျို့ .. တစ်နေ့တစ်နေ့ အလုပ်ချည်း လုပ်နေရတာ ကျွန်တော်ဆို အိမ်ပြန်ရောက်ရင် ပရိုဂရမ်တောင် မစဉ်းစားချင်တော့ဘူး။ သူများတွေလို ဘာစမ်းမယ် ညာစမ်းမယ် ..မလုပ်ချင်တော့ဘူး။ ရုံးမှာ အကုန်သုံးခဲ့ပြီ။ အိမ်မှာ နားဘဲ နားချင်တော့တယ်။ အဆင်ပြေပါစေဗျား

GreenGirl said...

အတွေးတူနေတယ်။ "ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်တာပေါ့။ အရှုံးမရှိပါဘူး" လို့ တွေးပြီး ညတိုင်း မေးလ်ပို့နေတယ် :)

Nay Nay Naing said...

တိုက်တွန်းအားပေးကြတာ ကျေးဇူးပါ။
ခုရက်ပိုင်း အလုပ်တွေများနေတာနဲ့  ခုချိန်ထိ CV ပြန်မရေးရသေးဘူး။

Unknown said...

Hi Nay Nay,

Let me know the singapore job website. I know only three which are www.jobstreet.com.sg, www.jobsdb.com.sg, http://jobs.st701.com.
let me know the rest of job websites.