Pages

September 28, 2009

အရင်လိုပါပဲ...

အရင်လိုပါပဲ။
အလုပ်များတဲ့ အခါများ၊ အတွေးများတဲ့ အခါများ၊ အလုပ်မများ အတွေးမပွါးတဲ့ အချိန်တွေကျပြန်တော့ စာနာစိတ်နဲ့  အနားပေး။ ကိုယ်၊ စိတ် နှစ်မျိုးလုံး။ အလွန်ပိုရင် မကောင်းတဲ့ အရာတွေမှာ ကိုယ့်ကိုကိုယ် သနားတဲ့စိတ်က ထိပ်ဆုံးမှာ ရှိတယ်ဆိုပေမယ့် နည်းနည်းတော့လည်း ရှိဖို့ လိုတယ်။ ;) မပိုစေနဲ့  လိုသလောက်လေး။

တစ်ပတ် ၅ ရက် - တစ်ရက် ၉-၁၀ နာရီလောက် အလုပ်လုပ်။ အိမ်ပြန်ရောက်တော့ ထမင်းစား၊ ကွန်ပြူတာ ကလိရင်းတိုက်ရင်းကြည့်ရင်းစဉ်းစားရင်းပြော။ တစ်ခါတလေ စာဖတ်။ ရေမိုးချိုး.. သန်းခေါင်ကျော်မှာ အိပ်ရာဝင်။ ပုံမှန်လို နေဖြစ်တယ်။ အကြောင်းကိစ္စရှိတဲ့အခါ သူငယ်ချင်းတွေနဲ့ တွေ့ ။ တစ်ပတ် နှစ်ရက်ရတဲ့ အားလပ်ရက်တွေမှာကြတော့ အပြင်မထွက်ဖြစ်သလောက်ပဲ။

သီချင်းကို အရင်ကထက် ပိုနားထောင်ဖြစ်တယ်။ လေ့လာမယ်၊ ဖတ်ကြည့်မယ် ဆုံးဖြတ်ထားတဲ့ စာတွေ အစပျိုးသလို နည်းနည်းခြင်းစီ ဖတ်ဖြစ်နေတယ်။ ပျိုးနေတာ နည်းနည်းကြာပြီ။ မလိုဘူးထင်တာတွေ သိပ်မလုပ်ဖြစ်ဘူး။့် ဂိမ်းတော့ ဆော့တယ် :"> အလွန်အကျွံမဟုတ်ရင် ဖြစ်တာပဲ။ ကွန်ပြူတာနဲ့  နည်းနည်း ခွါခွါနေဖြစ်တဲ့ အချိန်တွေလည်း ရှိလာတယ်။ အများကြီး ထူးခြားတာ မရှိပါဘူး...

ဒါနဲ့  ဒီနေ့  လာမယ့် ၃၀ ရက်နေ့  အတွက် UAT Sign Off လုပ်ပြီးဆိုတော့ အလုပ် နည်းနည်းပါးတယ်...

4 comments:

rose of sharon said...

နေ့တဓူဝ ကိစ္စတွေပေါ့....

khin oo may said...

ကြားရတာ ဝမ်းသာတယ။်

MrDBA said...

ကျွန်တော့်မှာတော့ UAT ပြီးအောင် နောက်ကတွန်းနေရတယ်။ မြန်မြန် ကေ့စ်ကလို့စ် ချင်ပြီ။

ကြည် said...

အရင်ကထက် ပိုနားထောင်ဖြစ်တဲ့ သီချင်းလေးတွေ မျှဝေပေးပေါ့...