Pages

September 08, 2009

2 Days of TOIL

T.O.I.L

၂၉-၀၈-၂၀၀၉ (စနေ နေ့ ) မှာ နေ့ တစ်ဝက် နဲ့ 
၃၁-၀၈-၂၀၀၉ (တနင်္လာနေ့ ) ည အလုပ်လုပ်ရတဲ့ အတွက်

Time-Off-In-Lieu - 2 Days

ခွင့် ၂ ရက် အစား ပြန်ယူလို့ ကြောင်း အကြောင်းကြား လာပါတယ်။

သြဂတ်စ် ၃၁ ရက် ညက အလုပ်လုပ်ရတာ စက်တင်ဘာ ၁ ရက်နေ့  နေ့ လည် ၁၂ လောက်မှ ပြီးတယ်။ ထမင်းသွားစား ဘာညာနဲ့  အိမ်ပြန်ရောက်တော့ နေ့ လယ် ၂ နာရီလောက်ရှိပြီ။ မထူးပါဘူး ညနေ ၆ နာရီမှ ပြန်ပါတော့ဆို ပြောမလာပါဘူး။ ပြောလာရင်လည်း အားလုံးက ပြဿနာပြန်ရှာတော့မှာ သိနေတယ် ထင်ပါတယ်။ အလုပ်အနေနဲ့ ဆို ဒီလောက် ဆက်တိုက် တစ်ခါမှ မလုပ်ဖူးဘူး။ အလွန်ဆုံး လုပ်ဖူးတာ မနက် ၂ နာရီ - ၃ နာရီ။ ပထမဆုံး အလုပ်တုန်းက Server Down လို့  ၃ -၄ နာရီထ အလုပ်လုပ် မနက် အလုပ်ဆက်သွား ဆိုတာမျိုးတွေလည်း ရှိခဲ့ဖူး ပါတယ်။အင်း... ကျောင်းတတ်တုန်းက ကိုယ့်ဘာသာ နေ့ မအိပ် ညမအိပ် စာလုပ်ရတဲ့ အချိန်တွေတော့ ရှိဖူးတာပေါ့လေ။ ကျောင်းနဲ့  အလုပ်နဲ့  တူတာမှ မဟုတ်တာ။

အဲဒီနေ့ က အလုပ်လုပ်ရတာ အရမ်း ပင်ပန်းလားဆို သိပ်မပင်ပန်းပါဘူး။ တစ်ညလုံး Program ထိုင်ရေးနေရတာ မဟုတ်တော့ ဦးနှောက်လည်း မခြောက်ဖူး။ ပြဿနာက ကိုယ့်ပြဿနာလည်း မဟုတ်တော့ စိတ်လည်း မရှုပ်ရဘူး။ ဒါပေမယ့် တစ်ချိန်လုံး ထိုင်နေရတဲ့ အတွက် ညောင်းတာ၊ နှုန်းတာလောက် တော့ရှိတယ်။ နောက်တစ်နေ့  တခြားသူတွေ မျက်လုံးတွေနီရဲပြီး တ၀ါးဝါးသန်းနေတဲ့ အချိန် ကိုယ်က အေးအေးဆေးဆေးပဲ။ ဒီလိုကြတော့လည်း အအိပ်မမက်တာ၊ အိပ်ပျက်ခံနိုင်တာ၊ ပေပေတေတေ နေတတ်တာ အတော်လေး ကောင်းသားလို့  တွေးမိပါရဲ့။ မန်နေဂျာကတော့ ပြောတယ်။ ငယ်သေးလို့  ဒီလို ခံနိုင်တာတဲ့။ သူတို့ အရွယ်ဆို ခံနိုင်တော့မှာ မဟုတ်ဘူးတဲ့။ ဖြစ်နိုင်ပါတယ်။ အခုတောင် ဟိုးအရင် ၇-၈နှစ်ကျော် ကျောင်းတတ်တုန်းကလောက်လို အိပ်ပျက်ခံ ပေတေ မနေနိုင်တော့ဘူး။

အခု ခွင့် ၂ ရက် ယူခွင့် ရတာ အတော်ပဲ ဖြစ်သွားတယ်။ လုပ်စရာလေးတွေရှိလို့  ခွင့်ယူဖို့  စဉ်းစားနေတာ၊ ခုတော့ Annual Leave ထဲက ယူသုံးဖို့  မလိုတော့ဘူး။ ဒါနဲ့  လာမယ့် တစ်ပတ်ကျော် တနင်္ဂလာနေ့  (၂၁-၀၉-၀၉) က Holiday ပဲ။ ၃ ရက် အားမယ်။ တနင်္ဂနွေက Hari Raya (၂၀-၀၉-၀၉) မို့  တနင်္လာ ပိတ်တာ။ ပြောသာ ပြောတာ ဒီနိုင်ငံမှာ အားလပ်ရက်တွေစွတ်ရလည်း အလုပ်မသွားရတာသာရှိတာ တခြားဘာမှ ထူးထူးခြားခြား လုပ်စရာလည်း မရှိဘူး။ ခရီးသွားဆိုရင်လည်း ကိုယ်နဲ့ အတူသွားမယ့်သူက မရှိ။ မိသားစုတွေ ချစ်တဲ့သူတွေ အနားမှာ ရှိရင်တော့ ကောင်းမှာပေါ့။ ခုတော့ ပျင်းစရာ ကောင်းတာ။ ရုပ်ရှင်ကြည့်လို့  မပြောနဲ့  .. ရိုးနေပြီ။ စာဖတ်လို့  လည်း မပြောနဲ့ ။ အဲဒါက ပိုတောင် ပျင်းဖို့ ကောင်းသေး။ အင်း.. ရေးရင်တောင် ပျင်းလာပြီ။ တော်ပြီ။ အလုပ် ဆက်လုပ် လိုက်အုံးမယ်။

5 comments:

khin oo may said...

အဲသလိုပျင်းရတာကိုက အရသာ.....

Vista said...

ဖတ်ရတာတောင်ပျင်းလာပြီ.. ..ကျနော်လည်းမိုးလင်းအလုပ်လုပ်ဖူးတယ်
ရိုးနေပြီ ..
ကိုယ့်ပြဿနာမဟုတ်ရင်တော့အေးဆေး
server down လို့  Stress အပြည့် နဲ့ လုပ်ရတဲ့အခါဆိုမလွယ်ဘူးနော်

ThuHninSee said...

ဆန်အိတ်ကို ဆယ်ထပ်တိုက်ပေါ်ကနေ မှောက်ချလိုက်..ပြီးရင် တစ်စေ့ချင်း ပြန်ကောက်ပြီး အပေါ်ထပ်က အိတ်ထဲပြန်ထည့်။
း)

Thant said...

ဟုတ်တယ်နော်..အလုပ်ကလွဲပြီး ဘာမှလုပ်စရာမရှိတော့ ရုံးပိတ်ရက်ရှည်ရတာ ပျင်းဖို့ကောင်းတယ်...။

Rita said...

တူတာ ဒါပေမဲ့ မပျင်းပါဘူး။
နက်ထဲ လျှောက်သွားရတာ ကြိုက်ပါတယ်။
အပြင်လျှောက်သွားရတာ မကြိုက်ပါဘူး။
ခြေညောင်းတယ်။