Pages

May 26, 2010

သေချာတယ် မင်းကိုသိပ်ချစ်တယ်.

FB ထဲက သူငယ်ချင်းတစ်ယောက်က ဒီသီချင်းစာသားတချို့ တင်ပြီး သီချင်းခေါင်းစဉ်ဘာလဲ၊ ဘယ်သူဆိုတာလဲ မေးထားလို့  ပြန်နားထောင် ဖြစ်သွားတယ်။ စာသား မြင်တာနဲ့ ဘယ်သူဆိုတယ် ဆိုတာ မှတ်မိတယ်။ မဆိုးဘူး။ တော်တယ် (ကိုယ့်ဘာသာချီးကျူးလိုက်တယ်) အဲဒီသီချင်းအခွေကို လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်က သူငယ်ချင်း တစ်ယောက်ပြလို့  နားထောင်ဖြစ်သွားခဲ့တာ။ ဒီသီချင်း မဆိုးဘူးဆိုပြီး သဘောကျတာနဲ့  ဒီမှာ တင်ခဲ့သေးတယ်။ ခုတခါ စာသားတွေ တင်လိုက်တယ်။ အဲဒီ အဖွဲ့ နဲ့  သက်ဆိုင်သူ.... သီချင်းတွေကို အားပေးနေပါတယ်လို့  ကြုံရင်ပြောပြလိုက်ပါ ;)

သိတ်ချစ်တယ် - Two Plus
ရင်တွေခုန်တာ ထိန်းမရခဲ့.. ငါမင်းကိုချစ်တဲ့အကြောင်းဖွင့်ပြောမိတော့
ငါ့ကိုချာချာလည်အောင်ဟားတိုက်ခဲ့ . ဒီစကားကို မင်းရင်ထဲ ခံစားချက်မဲ့
အိပ်မက်ရှည်ကြီးထဲ ငါ့ကိုအချိန်တွေကုန်အောင်နှိပ်စက်နေခဲ့

ဘယ်လိုပြောပြရမယ် မင်းကိုချစ်တဲ့အကြောင်း
ယုံအောင်ပြောဖို့ ခက်တယ် မင်းရဲ့သံသယစိတ်တွေကြောင့်
မင်းတစ်ယောက်တည်း ချစ်တာ.. မပြောင်းလဲမယ့် ကိုယ့်အချစ်များ
တကယ်ပါ ရင်ခွင်မှာ စိုးမိုးလွန်း.. အချိန်မှန် မင်းရဲ့အပြုံးနဲ့ စကားသံများရယ်....
အမြဲတမ်းပဲ စွဲလမ်းနေခဲ့တယ်... သေချာတယ် မင်းကိုသိပ်ချစ်တယ်.

ရင်မှာတကယ်ကိုစိုးရွံ့ ခဲ့ မင်းစိတ်ဆိုးကာ ငါ့ကို မုန်းမယ်နေ့ 
ငါလေသိလိုက်တယ် တနေ့ ကပဲ .. မျှော်လင့်ချက်မဲ့တဲ့ မင်းရဲ့စကားများနဲ့ 
စိတ်ညစ်နေလည်းပဲ မင်းအသံကြားရင် ပြုံးမိတယ်
ယုံအောင်ပြောဖို့ ခက်တယ် မင်းကိုချစ်တဲ့အကြောင်း
ဘယ်လိုပြောပြရမယ် မင်းရဲ့ သံသယစိတ်တွေကြောင့်
မင်းတစ်ယောက်တည်း ချစ်တာ.. မပြောင်းလဲမယ့် ကိုယ့်အချစ်များ
တကယ်ပါ ရင်ခွင်မှာ စိုးမိုးလွန်း.. အချိန်မှန် မင်းရဲ့အပြုံးနဲ့ စကားသံများရယ်....
အမြဲတမ်းပဲ စွဲလမ်းနေခဲ့တယ်... သေချာတယ် မင်းကိုသိပ်ချစ်တယ်.


အားနေတယ်။ ဒီညနေ အလုပ်လုပ်ရမယ်၊ မပြန်ရသေးဘူး။ အခု ညနေစာ ထမင်းသွားစားမယ်။ ပြန်လာရင် တခြားစိတ်ကူး တည့်တာတွေ ဆက်ရေးချင် ရေအုံးမယ်။

2 comments:

khin oo may said...

ဘာစားတုံး။

Anonymous said...

ကြက်ကြော်တစ်တုံး.. ခေါင်းကိုက်နေတယ်။ စားချင်စိတ်သိပ်မရှိဘူး..